【 အားကစား 】 ကာရာဘောင်မှာ အိမ်ရှင် အာဆင်နယ်ကို မကျေပွဲပြန်နွှဲမယ့် စပါး

【 အားကစား 】 ကာရာဘောင်မှာ အိမ်ရှင် အာဆင်နယ်ကို မကျေပွဲပြန်နွှဲမယ့် စပါး

ယနေ့ည ၂ နာရီ ၁၅ မိနစ်မှာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ ပွဲကို အမ်းမရိတ်စ်ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

မကြာခင်က  ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် အာဆင်နယ် ကွင်းမှာ ဒီနှစ်သင်း ကစားခဲ့စဉ်က အာဆင်နယ်အသင်းက ၄-၂ နဲ့ အနိုင်ရခဲ့တဲ့အတွက် အခု လူသစ်တွေထုတ်ကစားတဲ့ ဒီပွဲမှာ စပါးက နှစ်ခါအရှုံးမပေးရဖို့ ပြင်ဆင်လာနိုင်တဲ့အတွက် ဘယ်အသင်းနိုင်မယ်လို့ ကြိမ်းသေတွက်လို့မရဘဲ ဘောလုံးမှာ တစ်ခါတစ်လေ မထင်တာတွေ ဖြစ်တတ်လို့ ဒီမကျေပွဲမှာ စပါးအသင်းက ပိုပြီးအားထည့်ကစားဖို့က သေချာနေပါတယ်။

အိမ်ရှင် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အော်ဘာမီယန်း၊ လာကာဇက်တီ၊ ကွင်းလယ်က ဂွမ်ဒိုဇူ၊ တော်ရဲရား၊ မက်ခီတာရန်၊ ဇာခါ တို့ ခြေမှန်နေသလို့ ယခုနောက်ပိုင်းပွဲတွေမှာ အော်ဘာမီယန်း ဂိုးတွေသွင်းပြီး ခြေစွမ်းပြနေလို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ မထင်မှတ်ဘဲ ဇယားအောက်ဆုံးက ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၃-၂ နဲ့ ရှုံးခဲ့လို့ အဆင့် ၃ နေရာကို လန်ဒန် ခါးသီးပြိုင်ဘက် စပါးလက်ထဲ ပေးခဲ့ရပါတယ်။ယခုရာသီမှာ အမှတ်ပေးပွဲ ၁၇ ပွဲ ကစားပြီးချိန်အထိ အာဆင်နယ်အသင်း ၁၀ ပွဲနိုင် ၄ ပွဲသရေ၊ ၃ ပွဲရှုံးထားပြီး ရမှတ် ၃၇ မှတ်နဲ့ ချယ်လ်ဆီး အောက်  အဆင့်-၅ နေရာမှာ ရပ်တည်နေပါတယ်။အိမ်ကွင်း ၉ ပွဲမှာ ၆ ပွဲ နိုင် ၂ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားပါတယ်။အိမ်ကွင်းရဂိုး ၁၇ ဂိုးသွင်းကာ ၈ ဂိုးပေးထားရပါတယ်။လတ်တလော ကစားထားတဲ့  အိမ်ကွင်း ၅ ပွဲမှာ ၂ ပွဲသရေကျကာ ၃ ပွဲနိုင်ထားပါတယ်။

