【 အားကစား 】ဥရောပ စူပါဖလားလုပွဲမှာ လီဗာပူးလ်ဗိုလ်စွဲမလား

  【  အားကစား  】ဥရောပ စူပါဖလားလုပွဲမှာ လီဗာပူးလ်ဗိုလ်စွဲမလား

ဥရောပစူပါဖလားဗိုလ်လုပွဲအဖြစ် ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ် အသင်းနဲ့  ယူရိုပါလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်း တို့ ယနေ့ည ၁ နာရီခွဲ အချိန် မှာ တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာယှဉ်ပြိုင်ကစားကြ မှာဖြစ်ပါ တယ်။ အင်္ဂလန် နှစ်သင်း ပထမဆုံးအကြိမ်တွေ့ဆုံယှဉ်ပြိုင်တဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲကို အမျိုးသမီးကွင်း လယ်ဒိုင် လူကြီး ဖရတ်ပတ် ကတာဝန်ယူကိုင်တွယ်မှာဖြစ်ပါတယ်။

လီဗာပူအသင်းအနေနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေအဖြစ် ခြေစမ်းပွဲ ၇ ပွဲကစားခဲ့ရာမှာ ထရန် မီလီ၊ဘရန့်ဖို့၊ လိုင် ယွန်အသင်းတွေကို အနိုင်ရရှိ ခဲ့ပြီး စပို့တင်းလစ္စဘွန်းအသင်းနဲ့ သရေကျကာ ဒေါ့မွန်၊ ဆီဗီးလား၊ နာပိုလီအသင်း တွေကို ရှုံးနိမ့်ခဲ့ပါတယ်။ကွန်မြူနတီဖလားလုပွဲအဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်စီးတီးအသင်း နဲ့ပွဲစဉ်မှာတော့ မိနစ် ၉၀ အတွင်း သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်မှာတော့ နော့ဝစ် အသင်းကို ၄-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။ အခုပွဲစဉ်မှာ လီဗာပူးလ်အသင်းအနေနဲ့ ဂိုး အက်ဒရိယန် ၊နောက် တန်းမှာ အလက်ဇန်းဒါး၊ဂျိုးမာတစ်၊ ဗန်ဒစ်၊ ရောဘတ်ဆန်၊ အလယ်တန်းမှာ ဟန်ဒါဆန်၊ဖေမီနို၊မီနာ၊ရှေ့တန်းမှာ ဆာလက်၊ ဖာမီနို၊အော်ရီဂီတို့ ပါဝင်ကစား လာနိုင်ပါတယ်။

ချဲလ်ဆီးအသင်း အနေနဲ့ ရာသီကြိုပွဲစဉ် ၇ ပွဲကစားခဲ့ရာမှာ ၄ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ပက်ထရစ် အက်သလစ်၊ ဘာစီလိုနာ၊ ရီးဒင်း၊ ဆဲလ်ဘတ် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ဘိုဟီမန်း၊ ဂလာဘတ် အသင်းတွေနဲ့ သရေကျ ခဲ့ကာ ကာဝါဆာကီဖရုတေး အသင်းကို ရှုံးနိမ့် ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မန်ယူအသင်း ကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

