【 အားကစား 】ဥရောပ ဝင်ခွင့်မျှော်လင့်ချက်ရှိတဲ့ အေစီမီလန်အသင်းနဲ့ လက်တွဲမယ်

【  အားကစား  】ဥရောပ ဝင်ခွင့်မျှော်လင့်ချက်ရှိတဲ့ အေစီမီလန်အသင်းနဲ့ လက်တွဲမယ်

ယနေ့ည ၁း၀၀ မှာ စီးရီးအေ ပွဲစဉ်(၃၆) ပွဲစဉ် အဖြစ် ဖီအိုရင်တီးနား အသင်း နဲ့ အေစီမီလန် အသင်းတို့ ဖီအိုရင်တီးနား ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

ဖီအိုရင်တီးနား အသင်းအနေနဲ့ စီးရီးအေပွဲစဉ် ၃၅ ပွဲ ယှဉ်ပြိုင်ကစားအပြီး ၈ ပွဲ နိုင်၊ ၁၆ ပွဲသရေ နဲ့ ၁၁ ပွဲရှုံးနိမ့်ကာ အမှတ် ၄၀ ရရှိပြီး အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။ဖီအိုရင်တီးနား အသင်းအနေနဲ့ အိမ်ကွင်း ကစားခဲ့တဲ့ ၁၇ ပွဲမှာ ၅ ပွဲ နိုင် ၈ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

အေစီမီလန် အသင်းအနေနဲ့ စီးရီးအေ ပွဲစဉ် ၃၅ ပွဲ ယှဉ်ပြိုင်ကစားအပြီး ၁၆ ပွဲ နိုင် ၁၁ ပွဲသရေကျကာ ၈ ပွဲ ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၅၉ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ဖီအိုရင်တီးနား အသင်းအနေနဲ့ အမှတ်ဇယားထိပ်မှာ ဦးအောင်နေတဲ့ အသင်းတွေနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အတ္တလန္တာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရိုးမား၊နာပိုလီ၊ အင်တာ အသင်းတို့နဲ့ သရေ ၊ ဂျူဗင်တပ်အသင်းကို ဝ-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။အေစီမီလန် အသင်းနဲ့ ပထမအကျော့ ယှဉ်ပြိုင် ကစား ခဲ့စဉ်က အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိအောင်စွမ်းဆောင်ထားပြီး နှစ်သင်းတွေ့ဆုံမှု အရ ၆ ပွဲနိုင် ၅ ပွဲ သရေ ၆ ပွဲ ရှုံးရလဒ်ကို ရရှိထားပါတယ်။အေစီမီလန်အသင်းနဲ့ကစား ခဲ့တဲ့ အိမ်ကွင်း နောက်ဆုံး  ၃ ပွဲမှာ ရှုံးနိမ့်မှုမရှိဘဲ ၁ ပွဲနိုင် ၂ သရေ ကျအောင်စွမ်းဆောင်နိုင်ခဲ့ ပါတယ်။

အေစီမီလန် အသင်းအနေနဲ့ ဥရောပ ဝင်ခွင့်မျှော်လင့်ချက် ရှိနေတဲ့ အတွက် အခုပွဲကို အားထည့် ကစားလာမှာ ဖြစ်ပါတယ်။ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ အင်တာ အသင်းနဲ့ ၄ မှတ်အကွာ၊ အဆင့် ၄ မှာ ရပ်တည် နေတဲ့ အတ္တလန္တာ အသင်းနဲ့ ၃ မှတ်ကွာ အနေအထားကို ရောက်ရှိနေပြီး ရိုးမား အသင်းနဲ့ အမှတ်တူ၊ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ တိုရီနိုအသင်းနဲ့ ၂ မှတ်အကွာ၊အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့  လာဇီယို အသင်းနဲ့ ၃ မှတ် အကွာ အနေအထားကို ရောက်ရှိနေတဲ့အတွက် အခုပွဲကို မဖြစ်မနေ အနိုင်ရရှိအောင် ရုန်းကန် လာမှာဘဲဖြစ်ပါတယ်။

