【 အားကစား 】သရေရလဒ်ထွက်ပေါ်ဖို့ရှိတဲ့ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်

【 အားကစား 】သရေရလဒ်ထွက်ပေါ်ဖို့ရှိတဲ့ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အဖြစ် အက်စတွန်ဗီလာအသင်း နဲ့ နယူးကာဆယ် အသင်းတို့ ယနေ့ည ၂နာရီခွဲအချိန်မှာ  အက်စတွန်ဗီလာ အသင်း ရဲ့အိမ်ကွင်း ဖြစ်တဲ့ ဗီလာပတ်ကွင်းမှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်း အနေနဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာအဲဗာတန်၊ဘရိုက်တန် အသင်းတွေကိုအနိုင်ရရှိခဲ့ပြီးဝက်ဟမ်း ၊ ဘန်လေအသင်းတို့နဲ့သရေရလဒ်ရရှိခဲ့ကာ ဘုန်းမောက်၊လီဗာပူအသင်းကိုရှုံးနိမ့်ခဲ့ပါတယ်။ အဝေးကွင်းပွဲစဉ်တွေ မှာ နော့ဝစ်အသင်းကို အနိုင်ရရှိခဲ့ပြီး စပါး၊ခရစ္စတယ်ပဲလေ့စ်၊အာဆင်နယ်၊မန်စီးတီး၊ဝုဗ်အသင်းတွေကိုရှုံးနိမ့်ခဲ့တဲ့အတွက် ၁၂ ပွဲကစား အပြီး ရမှတ် ၁၁ မှတ်ရရှိကာ အဆင့် ၁၇ နေရာမှာရပ်တည်လျှက်ရှိပါတယ်။

နယူးကာဆယ်အသင်းအနေနဲ့ ပရီးမီယားလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ မန်ယူ၊ဘုန်းမောက် အသင်းတွေကိုအနိုင်ရရှိခဲ့ပြီး ဝက်ဖို့ဒ်၊ဘရိုက်တန်၊ဝုဗ် အသင်းတွေနဲ့သရေရလဒ်ရရှိခဲ့ကာ အာဆင်နယ်အသင်းကိုရှုံးနိမ့်ခဲ့ပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာ စပါး၊ဝက်စ်ဟမ်းအသင်းတွေကိုအနိုင်ရရှိခဲ့ပြီး နော့ဝစ်၊လီဗာပူ၊လက်စတာ၊ချဲလ်ဆီးအသင်းတွေကိုရှုံးနိမ့်ခဲ့တဲ့အတွက် ၁၂ ပွဲကစားအပြီး ရမှတ် ၁၅ မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့် ၁၄ မှာရပ်တည်နေပါတယ်။

အခုပွဲစဉ်ကိုဘွတ်ကီဒိုင်တွေက အက်စတွန်ဗီလာ အသင်းဘက်မှ သရေ ၇၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂လုံးအရှုံးဖွင့်လှစ်ထားပါတယ်။နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး၁၄ ကြိမ်မှာနယူးကာဆယ် အသင်းက ၇ ပွဲနိုင် ၆ ပွဲသရေ  ၁ ပွဲရှုံးရလဒ်ရရှိခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းအနေနဲ့ အိမ်ကွင်းကစားခဲ့တဲ့ ၆ပွဲမှာ ၃ပွဲအထိအနိုင်ရရှိခဲ့ပြီး  အိမ်ကွင်းမှ အဓိကရမှတ်တွေရယူနေတဲ့ အသင်းဖြစ်ပါ တယ်။ တန်းဆင်းဇုန်အသင်းနဲ့ ၁ မှတ်သာကွာဟနေတဲ့အတွက်အခုပွဲစဉ်ကို ရလဒ်ကောင်းရရှိဖို့ကြိုးစား ကစားလာမှာဖြစ်ပါ တယ်။နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက်ရှုံးနိမ့်ခဲ့ပေမယ့် ယှဉ်ပြိုင်ကစားခဲ့တဲ့အသင်းတွေက အိမ်ကွင်းမှာ လီဗာပူအသင်းဖြစ်ပြီး အဝေးကွင်းမှာ မန်စီးတီးနဲ့ဝုဗ်အသင်းကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အိမ်ကွင်းမှာ လီဗာပူအသင်းကိုရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံးတုန့်ပြန်ကစားနိုင်ခဲ့ပြီး နောက်ကျဂိုးအသွင်းခံခဲ့ရတဲ့အတွက်သာ ရှုံးနိမ့်ခဲ့ခြင်းဖြစ် ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ပရီးမီးယားလိဂ် နောက်ဆုံး ၂ပွဲဆက်အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၅ ပွဲဆက်ကြေးအောင်ထားတဲ့ အသင်းဖြစ် ပါတယ်။