ဧည့်သည်အဖြစ် လာကစားမယ့် စပါးအသင်းကတော့ အဲရစ်ဆင်၊ ဒယ်လီအလီ တို့ လူစုံလာတာနဲ့အတူ နိုင်ပွဲဆက်မှုဟာ အာဆင်နယ်နဲ့ အတွေ့မှာ ရပ်တန့်ခဲ့ပါတယ်။ချန်ပီယံလိဂ် အုပ်စုပွဲစဉ် နောက်ဆုံးမှာ ဘာစီလိုနာကို သရေကစားခဲ့သလို ပရီမီးယားလိဂ် ပွဲစဉ် ၁၆ မှာ ဘန်လေအသင်းကို ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရခဲ့တဲ့အတွက် လတ်တလောမှာ စပါး ခြေစွမ်းကျဆင်းနေတာကို တွေ့ရပါတယ်။ယခုရာသီမှာ အမှတ်ပေးပွဲ ၁၇ ပွဲ ကစားပြီးချိန်အထိ စပါးအသင်း ၁၃ ပွဲနိုင် ၄ ပွဲရှုံးထားပြီး ရမှတ် ၃၉ မှတ်နဲ့ လီဗာပူးလ် အောက် အဆင့်-၃ နေရာမှာ ရပ်တည်နေပါတယ်။အဝေးကွင်း ၁၀ ပွဲမှာ ၈ ပွဲ နိုင် ၂ ပွဲရှုံးနိမ့်ထားပြီး ရဂိုး ၁၉ ဂိုးသွင်းကာ ၁၀ ဂိုးပေးထားရပါတယ်။လတ်တလော ကစားထားတဲ့ အဝေးကွင်း ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။

ဒီနှစ်သင်း အာဆင်နယ် ကွင်းမှာ တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင် အိမ်ရှင် အာဆင်နယ်က ၃ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားပါတယ်။နောက်ဆုံးတွေ့ဆုံမှုမှာ အာဆင်နယ်က သူ့အိမ်ကွင်းမှာ ၄-၂ နဲ့ အနိုင်ရထားပါတယ်။

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ အိမ်ရှင် အာဆင်နယ်အသင်းမှာ ဂိုး - ဘန်းလီနို၊ နောက်တန်း - ဘယ်လာရင်၊ ဆိုကရာတစ်၊ မူစတာဖီ၊ ရော့ဘ် ဟိုးလ်ဒင်း၊ အလယ်တန်း - တော်ရဲရား၊ ဇာခါ၊ အိုင်ဝိုဘီ၊ အိုဇေးလ် ၊ ရှေ့တန်း - လာကာဇက်တီ၊ အော်ဘာမီယန်း တို့ ပါဝင်လာဖွယ်ရှိနေပြီး၊

စပါးအသင်းမှာ ဂိုး - ဂါဇာနီဂါ၊ နောက်တန်း - ထရစ်ပီယာ၊ အန်ဒါဝီရယ်လ်၊ ဆန်းချက်ဇ်၊ ဗာတွန်ဂန်၊ အလယ်တန်း - အဲရစ်ဆင်၊ ဟယ်ရီဝင့်စ်၊ လူးကပ်စ်မိုရာ၊ ဒယ်လီအလီ၊ လာမယ်လာ၊ ရှေ့တန်း -ဟယ်ရီကိန်း တို့နဲ့ ပွဲထွက်လာဖို့ များနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အိမ်ရှင် အာဆင်နယ်ဘက်ကနေ သရေ ပြား ၂၀ အရှုံးထိပေးထားပြီး ဂိုးပေါင်းကို သုံးလုံး ပြား ၃၀ အရှုံးပေးထားပါတယ်။

အစဉ်အလာအရ အိမ်ရှင် အာဆင်နယ် သာပေမယ့် ပေးဂိုးများတဲ့ အာဆင်နယ် နောက်တန်းနဲ့ လက်ရှိခြေစွမ်းရယ်၊ ပထမတွေ့ဆုံမှုမှာ  အာဆင်နယ်က အနိုင်ယူထားတာကြောင့် စပါးအသင်းနဲ့ ဂိုးအများကို အားပေးသင့်ပါကြောင်း..........။

KON (SPORT)
ဒီဇင်ဘာ - ၁၉

( Zawgyi )

ယေန႔ည ၂ နာရီ ၁၅ မိနစ္မွာ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္ပြဲအျဖစ္ အာဆင္နယ္နဲ႔ စပါးအသင္းတို႔ရဲ႕ ပြဲကို အမ္းမရိတ္စ္ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။