သူ့ရဲ့အထက်မှာ ရပ်တည်နေတဲ့ အင်တာမီလန် အသင်းဟာ လက်ကျန်ပွဲစဉ်တွေအဖြစ် နာပိုလီ၊ အမ်ပိုလီ တို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အတ္တလန္တာ အသင်းအနေနဲ့ ဂျူဗင်တပ် ၊ ဆာဆူအိုလိုတို့နဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အေစီမီလန် အသင်းအနေနဲ့ အောက်တန်းဆင်းသွားရပြီဖြစ်တဲ့ ဖရိုစီနိုနီ၊ အမှတ်မလိုတော့တဲ့  စပဲလ် အသင်းတို့ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့ အတွက် ပွဲစဉ်အရ ပိုမို အားသာမှု များရှိနေပြီး သူ့ရဲ့ အထက်မှ အသင်းများ ခြေချော် လက်ချော် ဖြစ်ခဲ့ပါက ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ပါ မျှော်မှန်းနိုင်တဲ့ အတွက် အခုပွဲကို အားထည့်ကစား လာမှာ ဖြစ်ပါတယ်။

ဘွတ်ကီဒိုင်တွေက အေစီမီလန် ဘက်မှ သရေ ၃၀ အရှုံးပေးထားပြီး ဂိုးပေါင်း ၂ ဂိုး ၉၀ ပြား အရှုံးဖြစ်တဲ့ အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲ ဆက် နိုင်ပွဲပျောက်ဆုံးနေပြီး အမှတ်လိုအပ်ချက် မရှိတဲ့  ဖီအိုရင်တီးနား အသင်းကို ငြင်းပယ်ကာ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်အတွက် ရုန်းကန်လာမယ့် အေစီမီလန် အသင်းနဲ့ သာလက်တွဲ သင့်ပါကြောင်း----

KON(SPORT)

(   Zawgyi   )

 ယေန႔ည ၁း၀၀ မွာ စီးရီးေအ ပြဲစဥ္(၃၆) ပြဲစဥ္ အျဖစ္ ဖီအိုရင္တီးနား အသင္း နဲ႔ ေအစီမီလန္ အသင္းတို႔ ဖီအိုရင္တီးနား ရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ ကစားေတာ့မွာ ျဖစ္ပါတယ္။

ဖီအိုရင္တီးနား အသင္းအေနနဲ႔ စီးရီးေအပြဲစဥ္ ၃၅ ပြဲ ယွဥ္ၿပိဳင္ကစားအၿပီး ၈ ပြဲ ႏိုင္၊ ၁၆ ပြဲသေရ နဲ႔ ၁၁ ပြဲရႈံးနိမ့္ကာ အမွတ္ ၄၀ ရရွိၿပီး အဆင့္ ၁၃ မွာ ရပ္တည္ေနပါတယ္။ဖီအိုရင္တီးနား အသင္းအေနနဲ႔ အိမ္ကြင္း ကစားခဲ့တဲ့ ၁၇ ပြဲမွာ ၅ ပြဲ ႏိုင္ ၈ ပြဲသေရ၊ ၄ ပြဲရႈံးနိမ့္ခဲ့ပါတယ္။

ေအစီမီလန္ အသင္းအေနနဲ႔ စီးရီးေအ ပြဲစဥ္ ၃၅ ပြဲ ယွဥ္ၿပိဳင္ကစားအၿပီး ၁၆ ပြဲ ႏိုင္ ၁၁ ပြဲသေရက်ကာ ၈ ပြဲ ရႈံးနိမ့္ခဲ့ၿပီး ရမွတ္ ၅၉ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။