ကစားသမားဝယ်ယူမှုပိတ်ပင်ခံထားရတဲ့ ချဲလ်ဆီး အသင်းအနေနဲ့ ကိုဗာဆစ်နဲ့ ပူလီဆစ်တို့ကိုသာ အပြီးသတ် ခေါ်ယူခဲ့နိုင်ပြီး ဟာဇက်၊အေနီယာ၊ ခါလက်စ်၊ အန်ဘန်း၊ ပယ်မာ၊ဒါစီတာ ၊ကာဟေးလ်၊ ကိုင်လီစကော့ တို့ကို ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး၊ အမာဒူ၊ စတာလင်း ၊ မီယာဇာ၊ ဆယ်တာ တို့ကို အငှားချခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂိုးကီပါ၊နောက်တန်းမှာ အီမာဆန်၊ခရစ္စတိန်း၊ဇူးမား၊ ကွီတာ၊ အလယ်တန်းမှာ ဂျော်ဂျင်ဟို၊ ကန်တီ၊ ပူလီဆစ်၊ မက်ဆွန်မောင့်၊ ပက်ဒရို၊ရှေ့တန်းမှာ ဂီရော့တို့ ပါဝင်ကစားလာနိုင်ပါတယ်။အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက လီဗာပူးလ်အသင်းဘက်မှ ၁ လုံး ၁၅ ပြားအနိုင် ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၄၀ အနိုင်ဖွင့်လှစ်ထားပါတယ်။
နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၂၄ ပွဲမှာ ၈ ပွဲနိုင် ၈ ပွဲသရေ ၈ ပွဲရှုံးရလဒ် ကိုယ်စီရရှိထားပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ မန်ယူအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ အခုပွဲစဉ် ကို အားထည့်ယှဉ်ပြိုင်လာနိုင်ပေမယ့် ဘွတ်ကီဒိုင်တွေရဲ့ ကြေးဖွင့်လှစ် မှုဟာ လီဗာပူးလ်အသင်းဘက်မှ ပြင်းရှလာခြင်း၊ အသင်းကို ပြန်လည် တည်ဆောင်နေတဲ့ လမ်းပတ် ထက် ပိုမိုအတွေ့ အကြုံကြွယ်ဝတဲ့ နည်းပြ ကလော့တို့ကွာခြားခြင်း၊ ကစားသမားတွေ ရဲ့စည်းလုံးမှုနဲ့  ကစားကွက် အထိုင်ကျ နေပြီဖြစ်တဲ့ လီဗာပူးလ်အသင်းသာ ပွဲကစား ချိန်မိနစ် ၉၀ အတွင်း အနိုင်ရရှိသွားနိုင်တဲ့ အတွက် အခုပွဲစဉ်ကို လီဗာပူးလ် အသင်းနဲ့ သာလက်တွဲသင့်ပါကြောင်း-----

KON(SPORT)

(  Zawgyi  )

 ဥေရာပစူပါဖလားဗိုလ္လုပြဲအျဖစ္ ခ်န္ပီယံလိဂ္ ခ်န္ပီယံ လီဗာပူးလ္ အသင္းနဲ႔  ယူ႐ိုပါလိဂ္ခ်န္ပီယံ ခ်ဲလ္ဆီးအသင္း တို႔ ယေန႔ည ၁ နာရီခြဲ အခ်ိန္ မွာ တူရကီႏိုင္ငံ အစၥတန္ဘူၿမိဳ႕မွာယွဥ္ၿပိဳင္ကစားၾက မွာျဖစ္ပါ တယ္။ အဂၤလန္ ႏွစ္သင္း ပထမဆုံးအႀကိမ္ေတြ႕ဆုံယွဥ္ၿပိဳင္တဲ့ ဥေရာပ စူပါဖလား ဗိုလ္လုပြဲကို အမ်ိဳးသမီးကြင္း လယ္ဒိုင္ လူႀကီး ဖရတ္ပတ္ ကတာဝန္ယူကိုင္တြယ္မွာျဖစ္ပါတယ္။

လီဗာပူအသင္းအေနနဲ႔ ရာသီႀကိဳေျခစမ္းပြဲစဥ္ေတြအျဖစ္ ေျခစမ္းပြဲ ၇ ပြဲကစားခဲ့ရာမွာ ထရန္ မီလီ၊ဘရန႔္ဖို႔၊ လိုင္ ယြန္အသင္းေတြကို အႏိုင္ရရွိ ခဲ့ၿပီး စပို႔တင္းလစၥဘြန္းအသင္းနဲ႔ သေရက်ကာ ေဒါ့မြန္၊ ဆီဗီးလား၊ နာပိုလီအသင္း ေတြကို ရႈံးနိမ့္ခဲ့ပါတယ္။ကြန္ျမဴနတီဖလားလုပြဲအျဖစ္ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ မန္စီးတီးအသင္း နဲ႔ပြဲစဥ္မွာေတာ့ မိနစ္ ၉၀ အတြင္း သေရက်ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အဖြင့္ ပြဲစဥ္မွာေတာ့ ေနာ့ဝစ္ အသင္းကို ၄-၁ ဂိုးနဲ႔ အႏိုင္ ရရွိခဲ့ပါတယ္။ အခုပြဲစဥ္မွာ လီဗာပူးလ္အသင္းအေနနဲ႔ ဂိုး အက္ဒရိယန္ ၊ေနာက္ တန္းမွာ အလက္ဇန္းဒါး၊ဂ်ိဳးမာတစ္၊ ဗန္ဒစ္၊ ေရာဘတ္ဆန္၊ အလယ္တန္းမွာ ဟန္ဒါဆန္၊ေဖမီႏို၊မီနာ၊ေရွ႕တန္းမွာ ဆာလက္၊ ဖာမီႏို၊ေအာ္ရီဂီတို႔ ပါဝင္ကစား လာႏိုင္ပါတယ္။

