【 အားကစား 】အိမ်ကွင်းမှာ ပထမဆုံးနိုင်ပွဲယူမယ့် အတ္တလန္တာ

【 အားကစား 】အိမ်ကွင်းမှာ ပထမဆုံးနိုင်ပွဲယူမယ့် အတ္တလန္တာ

ချန်ပီယံလိဂ် အုပ်စု C ပွဲစဉ်(၅)အဖြစ် အတ္တလန္တာအသင်းနဲ့ ဒိုင်နမိုဇာဂရက် အသင်းတို့ ယနေ့ည ၂ နာရီခွဲအချိန်မှာအတ္တလန္တာအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
 
အတ္တလန္တာအသင်းအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲအဖြစ်အိမ်ကွင်းမှာ ရှက်တာဒိုနတ်အသင်း နဲ့ ကစားခဲ့ရာမှာဘောလုံးပိုင်ဆိုင်မှု ၅၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်ရရှိ ခဲ့ကာ ၁-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။မန်စီးတီးအသင်းနဲ့ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၄၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၈ ကြိမ်ရရှိခဲ့ကာ ၁-၁ ဂိုးနဲ့သရေရလဒ်ရရှိခဲ့ပါတယ်။
 
အဝေးကွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာ ဒိုင်နမိုဇာဂရက် အသင်ကို ၄-ဝ၊ မန်စီးတီးအသင်းကို ၅-၁ တို့နဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် ၄ ပွဲကစားအပြီး ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယား အောက် ဆုံးမှာ ရပ်တည်လျှက်ရှိပါတယ်။ ဒိုင်နမိုဇာဂရက်အသင်းအနေနဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အတ္တလန္တာ အသင်းကို ၄-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ရှက်တာဒိုနက် အသင်းနဲ့သရေရလဒ်ရရှိခဲ့ပါတယ်။
 
အဝေးကွင်းကစားခဲ့တဲ့မန်စီးတီးနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၁၉ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂ကြိမ်ရရှိကာ ၂-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ရှက်တာဒိုးနက်အသင်းနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၂ကြိမ်ရရှိခဲ့ကာ ၃-၃ သရေရလဒ် ရရှိခဲ့တဲ့အတွက် ရမှတ် ၅မှတ်ရရှိကာ အုပ်စု C ရဲ့အဆင့် ၃ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။
 
အခုပွဲစဉ်ကိုဘွတ်ကီဒိုင်တွေက အတ္တလန္တာအသင်းဘက်မှ ၁လုံး ၁၀ပြားအရှုံးဖွင့်လှစ် ထားပြီးဂိုးပေါင်း ၃လုံး သရေဖွင့်လှစ်ထားပါတယ်။ ဒိုင်နမိုဇာဂရက် အသင်းအနေနဲ့ ယခုပွဲစဉ်ပြီးပါက အိမ်ကွင်းမှာ မန်စီးတီးအသင်းနဲ့ကစားရမှာဖြစ်တဲ့အတွက် နောက်တစ်ဆင့်တက်နိုင်ဖို့ အခုပွဲစဉ်မှာအမှတ်ခွဲယူနိုင်အောင်ကြိုးစား ကစားလာ မှာဖြစ် ပါတယ်။အဝေးကွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာလည်း မန်စီးတီးအသင်းကိုသာရှုံးနိမ့်ခဲ့ပြီး ရှက်တာဒိုးနက် အသင်းကိုခြေရည်တူကစားနိုင်ခဲ့ပြီးသရေရလဒ်ရရှိခဲ့ပါတယ်။
 
အတ္တလန္တာအသင်းအနေနဲ့ ၄ ပွဲကစားအပြီး ရမှတ် ၁မှတ်သာရရှိသေးတဲ့အတွက် နောက်တစ်ဆင့် တက်နိုင်ဖို့မျှော်လင့်ချက် နည်းခဲ့ပြီဖြစ်ပေမယ့် လက်ကျန် ၂ပွဲစလုံး အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့်ကို တက်ရောက်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ ပထမအကျော့ကစားခဲ့စဉ်က ၄ဂိုးပြတ် ရှုံးနိမ့်ပြီး နောက်တစ်ဆင့်တက်ရောက် ဖို့မသေချာ တော့တဲ့ အတ္တလန္တာအသင်းဘက်မှ ၁လုံး ၁၀ပြားအနိုင် ဈေးစတင် ဖွင့်လှစ် ခဲ့ပြီး ၁လုံး ၁၀ပြားရှုံးအထိ ဈေးနှုန်းများဆက်လက်မြင့်တက်လာခဲ့တဲ့ ကြေးဖွင့်လှစ်မှုနဲ့ အသင်းရဲ့ဂုဏ်သိက္ခာအရ အနိုင်ရရှိအောင်ကြိုးစားကစားလာမယ့် အိမ်ရှင် အတ္တလန္တာ အသင်း နဲ့သာ လက်တွဲသင့်ပါကြောင်း ---
 
KON (SPORT)
 

(  Zawgyi  )