ဖီအိုရင္တီးနား အသင္းအေနနဲ႔ အမွတ္ဇယားထိပ္မွာ ဦးေအာင္ေနတဲ့ အသင္းေတြနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ အတၱလႏၲာအသင္းကို ၂-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ႐ိုးမား၊နာပိုလီ၊ အင္တာ အသင္းတို႔နဲ႔ သေရ ၊ ဂ်ဴဗင္တပ္အသင္းကို ဝ-၃ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ေအစီမီလန္ အသင္းနဲ႔ ပထမအေက်ာ့ ယွဥ္ၿပိဳင္ ကစား ခဲ့စဥ္က အေဝးကြင္းမွာ ၁-၀ ဂိုးနဲ႔ အႏိုင္ရရွိေအာင္စြမ္းေဆာင္ထားၿပီး ႏွစ္သင္းေတြ႕ဆုံမႈ အရ ၆ ပြဲႏိုင္ ၅ ပြဲ သေရ ၆ ပြဲ ရႈံးရလဒ္ကို ရရွိထားပါတယ္။ေအစီမီလန္အသင္းနဲ႔ကစား ခဲ့တဲ့ အိမ္ကြင္း ေနာက္ဆုံး  ၃ ပြဲမွာ ရႈံးနိမ့္မႈမရွိဘဲ ၁ ပြဲႏိုင္ ၂ သေရ က်ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ ပါတယ္။

ေအစီမီလန္ အသင္းအေနနဲ႔ ဥေရာပ ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ ရွိေနတဲ့ အတြက္ အခုပြဲကို အားထည့္ ကစားလာမွာ ျဖစ္ပါတယ္။ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနတဲ့ အင္တာ အသင္းနဲ႔ ၄ မွတ္အကြာ၊ အဆင့္ ၄ မွာ ရပ္တည္ ေနတဲ့ အတၱလႏၲာ အသင္းနဲ႔ ၃ မွတ္ကြာ အေနအထားကို ေရာက္ရွိေနၿပီး ႐ိုးမား အသင္းနဲ႔ အမွတ္တူ၊ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတဲ့ တိုရီႏိုအသင္းနဲ႔ ၂ မွတ္အကြာ၊အဆင့္ ၇ ေနရာမွာ ရပ္တည္ေနတဲ့  လာဇီယို အသင္းနဲ႔ ၃ မွတ္ အကြာ အေနအထားကို ေရာက္ရွိေနတဲ့အတြက္ အခုပြဲကို မျဖစ္မေန အႏိုင္ရရွိေအာင္ ႐ုန္းကန္ လာမွာဘဲျဖစ္ပါတယ္။

သူ႔ရဲ႕အထက္မွာ ရပ္တည္ေနတဲ့ အင္တာမီလန္ အသင္းဟာ လက္က်န္ပြဲစဥ္ေတြအျဖစ္ နာပိုလီ၊ အမ္ပိုလီ တို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ၿပီး အတၱလႏၲာ အသင္းအေနနဲ႔ ဂ်ဴဗင္တပ္ ၊ ဆာဆူအိုလိုတို႔နဲ႔ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ေအစီမီလန္ အသင္းအေနနဲ႔ ေအာက္တန္းဆင္းသြားရၿပီျဖစ္တဲ့ ဖ႐ိုစီႏိုနီ၊ အမွတ္မလိုေတာ့တဲ့  စပဲလ္ အသင္းတို႔ နဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္တဲ့ အတြက္ ပြဲစဥ္အရ ပိုမို အားသာမႈ မ်ားရွိေနၿပီး သူ႔ရဲ႕ အထက္မွ အသင္းမ်ား ေျခေခ်ာ္ လက္ေခ်ာ္ ျဖစ္ခဲ့ပါက ခ်န္ပီယံလိဂ္ ဝင္ခြင့္ အတြက္ပါ ေမွ်ာ္မွန္းႏိုင္တဲ့ အတြက္ အခုပြဲကို အားထည့္ကစား လာမွာ ျဖစ္ပါတယ္။

ဘြတ္ကီဒိုင္ေတြက ေအစီမီလန္ ဘက္မွ သေရ ၃၀ အရႈံးေပးထားၿပီး ဂိုးေပါင္း ၂ ဂိုး ၉၀ ျပား အရႈံးျဖစ္တဲ့ အတြက္ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၁၃ ပြဲ ဆက္ ႏိုင္ပြဲေပ်ာက္ဆုံးေနၿပီး အမွတ္လိုအပ္ခ်က္ မရွိတဲ့  ဖီအိုရင္တီးနား အသင္းကို ျငင္းပယ္ကာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္အတြက္ ႐ုန္းကန္လာမယ့္ ေအစီမီလန္ အသင္းနဲ႔ သာလက္တြဲ သင့္ပါေၾကာင္း----

KON(SPORT)