【 အားကစား 】၂၀၁၉ ခုနှစ် ပရီးမီးယားလိဂ်၏ စုစုပေါင်းပြောင်းရွှေ့ကြေးပေါင် ၁ ဘီလျံကျော်

  【 အားကစား 】၂၀၁၉ ခုနှစ် ပရီးမီးယားလိဂ်၏ စုစုပေါင်းပြောင်းရွှေ့ကြေးပေါင် ၁ ဘီလျံကျော်

ယခုနှစ် ရာသီအတွက် ပရီးမီးယားလိဂ်ဘောလုံးကလပ်များအတွက် စုစုပေါင်းပြောင်းရွှေ့ကြေးသည် ပေါင် ၁ ဒသမ ၄၁ ဘီလီယံ အထိရှိခဲ့ ပါတယ်။ ယင်းပမာဏဟာ ၂၀၁၇ ခုနှစ်၏ ပေါင် ၁ ဒသမ ၄၃ ဘီလီယံအထိအောက် လျော့နည်းနေပါသေးတယ်။အပြောင်းအရွှေ့ ကာလေ နာက်ဆုံးနေ့ တစ်နေ့တည်းမှာပင်  ပေါင် သန်း ၁၇၀ အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ်အတွင်းပြောင်းရွှေ့ကြေးများအနက်တန်ဖိုးအများဆုံးကတော့ အာဆင်နယ် ရှေ့တန်းလူ အဲလက်စ်အိုဝိုဗီ ကို အဲဗာတန် ကပေါင် ၃၄ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီးအခြားလိဂ်များနဲ့ ပြောင်းရွှေ့မှုမှာတော့ မန်ချက်စတာမှ ရိုမီလူလူကာကူကိုအင်တာမီလန်ကပေါင် ၇၄ သန်း ဝယ်ယူသွားတာ ဖြစ်ပါတယ်။ မန်ယူအနေနဲ့ လူကာကူကိုအဲဗာတန်မှ ဝယ်ယူခဲ့စဉ်ထက် ပေါင် ၁ သန်းဆုံးရှုံးသွားခဲ့ပါတယ်။

အင်္ဂလန်မှာတော့ အာဆင်နယ်ကယခုနှစ်အတွက် ပြောင်းရွှေ့ကြေးငွေအများဆုံးသုံးစွဲခဲ့တာဖြစ်ပြီးပေါင် ၁၅၅ သန်းရှိရာမှာနောက်ဆုံးနေ့က ဆဲလ်တစ် အောက်တန်းဘယ်အစွန်လူကီရာရန်တီရာနီကိုပေါင် ၂၅ သန်း၊ ချယ်လ်ဆီးနောက်တန်းအလယ်လူဒေးဗစ်လုဇ်ကိုပေါင် ၈ သန်းနဲ့ ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။

တော့တင်ဟန်အသင်းကရီးယဲဘက်တစ်၏ အလယ်တန်းလူဂီရိုဘန်နီလိုဆယ်လ်ဆိုကိုအငှားခေါ်ယူခဲ့သလိုဖူဟန်အသင်းရဲ့ တောင်ပံ ကစား သမား ရိုယန်ဆက်ဆန်နွန်ကိုပေါင် ၂၅ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ ဂျူဗင်တပ်ကရှေ့တန်းကစားသမားပေါ်လိုဒီဘာလာကိုခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးနေ့အထိအဆင်မပြေခဲ့ပါဘူး။

ဝက်ဖို့ဒ် အသင်းကလည်း ရင်နစ်ဝင်းဂါးအစ်စမေလီယာဆားကို ပေါင် ၂၅ သန်းနဲ့ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ လက်စတာစီးတီးကတော့ ဆမ်ဒိုးရီးယားရဲ့ အလယ်တန်းတိုက်စစ်မှူး ဒင်းနစ်ပရာရက်ကိုပေါင် ၁၈ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ပရီးမီးယားကလပ် အသင်း ၂၀အနက် ၁၁ သင်းကအပြောင်းအရွှေ့ကြေးများကိုယခုနှစ်အတွင်းစံချိန်တင် သုံးစွဲခဲ့ရာမှာအာဆင်နယ်၊ အက်တန်ဗီလာ၊ လက်စတာစီးတီး (နှစ်ကြိမ်)၊ မန်ချက်စတာစီးတီး၊ နယူးကာဆယ်၊ ဆောက်သမ်တန်၊ တော့တင်ဟန်၊ ဝက်ဖို့ဒ်၊ ဝက်စ်ဟန်း၊ ဝုဖ်စ်အသင်းနဲ့ ရှက်ဖီးယူနိုက်တက်(၄ကြိမ်)  တို့ဖြစ်ပါတယ်။

ကစားတစ်ဦးချင်းအတွက် အများဆုံးပြောင်းရွှေ့ကြေးများကတော့ ဟာရီမက်ဂူရီကလက်စတာစီးတီးမှ မန်ချက်စတာယူနိုက်တက်သို့ ပေါင် သန်း၈၀ ဖြင့်လည်းကောင်း၊ လီလီအသင်းမှာတောင်ပံစကားသမားနီကိုးလက်စ်ပက်ပီကိုအာဆင်နယ်ကပေါင် ၇၂ သန်းနဲ့ ဝယ်ယူခဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။

Linko
Ref:BBC
လန်ဒန်၊သြဂုတ် ၉

(  Zawgyi  )

