【 အားကစား 】အရှုံးအတွက် ပါဒါဘွန်းကို ဂိုးပြတ်အနိုင်ယူမယ့် ဒေါ့မွန်

【  အားကစား  】အရှုံးအတွက် ပါဒါဘွန်းကို ဂိုးပြတ်အနိုင်ယူမယ့် ဒေါ့မွန်

ဂျာမနီ ဘွန်ဒက်လီဂါ ပွဲစဉ် (၁၂)အဖြစ် ဒေါ့မွန်အသင်းနဲ့ ပါဒါဘွန်း အသင်းတို့ ယနေ့ည ၂ နာရီ အချိန်မှာ ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ အဒူနာကွင်းမှာယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ ဘွန် ဒက်လီဂါပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ အော့ဘတ်အသင်းကို ၅-၁၊လီဗာကူဆင်အသင်းကို ၄-ဝ၊မိုချန်ဂလာဘတ် အသင်းကို ၁-ဝ၊ဝုလ်ဘတ် အသင်းကို ၃-ဝနဲ့အနိုင်ရရှိခဲ့ပြီး ဝါဒါဘရီမင်အသင်းနဲ့ သရေရလဒ် ရရှိခဲ့ပါတယ်။

အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာ ကိုလုံးအသင်းကိုအနိုင်ရရှိခဲ့ပြီးဖရန့်ဖတ်၊ဖရိုင်းဘတ်၊ ရှော့လ် ကေး အသင်းတို့နဲ့သရေရလဒ် ရရှိကာ ဘိုင်ယန်မြူးနစ်၊ယူနီယံဘာလင်အသင်းတွေကိုရှုံးနိမ့်ခဲ့တဲ့အတွက် ၁၁ ပွဲကစား အပြီး ရမှတ် ၁၉ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၆ မှာ ရပ်တည်လျှက်ရှိပါတယ်။ ပါဒါဘွန်းအသင်းအနေ နဲ့ ဘွန်ဒက်လီဂါပွဲစဉ်များအဖြစ် အိမ်ကွင်း ကစားခဲ့ တဲ့ပွဲစဉ်တွေမှာ ဒူဆယ်ဒေါ့ အသင်း ကိုအနိုင်ရရှိခဲ့ပြီး ဖရိုင်းဘတ်၊ရှော့ကေး၊ဘိုင်ယန်၊အော့ဘတ်၊မိန့်အသင်းတွေကိုရှုံးနိမ့်ခဲ့ပါတယ်။ အဝေး ကွင်းသွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာကူဆင်အသင်းကို၃-၂၊ဟာသာဘာလင်အသင်းကို ၂-၁၊ကိုလုံး အသင်း ကို ၃-ဝ၊ဟော်ဖန်ဟိမ်းအသင်းကို ၃-၀ ဂိုးတွေနဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် ၁၁ ပွဲကစားအပြီး ရမှတ် ၄ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၈ မှာရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဒေါ့မွန် အသင်းဘက်မှ ၂လုံး ၅၀အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၄ လုံး ၁၅ ပြားအနိုင်ဖွင့်လှစ်ထားပါတယ်။ နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၃ ကြိမ်မှာ ဒေါ့မွန်အသင်းက ၃ဂိုးနှင့်အထက် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရဂိုး ၁၆ ဂိုးအထိရရှိခဲ့ပါတယ်။ ပါဒါဘွန်း အသင်းအနေနဲ့ ရလဒ်တွေဆိုးတွေကနေရုန်းထွက်နိုင်ဖို့ကြိုးစားကစားနေပေမယ့် ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့နေပြီး နည်းပြ ဘန်ဂတ်အနေ နဲ့လည်း အသင်းကိုပြုပြင်နိုင်မှုမရှိသေးဘဲ တိုက်စစ်နဲ့ခံစစ်မှာ လိုအပ်ချက်တွေများစွာရှိနေပါတယ်။နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် ၂ပွဲမှာလည်း ၃ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါ တယ်။