ခ်ဲလ္ဆီးအသင္း အေနနဲ႔ ရာသီႀကိဳပြဲစဥ္ ၇ ပြဲကစားခဲ့ရာမွာ ၄ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးနိမ့္ခဲ့ပါတယ္။ ပက္ထရစ္ အက္သလစ္၊ ဘာစီလိုနာ၊ ရီးဒင္း၊ ဆဲလ္ဘတ္ အသင္းေတြကို အႏိုင္ရရွိခဲ့ၿပီး ဘိုဟီမန္း၊ ဂလာဘတ္ အသင္းေတြနဲ႔ သေရက် ခဲ့ကာ ကာဝါဆာကီဖ႐ုေတး အသင္းကို ရႈံးနိမ့္ ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ မန္ယူအသင္း ကို ၄ ဂိုးျပတ္ ရႈံးနိမ့္ခဲ့ပါတယ္။

ကစားသမားဝယ္ယူမႈပိတ္ပင္ခံထားရတဲ့ ခ်ဲလ္ဆီး အသင္းအေနနဲ႔ ကိုဗာဆစ္နဲ႔ ပူလီဆစ္တို႔ကိုသာ အၿပီးသတ္ ေခၚယူခဲ့ႏိုင္ၿပီး ဟာဇက္၊ေအနီယာ၊ ခါလက္စ္၊ အန္ဘန္း၊ ပယ္မာ၊ဒါစီတာ ၊ကာေဟးလ္၊ ကိုင္လီစေကာ့ တို႔ကို ေျပာင္းေ႐ႊ႕ခြင့္ျပဳခဲ့ၿပီး၊ အမာဒူ၊ စတာလင္း ၊ မီယာဇာ၊ ဆယ္တာ တို႔ကို အငွားခ်ခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂိုးကီပါ၊ေနာက္တန္းမွာ အီမာဆန္၊ခရစၥတိန္း၊ဇူးမား၊ ကြီတာ၊ အလယ္တန္းမွာ ေဂ်ာ္ဂ်င္ဟို၊ ကန္တီ၊ ပူလီဆစ္၊ မက္ဆြန္ေမာင့္၊ ပက္ဒ႐ို၊ေရွ႕တန္းမွာ ဂီေရာ့တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက လီဗာပူးလ္အသင္းဘက္မွ ၁ လုံး ၁၅ ျပားအႏိုင္ ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၄၀ အႏိုင္ဖြင့္လွစ္ထားပါတယ္။
ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၂၄ ပြဲမွာ ၈ ပြဲႏိုင္ ၈ ပြဲသေရ ၈ ပြဲရႈံးရလဒ္ ကိုယ္စီရရွိထားပါတယ္။

ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ မန္ယူအသင္းကို ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ အတြက္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အခုပြဲစဥ္ ကို အားထည့္ယွဥ္ၿပိဳင္လာႏိုင္ေပမယ့္ ဘြတ္ကီဒိုင္ေတြရဲ႕ ေၾကးဖြင့္လွစ္ မႈဟာ လီဗာပူးလ္အသင္းဘက္မွ ျပင္းရွလာျခင္း၊ အသင္းကို ျပန္လည္ တည္ေဆာင္ေနတဲ့ လမ္းပတ္ ထက္ ပိုမိုအေတြ႕ အႀကဳံႂကြယ္ဝတဲ့ နည္းျပ ကေလာ့တို႔ကြာျခားျခင္း၊ ကစားသမားေတြ ရဲ႕စည္းလုံးမႈနဲ႔  ကစားကြက္ အထိုင္က် ေနၿပီျဖစ္တဲ့ လီဗာပူးလ္အသင္းသာ ပြဲကစား ခ်ိန္မိနစ္ ၉၀ အတြင္း အႏိုင္ရရွိသြားႏိုင္တဲ့ အတြက္ အခုပြဲစဥ္ကို လီဗာပူးလ္ အသင္းနဲ႔ သာလက္တြဲသင့္ပါေၾကာင္း-----

KON(SPORT)