 ခ်န္ပီယံလိဂ္ အုပ္စု C ပြဲစဥ္(၅)အျဖစ္ အတၱလႏၲာအသင္းနဲ႔ ဒိုင္နမိုဇာဂရက္ အသင္းတို႔ ယေန႔ည ၂ နာရီခြဲအခ်ိန္မွာအတၱလႏၲာအသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

အတၱလႏၲာအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲအျဖစ္အိမ္ကြင္းမွာ ရွက္တာဒိုနတ္အသင္း နဲ႔ ကစားခဲ့ရာမွာေဘာလုံးပိုင္ဆိုင္မႈ ၅၆ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၃ ႀကိမ္ရရွိ ခဲ့ကာ ၁-၂ ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။မန္စီးတီးအသင္းနဲ႔ကစားခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္မႈ ၄၁ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၈ ႀကိမ္ရရွိခဲ့ကာ ၁-၁ ဂိုးနဲ႔သေရရလဒ္ရရွိခဲ့ပါတယ္။

အေဝးကြင္းကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ဒိုင္နမိုဇာဂရက္ အသင္ကို ၄-ဝ၊ မန္စီးတီးအသင္းကို ၅-၁ တို႔နဲ႔ရႈံးနိမ့္ခဲ့တဲ့အတြက္ ၄ ပြဲကစားအၿပီး ရမွတ္ ၁ မွတ္နဲ႔ အမွတ္ေပးဇယား ေအာက္ ဆုံးမွာ ရပ္တည္လွ်က္ရွိပါတယ္။ ဒိုင္နမိုဇာဂရက္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ အတၱလႏၲာ အသင္းကို ၄-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီး ရွက္တာဒိုနက္ အသင္းနဲ႔သေရရလဒ္ရရွိခဲ့ပါတယ္။

အေဝးကြင္းကစားခဲ့တဲ့မန္စီးတီးနဲ႔ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၁၉ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၂ႀကိမ္ရရွိကာ ၂-၀ ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ ရွက္တာဒိုးနက္အသင္းနဲ႔ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၃၅ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၂ႀကိမ္ရရွိခဲ့ကာ ၃-၃ သေရရလဒ္ ရရွိခဲ့တဲ့အတြက္ ရမွတ္ ၅မွတ္ရရွိကာ အုပ္စု C ရဲ႕အဆင့္ ၃ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။

အခုပြဲစဥ္ကိုဘြတ္ကီဒိုင္ေတြက အတၱလႏၲာအသင္းဘက္မွ ၁လုံး ၁၀ျပားအရႈံးဖြင့္လွစ္ ထားၿပီးဂိုးေပါင္း ၃လုံး သေရဖြင့္လွစ္ထားပါတယ္။ ဒိုင္နမိုဇာဂရက္ အသင္းအေနနဲ႔ ယခုပြဲစဥ္ၿပီးပါက အိမ္ကြင္းမွာ မန္စီးတီးအသင္းနဲ႔ကစားရမွာျဖစ္တဲ့အတြက္ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အခုပြဲစဥ္မွာအမွတ္ခြဲယူႏိုင္ေအာင္ႀကိဳးစား ကစားလာ မွာျဖစ္ ပါတယ္။အေဝးကြင္းကစားခဲ့တဲ့ပြဲစဥ္ေတြမွာလည္း မန္စီးတီးအသင္းကိုသာရႈံးနိမ့္ခဲ့ၿပီး ရွက္တာဒိုးနက္ အသင္းကိုေျခရည္တူကစားႏိုင္ခဲ့ၿပီးသေရရလဒ္ရရွိခဲ့ပါတယ္။

အတၱလႏၲာအသင္းအေနနဲ႔ ၄ ပြဲကစားအၿပီး ရမွတ္ ၁မွတ္သာရရွိေသးတဲ့အတြက္ ေနာက္တစ္ဆင့္ တက္ႏိုင္ဖို႔ေမွ်ာ္လင့္ခ်က္ နည္းခဲ့ၿပီျဖစ္ေပမယ့္ လက္က်န္ ၂ပြဲစလုံး အႏိုင္ရရွိခဲ့ပါက ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔အခြင့္အေရးရရွိမွာျဖစ္ပါတယ္။ ပထမအေက်ာ့ကစားခဲ့စဥ္က ၄ဂိုးျပတ္ ရႈံးနိမ့္ၿပီး ေနာက္တစ္ဆင့္တက္ေရာက္ ဖို႔မေသခ်ာ ေတာ့တဲ့ အတၱလႏၲာအသင္းဘက္မွ ၁လုံး ၁၀ျပားအႏိုင္ ေဈးစတင္ ဖြင့္လွစ္ ခဲ့ၿပီး ၁လုံး ၁၀ျပားရႈံးအထိ ေဈးႏႈန္းမ်ားဆက္လက္ျမင့္တက္လာခဲ့တဲ့ ေၾကးဖြင့္လွစ္မႈနဲ႔ အသင္းရဲ႕ဂုဏ္သိကၡာအရ အႏိုင္ရရွိေအာင္ႀကိဳးစားကစားလာမယ့္ အိမ္ရွင္ အတၱလႏၲာ အသင္း နဲ႔သာ လက္တြဲသင့္ပါေၾကာင္း ---

KON (SPORT)