ဒေါ့မွန်အသင်းအနေနဲ့ယခုနှစ်ရာသီမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ နောက်ဆုံးကစားခဲ့တဲ့ ဘိုင်ယန်မြူး နစ်အသင်းနဲ့ပွဲစဉ်မှာ ၄ဂိုးပြတ်ရှုံးနိမ့်ခဲ့ ပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲစဉ် ၅ ပွဲမှာတော့ ၃ဂိုးနဲ့အထက်နိုင်ပွဲ ၃ပွဲအထိရယူထားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အသင်း အနေနဲ့ ဘိုင်ယန်အသင်းနဲ့ပွဲစဉ်က ဂိုးပြတ်ရှုံး နိမ့်ခဲ့အတွက်အခုပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရယူနိုင်အောင်ကြိုးစားကစားလာမှာဖြစ်ပါတယ်။ အိမ်ကွင်း ရလဒ်ကောင်းမွန်မှု၊ပါဒါဘွန်းအသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေကျဆင်းနေမှုကြောင့် အခုပွဲစဉ်မှာ ဒေါ့မွန်အသင်းသာ ဂိုးပြတ်အနိုင် ရရှိသွားနိုင်ကြောင်း။။။။။။။

 KON(SPORT)
 

(  Zawgyi  )

 ဂ်ာမနီ ဘြန္ဒက္လီဂါ ပြဲစဥ္ (၁၂)အျဖစ္ ေဒါ့မြန္အသင္းနဲ႔ ပါဒါဘြန္း အသင္းတို႔ ယေန႔ည ၂ နာရီ အခ်ိန္မွာ ေဒါ့မြန္အသင္းရဲ႕ အိမ္ကြင္း ျဖစ္တဲ့ အဒူနာကြင္းမွာယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။ ေဒါ့မြန္အသင္းအေနနဲ႔ ဘြန္ ဒက္လီဂါပြဲစဥ္မ်ားအျဖစ္ အိမ္ကြင္းမွာ ေအာ့ဘတ္အသင္းကို ၅-၁၊လီဗာကူဆင္အသင္းကို ၄-ဝ၊မိုခ်န္ဂလာဘတ္ အသင္းကို ၁-ဝ၊ဝုလ္ဘတ္ အသင္းကို ၃-ဝနဲ႔အႏိုင္ရရွိခဲ့ၿပီး ဝါဒါဘရီမင္အသင္းနဲ႔ သေရရလဒ္ ရရွိခဲ့ပါတယ္။