မၾကာခင္က  ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၄ အျဖစ္ အာဆင္နယ္ ကြင္းမွာ ဒီႏွစ္သင္း ကစားခဲ့စဥ္က အာဆင္နယ္အသင္းက ၄-၂ နဲ႔ အႏိုင္ရခဲ့တဲ့အတြက္ အခု လူသစ္ေတြထုတ္ကစားတဲ့ ဒီပြဲမွာ စပါးက ႏွစ္ခါအရႈံးမေပးရဖို႔ ျပင္ဆင္လာႏိုင္တဲ့အတြက္ ဘယ္အသင္းႏိုင္မယ္လို႔ ႀကိမ္းေသတြက္လို႔မရဘဲ ေဘာလုံးမွာ တစ္ခါတစ္ေလ မထင္တာေတြ ျဖစ္တတ္လို႔ ဒီမေက်ပြဲမွာ စပါးအသင္းက ပိုၿပီးအားထည့္ကစားဖို႔က ေသခ်ာေနပါတယ္။

အိမ္ရွင္ အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ေအာ္ဘာမီယန္း၊ လာကာဇက္တီ၊ ကြင္းလယ္က ဂြမ္ဒိုဇူ၊ ေတာ္ရဲရား၊ မက္ခီတာရန္၊ ဇာခါ တို႔ ေျခမွန္ေနသလို႔ ယခုေနာက္ပိုင္းပြဲေတြမွာ ေအာ္ဘာမီယန္း ဂိုးေတြသြင္းၿပီး ေျခစြမ္းျပေနလို႔ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ မွာ မထင္မွတ္ဘဲ ဇယားေအာက္ဆုံးက ေဆာက္သမ္တန္ကို အေဝးကြင္းမွာ ၃-၂ နဲ႔ ရႈံးခဲ့လို႔ အဆင့္ ၃ ေနရာကို လန္ဒန္ ခါးသီးၿပိဳင္ဘက္ စပါးလက္ထဲ ေပးခဲ့ရပါတယ္။ယခုရာသီမွာ အမွတ္ေပးပြဲ ၁၇ ပြဲ ကစားၿပီးခ်ိန္အထိ အာဆင္နယ္အသင္း ၁၀ ပြဲႏိုင္ ၄ ပြဲသေရ၊ ၃ ပြဲရႈံးထားၿပီး ရမွတ္ ၃၇ မွတ္နဲ႔ ခ်ယ္လ္ဆီး ေအာက္  အဆင့္-၅ ေနရာမွာ ရပ္တည္ေနပါတယ္။အိမ္ကြင္း ၉ ပြဲမွာ ၆ ပြဲ ႏိုင္ ၂ ပြဲသေရ၊ ၁ ပြဲရႈံးနိမ့္ထားပါတယ္။အိမ္ကြင္းရဂိုး ၁၇ ဂိုးသြင္းကာ ၈ ဂိုးေပးထားရပါတယ္။လတ္တေလာ ကစားထားတဲ့  အိမ္ကြင္း ၅ ပြဲမွာ ၂ ပြဲသေရက်ကာ ၃ ပြဲႏိုင္ထားပါတယ္။

