【 အားကစား 】အိမ်ကွင်း ရလဒ်ကောင်းတဲ့ ယန်းဘွိုင်းအသင်းနဲ့ လက်တွဲမယ်
【 အားကစား 】အိမ်ကွင်း ရလဒ်ကောင်းတဲ့ ယန်းဘွိုင်းအသင်းနဲ့ လက်တွဲမယ်
ယူရိုပါလိဂ် အုပ်စုပွဲစဉ်များ အဖြစ် ယန်ဘွိုင်းအသင်းနဲ့ ဖီယင်နုအသင်းတို့ ယနေ့ ည ၁၁ နာရီ ၂၅ မိနစ်အချိန်မှာ ယန်ဘွိုင်းအသင်းရဲ့ အိမ်ကွင်း မှာ ယှဉ်ပြိုင်စားကြမှာ ဖြစ်ပါ တယ်။ ယန်ဘွိုင်းအသင်းအနေနဲ့ ဆွစ်ဇာလန် အမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အတွက် ချန်ပီယံလိဂ်ခြေစစ် ပွဲအဖြစ် ဇီဗက်ဒါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အိမ်ကွင်း၊ အဝေး ကွင်း ၂ ပွဲစလုံး သရေရလဒ်ရရှိခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းအရ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိဘဲ ယူရိုပါလိဂ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ် အဖွင့်ပွဲစဉ်အဖြစ် ပေါ်တိုအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှု ၄၈ ရာခိုင်နှုန်းရရှိခဲ့ကာ ဂိုးကန်သွင်းမှု ၅ ကြိမ် ရရှိခဲ့ပြီး ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ရိန်းဂျားစ် အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၈ ရာခိုင်နှုန်းရရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၁၁ ကြိမ်ရ ရှိခဲ့ပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
နယ်သာလန်ကလပ် ဖီယင်နုအသင်းအနေနဲ့ ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့်ရရန် ခြေစစ်ပွဲများ ယှဉ်ပြိုင်ကစား ခဲ့ရပြီး ဒိုင်နမိုတီဘလီစီ၊ ဟာပိုးဘီယာ ရှီးဘားအသင်းတွေကို အနိုင်ယူ ဖြတ် ကျော်နိုင်ခဲ့တဲ့ အတွက် ပါဝင်ယှဉ်ပြိုင် ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။ ယူရိုပါလိဂ် အဖွင့် ပွဲစဉ် အဖြစ် ရိန်းဂျားစ် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီး ဘောလုံး ပိုင်ဆိုင် မှု ၆၃ ရာခိုင်နှုန်းရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၁၆ ကြိမ်ရရှိခဲ့ပေမယ့် ဂိုးသွင်း ယူနိုင် ခြင်း မရှိဘဲ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ပေါ်တိုအသင်းနဲ့ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၀ ရာခိုင်နှုန်းရှိကာ ဂိုး ကန်သွင်းခွင့် ၁၁ ကြိမ်ရရှိခဲ့ပြီး ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ယန်းဘွိုင်း အသင်း ဘက်မှ သရေ ၉၀ အရှုံးဖွင့်လှစ် ထားပြီး ဂိုးပေါင်း ၃ လုံး ၂၀ အရှုံး ဖွင့်လှစ်ထားပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင် လ က ယန်ဘွိုင်းအသင်းရဲ့ အိမ်ကွင်းမှာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး ယန်ဘွိုင်းအသင်းနဲ့ ဖီယင်နု အသင်းကို ၃-၀ နဲ့ အနိုင်ရရှိထားပါတယ်။ ယူရိုပါလိဂ် အုပ်စု G မှာ ပေါ်တို၊ ဖီယင်နု၊ ရိန်းဂျားစ်၊ယန်းဘွိုင်းအသင်းတို့ နောက် တစ်ဆင့် တက်ရောက်ခွင့်ရရေး အကြိတ် အနယ် ယှဉ်ပြိုင်ကစားနေပြီး ထူးခြားမှုအနေနဲ့ အိမ်ရှင်အသင်းတွေ အနိုင်ရရှိခဲ့ တဲ့ အတွက် ၂ ပွဲကစားအပြီး ၃ မှတ်စီရရှိနေကြပါတယ်။
အခုပွဲစဉ်မှာလည်း ယန်ဘွိုင်းအသင်းက အိမ်ရှင်ဖြစ်တဲ့အတွက် အနိုင်ရရှိဖို့ကြိုးစား ကစားလာမှာဖြစ်ပြီး အိမ်ကွင်းကစားအားကောင်းတဲ့ အသင်းဖြစ်တဲ့အတွက် ဖီယင်နု အသင်း ကို အနိုင်ယူရရှိဖို့ကြိုးစားကစား လာမှာ ဖြစ်ပါတယ်။ ဘွတ်ကီဒိုင်တွေကြေး စတင် ဖွင့်လှစ်စဉ်က သရေ ၂၀ အရှုံးပေးရာမှ သရေ ၉၀အရှုံးအထိ ဈေးနှုန်း မြင့်မား လာ မှု၊ အိမ်ကွင်းရလဒ်ကောင်းမွန်မှု၊အုပ်စု G မှာရှိတဲ့အသင်းတွေရဲ့ အိမ်ကွင်းအားသာချက် ရလဒ်များ ကြောင့် အခုပွဲစဉ်ကိုယန်းဘွိုင်းအသင်းနဲ့သာလက်တွဲသင့်ပါကြောင်း။။။။။။။။။
KON(SPORT)
(  Zawgyi  )
KON(SPORT)