အေဝးကြင္းသြားေရာက္ကစားခဲ့တဲ့ပြဲစဥ္မွာ ကိုလုံးအသင္းကိုအႏိုင္ရရွိခဲ့ၿပီးဖရန႔္ဖတ္၊ဖ႐ိုင္းဘတ္၊ ေရွာ့လ္ ေကး အသင္းတို႔နဲ႔သေရရလဒ္ ရရွိကာ ဘိုင္ယန္ျမဴးနစ္၊ယူနီယံဘာလင္အသင္းေတြကိုရႈံးနိမ့္ခဲ့တဲ့အတြက္ ၁၁ ပြဲကစား အၿပီး ရမွတ္ ၁၉ မွတ္ရရွိကာ အမွတ္ေပးဇယား အဆင့္ ၆ မွာ ရပ္တည္လွ်က္ရွိပါတယ္။ ပါဒါဘြန္းအသင္းအေန နဲ႔ ဘြန္ဒက္လီဂါပြဲစဥ္မ်ားအျဖစ္ အိမ္ကြင္း ကစားခဲ့ တဲ့ပြဲစဥ္ေတြမွာ ဒူဆယ္ေဒါ့ အသင္း ကိုအႏိုင္ရရွိခဲ့ၿပီး ဖ႐ိုင္းဘတ္၊ေရွာ့ေကး၊ဘိုင္ယန္၊ေအာ့ဘတ္၊မိန႔္အသင္းေတြကိုရႈံးနိမ့္ခဲ့ပါတယ္။ အေဝး ကြင္းသြားေရာက္ကစားခဲ့တဲ့ပြဲစဥ္မွာ လီဗာကူဆင္အသင္းကို၃-၂၊ဟာသာဘာလင္အသင္းကို ၂-၁၊ကိုလုံး အသင္း ကို ၃-ဝ၊ေဟာ္ဖန္ဟိမ္းအသင္းကို ၃-၀ ဂိုးေတြနဲ႔ရႈံးနိမ့္ခဲ့တဲ့အတြက္ ၁၁ ပြဲကစားအၿပီး ရမွတ္ ၄ မွတ္ရရွိကာ အမွတ္ေပးဇယား အဆင့္ ၁၈ မွာရပ္တည္လွ်က္ရွိပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက ေဒါ့မြန္ အသင္းဘက္မွ ၂လုံး ၅၀အရႈံးဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၄ လုံး ၁၅ ျပားအႏိုင္ဖြင့္လွစ္ထားပါတယ္။ ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၃ ႀကိမ္မွာ ေဒါ့မြန္အသင္းက ၃ဂိုးႏွင့္အထက္ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး ရဂိုး ၁၆ ဂိုးအထိရရွိခဲ့ပါတယ္။ ပါဒါဘြန္း အသင္းအေနနဲ႔ ရလဒ္ေတြဆိုးေတြကေန႐ုန္းထြက္ႏိုင္ဖို႔ႀကိဳးစားကစားေနေပမယ့္ ရႈံးပြဲေတြ ဆက္တိုက္ႀကဳံေတြ႕ေနၿပီး နည္းျပ ဘန္ဂတ္အေန နဲ႔လည္း အသင္းကိုျပဳျပင္ႏိုင္မႈမရွိေသးဘဲ တိုက္စစ္နဲ႔ခံစစ္မွာ လိုအပ္ခ်က္ေတြမ်ားစြာရွိေနပါတယ္။ေနာက္ဆုံးကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္ ၂ပြဲမွာလည္း ၃ဂိုးျပတ္ရႈံးနိမ့္ခဲ့ပါ တယ္။

ေဒါ့မြန္အသင္းအေနနဲ႔ယခုႏွစ္ရာသီမွာ ေျခစြမ္းျပသႏိုင္ျခင္းမရွိဘဲ ေနာက္ဆုံးကစားခဲ့တဲ့ ဘိုင္ယန္ျမဴး နစ္အသင္းနဲ႔ပြဲစဥ္မွာ ၄ဂိုးျပတ္ရႈံးနိမ့္ခဲ့ ပါတယ္။ ေဒါ့မြန္အသင္းအေနနဲ႔ အိမ္ကြင္းမွာကစားခဲ့တဲ့ပြဲစဥ္ ၅ ပြဲမွာေတာ့ ၃ဂိုးနဲ႔အထက္ႏိုင္ပြဲ ၃ပြဲအထိရယူထားႏိုင္ခဲ့ပါတယ္။ ေဒါ့မြန္အသင္း အေနနဲ႔ ဘိုင္ယန္အသင္းနဲ႔ပြဲစဥ္က ဂိုးျပတ္ရႈံး နိမ့္ခဲ့အတြက္အခုပြဲစဥ္မွာ ဂိုးျပတ္အႏိုင္ရယူႏိုင္ေအာင္ႀကိဳးစားကစားလာမွာျဖစ္ပါတယ္။ အိမ္ကြင္း ရလဒ္ေကာင္းမြန္မႈ၊ပါဒါဘြန္းအသင္းရဲ႕ ေျခစြမ္းနဲ႔ ရလဒ္ေတြက်ဆင္းေနမႈေၾကာင့္ အခုပြဲစဥ္မွာ ေဒါ့မြန္အသင္းသာ ဂိုးျပတ္အႏိုင္ ရရွိသြားႏိုင္ေၾကာင္း။။။။။။။

 KON(SPORT)