【 အားကစား 】အပြန်အလှန်သွင်းဂိုးတွေကိုမြင်ရမယ့် ချက်နဲ့ ကိုဆိုဗို

【  အားကစား  】အပြန်အလှန်သွင်းဂိုးတွေကိုမြင်ရမယ့် ချက်နဲ့ ကိုဆိုဗို

၂၀၂၀ ယူရိုခြေစစ်ပွဲအဖြစ် ချက်အသင်းနဲ့ ကိုဆိုဗို အသင်းတို့ ယနေ့ည ၂ နာရီ၁၅ မိနစ်အချိန်မှာ ချက်နိုင်ငံ ဒိုဇန်အရီနာကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ချက်အသင်းအနေနဲ့ ယူရိုခြေစစ်ပွဲများအဖြစ်အိမ်ကွင်းမှာ ဘူဂေးရီးယားအသင်းကို ၂ - ၁၊ မွန်တီနီဂရိုးအသင်းကို ၃ - ဝ၊အင်္ဂလန်အသင်းကို၂ - ၁ ဂိုးတွေနဲ့အနိုင်ရရှိခဲ့ပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာ မွန်တီနီဂရိုးအသင်းကို ၀ - ၃ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး အင်္ဂလန် အသင်းကို ၅ - ဝ၊ ကိုဆိုဗို အသင်းကို ၂ - ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ၆ပွဲကစားအပြီး ရမှတ် ၁၂ မှတ်ရရှိကာ အုပ်စု A ရဲ့အဆင့် ၂ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

ကိုဆိုဗိုအသင်းအနေနဲ့ ယူရိုခြေစစ်ပွဲများအဖြစ်အိမ်ကွင်းမှာ ချက်အသင်းကို ၂ - ၁၊ မွန်တီနီဂရိုးအသင်းကို ၂ - ၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ဘူဂေးရီးယား အသင်းနဲ့သရေရလဒ်ရရှိခဲ့ပါတယ်။ အဝေးကွင်းပွဲစဉ်တွေမှာ ဘူဂေးရီးယားအသင်းကို ၂ - ၃ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး မွန်တီနီဂရိုး အသင်း နဲ့ သရေရလဒ်ရရှိခဲ့ကာ အင်္ဂလန်အသင်းကို ၅ - ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ၆ပွဲကစားအပြီး ရမှတ် ၁၁ မှတ်ရရှိကာ အုပ်စု A ၃ နေရာမှာ ရပ်တည် လျှက် ရှိပါတယ်။

အခုပွဲစဉ်ကိုဘွတ်ကီဒိုင်တွေက ချက်အသင်းဘက်မှ ၁လုံး ၅၀ အနိုင်ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂လုံး ၈၀ အရှုံးဖွင့်လှစ်ထားပါတယ်။ချက်အသင်း အနေနဲ့ယူရို ခြေစစ်ပွဲစဉ်များအဖြစ်အိမ်ကွင်းမှာ ပွဲစဉ်တိုင်းအနိုင်ရရှိထားပြီး ဥရောပအင်အားကြီးအသင်းဖြစ်တဲ့ အင်္ဂလန်အသင်းကို အနိုင်ယူ ထားနိုင်တဲ့အထိခြေစွမ်းထက်မြက်လျက်ရှိပါတယ်။ယခုပွဲစဉ်ကိုအနိုင်ရရှိပါက တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး သရေရလဒ်ရရှိပါကလည်း ခြေစစ်ပွဲအောင်မြင်ဖို့နီးစပ်မှာဖြစ်ပါတယ်။

ကိုဆိုဗိုအသင်းအနေနဲ့ ယခုနှစ်မှာ ခြေစွမ်းပိုင်းတိုးတက်လာပြီး အသင်းမှာ ဖီနာဘာချီတိုက်စစ်မှူး မူရီ ခြေစွမ်းပြဂိုးတွေသွင်းယူနေပြီး ဝါဒါဘရီမင်ကွင်းလယ်လူ ရာရှီကာ၊ဟန်နိုဗာကွင်းလယ်ကစားသမား မူစလီဂျာ၊လာဇီယိုကွင်းလယ်ကစားသမား ဘီရစ်ရှာတို့ နဲ့အကောင်းဆုံး စုဖွဲ့မှုကိုပိုင်ဆိုင်ထားပါတယ်။

ယခုပွဲစဉ်ပြီးပါက အိမ်ကွင်းမှာအင်္ဂလန်အသင်းနဲ့ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အခုပွဲစဉ်ကို အနိုင်ရရှိထားမှသာ တိုက်ရိုက်ခြေစစ် ပွဲအောင်မြင်ဖို့နီးစပ်မှာဖြစ်ပါတယ်။ ခြေစစ်ပွဲစတင်ယှဉ်ပြိုင်စဉ်က သရေရလဒ်တွေထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းပွဲစဉ်တွေမှာ အနိုင်ရရှိဖို့တိုက်စစ်ဖွင့် ကစားလာခဲ့တဲ့အတွက် အင်္ဂလန်မြေမှာ ၃ ဂိုးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ချက်အသင်းကလည်းအိမ်ကွင်းမှာပြိုငိဘက်အသင်းတွေကို အနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် တိုက်စစ်အပြိုင်ဖွင့်ကစား လာမယ့် အခုပွဲစဉ် ဟာ အပြန်အလှန်သွင်းဂိုးတွေကိုတွေ့မြင်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပါကြောင်း ---

KON(SPORT)

(  Zawgyi  )

