【 အားကစား 】အင်္ဂလန်အတွက် စတာလင်းနဲ့ ဟယ်ရီကိန်းတို့ရဲ့ ဂိုးပြိုင်သွင်းမယ့် ယူရိုခြေစစ်ပွဲ
【  အားကစား  】အင်္ဂလန်အတွက် စတာလင်းနဲ့ ဟယ်ရီကိန်းတို့ရဲ့ ဂိုးပြိုင်သွင်းမယ့် ယူရိုခြေစစ်ပွဲ
အင်္ဂလန်အသင်းနဲ့ ဘူဂေးရီးယားအသင်းတို့ ယနေ့ည ၁၀ နာရီခွဲ အချိန် မှာ အင်္ဂလန်နိုင်ငံ ဝင်ဘလေ ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ချက် အသင်း နဲ့ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံး ပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်း ရှိခဲ့ ပြီး ဂိုးကန်သွင်းမှု ၁၃ ကြိမ် ရရှိခဲ့ကာ ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။
 ပွဲစဉ် (၂)အဖြစ် မွန်တီနီဂရိုးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ ရာ မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၂ ကြိမ်ရရှိခဲ့ကာ ၁-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ၂ ပွဲကစားအပြီး ရမှတ် ၆ မှတ်ရရှိကာ အုပ်စုကို ဦးဆောင်လျှက်ရှိပါတယ်။ အခုပွဲစဉ်ကို ဂိုး -ပစ်ဖို့ဒ်၊ နောက်တန်းကစားသမားများအဖြစ် မက်ဂွဲယား၊ဘန်ချီဝယ်၊ဂိုမက်၊အာနိုး အလယ်တန်းကစားသမားများအဖြစ် ဒီကလန်ရိုက်၊ဘာကလေ၊ ဟန်ဒါ ဆန်၊ရှေ့တန်း ကစားသမားများအဖြစ် စတားလင်း၊ဟယ်ရီကိန်း၊ ဆန်ချို တို့ ပါဝင်ကစားလာနိုင်ပါတယ်။
ဘူဂေးရီးယားအသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ မွန်တီနီဂရိုး အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၄ ကြိမ်ရရှိခဲ့ကာ ၁-၁ ဂိုးနဲ့ သရေကျခဲ့ ပါတယ်။ပွဲစဉ် ၂ အဖြစ် ကိုဆိုဗိုအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ် မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၃၆ ရာခိုင်နှုန်းရှိခဲ့ပြီး သရေ ရရဒ် ရရှိခဲ့ပါ တယ်။ပွဲစဉ် ၃ အဖြစ် ချက်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားခဲ့ ရာမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းနိုင်မှု ၁၂ ကြိမ်ရရှိခဲ့ကာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲစဉ် ၄ အဖြစ် အိမ်ကွင်းမှာ ကိုဆိုဗိုအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု ၄၄ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၅ ကြိမ်ရရှိခဲ့ကာ ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် ၄ ပွဲကစားအပြီး ရမှတ် ၂ မှတ်ရရှိကာ အုပ်စု အောက်ဆုံး မှာ ရပ်တည်လျှက်ရှိပါတယ်။ အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေ က အင်္ဂလန်အသင်းဘက်မှ ၂ ဂိုး အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၃၀ အရှုံးဖွင့်လှစ် ထားပါတယ်။နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၂ ပွဲဆက် တိုက် အင်္ဂလန်အသင်း ၃ ဂိုးနဲ့ အထက် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ဘူဂေးရီးယားအသင်းအနေနဲ့ ရလဒ်တွေဆိုးဝါးနေပြီး အခုပွဲစဉ်မှာလည်း အင်္ဂလန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ အတွေ့အကြုံရင့် လူငယ်ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး ရှေ့တန်းတိုက်စစ်မှူး  စတာလင်းအနေနဲ့လည်း အကောင်း ဆုံးခြေစွမ်းတွေကို ပြသနေပြီး ကစားပြီးခဲ့တဲ့ ၂ ပွဲမှာ ၄ ဂိုး ရရှိအောင်စွမ်းဆောင်ထားနိုင်ပါတယ်။
တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့လည်း ၂ ပွဲကစားအပြီး ၃ ဂိုးရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့အတွက် အခုပွဲစဉ်မှာ တိုက်စစ်မှူတွေ ဂိုးအပြိုင် အဆိုင်သွင်းမယ့် ပွဲစဉ်ဖြစ်လာနိုင်တဲ့ အတွက် အင်္ဂလန် အသင်းနဲ့ သာ လက် တွဲ သင့်ပါကြောင်း။။။။။။။
KON(SPORT) 
(   Zawgyi  )
KON(SPORT)