ဧည့္သည္အျဖစ္ လာကစားမယ့္ စပါးအသင္းကေတာ့ အဲရစ္ဆင္၊ ဒယ္လီအလီ တို႔ လူစုံလာတာနဲ႔အတူ ႏိုင္ပြဲဆက္မႈဟာ အာဆင္နယ္နဲ႔ အေတြ႕မွာ ရပ္တန႔္ခဲ့ပါတယ္။ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ ေနာက္ဆုံးမွာ ဘာစီလိုနာကို သေရကစားခဲ့သလို ပရီမီးယားလိဂ္ ပြဲစဥ္ ၁၆ မွာ ဘန္ေလအသင္းကို ခက္ခက္ခဲခဲကစားၿပီးမွ အႏိုင္ရခဲ့တဲ့အတြက္ လတ္တေလာမွာ စပါး ေျခစြမ္းက်ဆင္းေနတာကို ေတြ႕ရပါတယ္။ယခုရာသီမွာ အမွတ္ေပးပြဲ ၁၇ ပြဲ ကစားၿပီးခ်ိန္အထိ စပါးအသင္း ၁၃ ပြဲႏိုင္ ၄ ပြဲရႈံးထားၿပီး ရမွတ္ ၃၉ မွတ္နဲ႔ လီဗာပူးလ္ ေအာက္ အဆင့္-၃ ေနရာမွာ ရပ္တည္ေနပါတယ္။အေဝးကြင္း ၁၀ ပြဲမွာ ၈ ပြဲ ႏိုင္ ၂ ပြဲရႈံးနိမ့္ထားၿပီး ရဂိုး ၁၉ ဂိုးသြင္းကာ ၁၀ ဂိုးေပးထားရပါတယ္။လတ္တေလာ ကစားထားတဲ့ အေဝးကြင္း ၅ ပြဲမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးထားပါတယ္။

ဒီႏွစ္သင္း အာဆင္နယ္ ကြင္းမွာ ေတြ႕ဆုံမႈ ေနာက္ဆုံး ၅ ႀကိမ္ကို ျပန္ၾကည့္မယ္ဆိုရင္ အိမ္ရွင္ အာဆင္နယ္က ၃ ပြဲႏိုင္ၿပီး ၂ ပြဲသေရက်ထားပါတယ္။ေနာက္ဆုံးေတြ႕ဆုံမႈမွာ အာဆင္နယ္က သူ႔အိမ္ကြင္းမွာ ၄-၂ နဲ႔ အႏိုင္ရထားပါတယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ အိမ္ရွင္ အာဆင္နယ္အသင္းမွာ ဂိုး - ဘန္းလီႏို၊ ေနာက္တန္း - ဘယ္လာရင္၊ ဆိုကရာတစ္၊ မူစတာဖီ၊ ေရာ့ဘ္ ဟိုးလ္ဒင္း၊ အလယ္တန္း - ေတာ္ရဲရား၊ ဇာခါ၊ အိုင္ဝိုဘီ၊ အိုေဇးလ္ ၊ ေရွ႕တန္း - လာကာဇက္တီ၊ ေအာ္ဘာမီယန္း တို႔ ပါဝင္လာဖြယ္ရွိေနၿပီး၊

စပါးအသင္းမွာ ဂိုး - ဂါဇာနီဂါ၊ ေနာက္တန္း - ထရစ္ပီယာ၊ အန္ဒါဝီရယ္လ္၊ ဆန္းခ်က္ဇ္၊ ဗာတြန္ဂန္၊ အလယ္တန္း - အဲရစ္ဆင္၊ ဟယ္ရီဝင့္စ္၊ လူးကပ္စ္မိုရာ၊ ဒယ္လီအလီ၊ လာမယ္လာ၊ ေရွ႕တန္း -ဟယ္ရီကိန္း တို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အိမ္ရွင္ အာဆင္နယ္ဘက္ကေန သေရ ျပား ၂၀ အရႈံးထိေပးထားၿပီး ဂိုးေပါင္းကို သုံးလုံး ျပား ၃၀ အရႈံးေပးထားပါတယ္။

အစဥ္အလာအရ အိမ္ရွင္ အာဆင္နယ္ သာေပမယ့္ ေပးဂိုးမ်ားတဲ့ အာဆင္နယ္ ေနာက္တန္းနဲ႔ လက္ရွိေျခစြမ္းရယ္၊ ပထမေတြ႕ဆုံမႈမွာ  အာဆင္နယ္က အႏိုင္ယူထားတာေၾကာင့္ စပါးအသင္းနဲ႔ ဂိုးအမ်ားကို အားေပးသင့္ပါေၾကာင္း..........။

KON (SPORT)
ဒီဇင္ဘာ - ၁၉