 ၂၀၂၀ ယူ႐ိုေျခစစ္ပြဲအျဖစ္ ခ်က္အသင္းနဲ႔ ကိုဆိုဗို အသင္းတို႔ ယေန႔ည ၂ နာရီ၁၅ မိနစ္အခ်ိန္မွာ ခ်က္ႏိုင္ငံ ဒိုဇန္အရီနာကြင္းမွာ ယွဥ္ၿပိဳင္ ကစားၾကမွာျဖစ္ပါတယ္။ခ်က္အသင္းအေနနဲ႔ ယူ႐ိုေျခစစ္ပြဲမ်ားအျဖစ္အိမ္ကြင္းမွာ ဘူေဂးရီးယားအသင္းကို ၂ - ၁၊ မြန္တီနီဂ႐ိုးအသင္းကို ၃ - ဝ၊အဂၤလန္အသင္းကို၂ - ၁ ဂိုးေတြနဲ႔အႏိုင္ရရွိခဲ့ပါတယ္။အေဝးကြင္းပြဲစဥ္ေတြမွာ မြန္တီနီဂ႐ိုးအသင္းကို ၀ - ၃ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီး အဂၤလန္ အသင္းကို ၅ - ဝ၊ ကိုဆိုဗို အသင္းကို ၂ - ၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ ၆ပြဲကစားအၿပီး ရမွတ္ ၁၂ မွတ္ရရွိကာ အုပ္စု A ရဲ႕အဆင့္ ၂ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။

ကိုဆိုဗိုအသင္းအေနနဲ႔ ယူ႐ိုေျခစစ္ပြဲမ်ားအျဖစ္အိမ္ကြင္းမွာ ခ်က္အသင္းကို ၂ - ၁၊ မြန္တီနီဂ႐ိုးအသင္းကို ၂ - ၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီး ဘူေဂးရီးယား အသင္းနဲ႔သေရရလဒ္ရရွိခဲ့ပါတယ္။ အေဝးကြင္းပြဲစဥ္ေတြမွာ ဘူေဂးရီးယားအသင္းကို ၂ - ၃ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီး မြန္တီနီဂ႐ိုး အသင္း နဲ႔ သေရရလဒ္ရရွိခဲ့ကာ အဂၤလန္အသင္းကို ၅ - ၃ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ ၆ပြဲကစားအၿပီး ရမွတ္ ၁၁ မွတ္ရရွိကာ အုပ္စု A ၃ ေနရာမွာ ရပ္တည္ လွ်က္ ရွိပါတယ္။

အခုပြဲစဥ္ကိုဘြတ္ကီဒိုင္ေတြက ခ်က္အသင္းဘက္မွ ၁လုံး ၅၀ အႏိုင္ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၂လုံး ၈၀ အရႈံးဖြင့္လွစ္ထားပါတယ္။ခ်က္အသင္း အေနနဲ႔ယူ႐ို ေျခစစ္ပြဲစဥ္မ်ားအျဖစ္အိမ္ကြင္းမွာ ပြဲစဥ္တိုင္းအႏိုင္ရရွိထားၿပီး ဥေရာပအင္အားႀကီးအသင္းျဖစ္တဲ့ အဂၤလန္အသင္းကို အႏိုင္ယူ ထားႏိုင္တဲ့အထိေျခစြမ္းထက္ျမက္လ်က္ရွိပါတယ္။ယခုပြဲစဥ္ကိုအႏိုင္ရရွိပါက တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ၿပီး သေရရလဒ္ရရွိပါကလည္း ေျခစစ္ပြဲေအာင္ျမင္ဖို႔နီးစပ္မွာျဖစ္ပါတယ္။

ကိုဆိုဗိုအသင္းအေနနဲ႔ ယခုႏွစ္မွာ ေျခစြမ္းပိုင္းတိုးတက္လာၿပီး အသင္းမွာ ဖီနာဘာခ်ီတိုက္စစ္မႉး မူရီ ေျခစြမ္းျပဂိုးေတြသြင္းယူေနၿပီး ဝါဒါဘရီမင္ကြင္းလယ္လူ ရာရွီကာ၊ဟန္ႏိုဗာကြင္းလယ္ကစားသမား မူစလီဂ်ာ၊လာဇီယိုကြင္းလယ္ကစားသမား ဘီရစ္ရွာတို႔ နဲ႔အေကာင္းဆုံး စုဖြဲ႕မႈကိုပိုင္ဆိုင္ထားပါတယ္။

ယခုပြဲစဥ္ၿပီးပါက အိမ္ကြင္းမွာအဂၤလန္အသင္းနဲ႔ဆက္လက္ယွဥ္ၿပိဳင္ရမွာျဖစ္တဲ့အတြက္ အခုပြဲစဥ္ကို အႏိုင္ရရွိထားမွသာ တိုက္႐ိုက္ေျခစစ္ ပြဲေအာင္ျမင္ဖို႔နီးစပ္မွာျဖစ္ပါတယ္။ ေျခစစ္ပြဲစတင္ယွဥ္ၿပိဳင္စဥ္က သေရရလဒ္ေတြထြက္ေပၚခဲ့ၿပီး ေနာက္ပိုင္းပြဲစဥ္ေတြမွာ အႏိုင္ရရွိဖို႔တိုက္စစ္ဖြင့္ ကစားလာခဲ့တဲ့အတြက္ အဂၤလန္ေျမမွာ ၃ ဂိုးရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ခ်က္အသင္းကလည္းအိမ္ကြင္းမွာၿပိဳငိဘက္အသင္းေတြကို အနည္းဆုံး ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့အတြက္ တိုက္စစ္အၿပိဳင္ဖြင့္ကစား လာမယ့္ အခုပြဲစဥ္ ဟာ အျပန္အလွန္သြင္းဂိုးေတြကိုေတြ႕ျမင္ရမယ့္ပြဲစဥ္တစ္ပြဲျဖစ္ပါေၾကာင္း ---

KON(SPORT)