 ယခုႏွစ္ ရာသီအတြက္ ပရီးမီးယားလိဂ္ေဘာလုံးကလပ္မ်ားအတြက္ စုစုေပါင္းေျပာင္းေ႐ႊ႕ေၾကးသည္ ေပါင္ ၁ ဒသမ ၄၁ ဘီလီယံ အထိရွိခဲ့ ပါတယ္။ ယင္းပမာဏဟာ ၂၀၁၇ ခုႏွစ္၏ ေပါင္ ၁ ဒသမ ၄၃ ဘီလီယံအထိေအာက္ ေလ်ာ့နည္းေနပါေသးတယ္။အေျပာင္းအေ႐ႊ႕ ကာေလ နာက္ဆုံးေန႔ တစ္ေန႔တည္းမွာပင္  ေပါင္ သန္း ၁၇၀ အထိစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ယခုႏွစ္ ပရီးမီးယားလိဂ္အတြင္းေျပာင္းေ႐ႊ႕ေၾကးမ်ားအနက္တန္ဖိုးအမ်ားဆုံးကေတာ့ အာဆင္နယ္ ေရွ႕တန္းလူ အဲလက္စ္အိုဝိုဗီ ကို အဲဗာတန္ ကေပါင္ ၃၄ သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ၿပီးအျခားလိဂ္မ်ားနဲ႔ ေျပာင္းေ႐ႊ႕မႈမွာေတာ့ မန္ခ်က္စတာမွ ႐ိုမီလူလူကာကူကိုအင္တာမီလန္ကေပါင္ ၇၄ သန္း ဝယ္ယူသြားတာ ျဖစ္ပါတယ္။ မန္ယူအေနနဲ႔ လူကာကူကိုအဲဗာတန္မွ ဝယ္ယူခဲ့စဥ္ထက္ ေပါင္ ၁ သန္းဆုံးရႈံးသြားခဲ့ပါတယ္။

အဂၤလန္မွာေတာ့ အာဆင္နယ္ကယခုႏွစ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးေငြအမ်ားဆုံးသုံးစြဲခဲ့တာျဖစ္ၿပီးေပါင္ ၁၅၅ သန္းရွိရာမွာေနာက္ဆုံးေန႔က ဆဲလ္တစ္ ေအာက္တန္းဘယ္အစြန္လူကီရာရန္တီရာနီကိုေပါင္ ၂၅ သန္း၊ ခ်ယ္လ္ဆီးေနာက္တန္းအလယ္လူေဒးဗစ္လုဇ္ကိုေပါင္ ၈ သန္းနဲ႔ ဝယ္ယူခဲ့ျခင္း ျဖစ္ပါတယ္။

ေတာ့တင္ဟန္အသင္းကရီးယဲဘက္တစ္၏ အလယ္တန္းလူဂီ႐ိုဘန္နီလိုဆယ္လ္ဆိုကိုအငွားေခၚယူခဲ့သလိုဖူဟန္အသင္းရဲ႕ ေတာင္ပံ ကစား သမား ႐ိုယန္ဆက္ဆန္ႏြန္ကိုေပါင္ ၂၅ သန္းနဲ႔ ဝယ္ယူခဲ့ပါတယ္။ ဂ်ဴဗင္တပ္ကေရွ႕တန္းကစားသမားေပၚလိုဒီဘာလာကိုေခၚယူဖို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးေန႔အထိအဆင္မေျပခဲ့ပါဘူး။

ဝက္ဖို႔ဒ္ အသင္းကလည္း ရင္နစ္ဝင္းဂါးအစ္စေမလီယာဆားကို ေပါင္ ၂၅ သန္းနဲ႔ ဝယ္ယူခဲ့တယ္လို႔ ဆိုပါတယ္။ လက္စတာစီးတီးကေတာ့ ဆမ္ဒိုးရီးယားရဲ႕ အလယ္တန္းတိုက္စစ္မႉး ဒင္းနစ္ပရာရက္ကိုေပါင္ ၁၈ သန္းနဲ႔ ဝယ္ယူခဲ့ပါတယ္။ပရီးမီးယားကလပ္ အသင္း ၂၀အနက္ ၁၁ သင္းကအေျပာင္းအေ႐ႊ႕ေၾကးမ်ားကိုယခုႏွစ္အတြင္းစံခ်ိန္တင္ သုံးစြဲခဲ့ရာမွာအာဆင္နယ္၊ အက္တန္ဗီလာ၊ လက္စတာစီးတီး (ႏွစ္ႀကိမ္)၊ မန္ခ်က္စတာစီးတီး၊ နယူးကာဆယ္၊ ေဆာက္သမ္တန္၊ ေတာ့တင္ဟန္၊ ဝက္ဖို႔ဒ္၊ ဝက္စ္ဟန္း၊ ဝုဖ္စ္အသင္းနဲ႔ ရွက္ဖီးယူႏိုက္တက္(၄ႀကိမ္)  တို႔ျဖစ္ပါတယ္။

ကစားတစ္ဦးခ်င္းအတြက္ အမ်ားဆုံးေျပာင္းေ႐ႊ႕ေၾကးမ်ားကေတာ့ ဟာရီမက္ဂူရီကလက္စတာစီးတီးမွ မန္ခ်က္စတာယူႏိုက္တက္သို႔ ေပါင္ သန္း၈၀ ျဖင့္လည္းေကာင္း၊ လီလီအသင္းမွာေတာင္ပံစကားသမားနီကိုးလက္စ္ပက္ပီကိုအာဆင္နယ္ကေပါင္ ၇၂ သန္းနဲ႔ ဝယ္ယူခဲ့ျခင္းတို႔ပဲ ျဖစ္ပါတယ္။

Linko
Ref:BBC
လန္ဒန္၊ၾသဂုတ္ ၉