အက်စတွန်ဗီလာအသင်းအနေနဲ့အမှတ်လိုအပ်ချက် ၊အိမ်ကွင်းအားသာချက်တွေအရ အခုပွဲစဉ်ကိုအနိုင်ရရှိဖို့ကြိုးစားကစားလာနိုင်ပေမယ့် နယူးကာဆယ်အသင်းရဲ့လက်ရှိခြေစွမ်း၊နှစ်သင်းတွေ့ဆုံမှုအစဉ်အလာအသားစီးရယူထားနိုင်မှုတွေကြောင့် သရေရလဒ်နဲ့ပြီးဆုံးနိုင်တဲ့ပွဲစဉ် တစ်ပွဖြစ်ပါကြောင်း ---

KON(SPORT)

(  Zawgyi  )

 ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၃ အျဖစ္ အက္စတြန္ဗီလာအသင္း နဲ႔ နယူးကာဆယ္ အသင္းတို႔ ယေန႔ည ၂နာရီခြဲအခ်ိန္မွာ  အက္စတြန္ဗီလာ အသင္း ရဲ႕အိမ္ကြင္း ျဖစ္တဲ့ ဗီလာပတ္ကြင္းမွာယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

အက္စတြန္ဗီလာအသင္း အေနနဲ႔ အိမ္ကြင္းမွာယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာအဲဗာတန္၊ဘ႐ိုက္တန္ အသင္းေတြကိုအႏိုင္ရရွိခဲ့ၿပီးဝက္ဟမ္း ၊ ဘန္ေလအသင္းတို႔နဲ႔သေရရလဒ္ရရွိခဲ့ကာ ဘုန္းေမာက္၊လီဗာပူအသင္းကိုရႈံးနိမ့္ခဲ့ပါတယ္။ အေဝးကြင္းပြဲစဥ္ေတြ မွာ ေနာ့ဝစ္အသင္းကို အႏိုင္ရရွိခဲ့ၿပီး စပါး၊ခရစၥတယ္ပဲေလ့စ္၊အာဆင္နယ္၊မန္စီးတီး၊ဝုဗ္အသင္းေတြကိုရႈံးနိမ့္ခဲ့တဲ့အတြက္ ၁၂ ပြဲကစား အၿပီး ရမွတ္ ၁၁ မွတ္ရရွိကာ အဆင့္ ၁၇ ေနရာမွာရပ္တည္လွ်က္ရွိပါတယ္။

နယူးကာဆယ္အသင္းအေနနဲ႔ ပရီးမီယားလိဂ္အိမ္ကြင္းပြဲစဥ္ေတြမွာ မန္ယူ၊ဘုန္းေမာက္ အသင္းေတြကိုအႏိုင္ရရွိခဲ့ၿပီး ဝက္ဖို႔ဒ္၊ဘ႐ိုက္တန္၊ဝုဗ္ အသင္းေတြနဲ႔သေရရလဒ္ရရွိခဲ့ကာ အာဆင္နယ္အသင္းကိုရႈံးနိမ့္ခဲ့ပါတယ္။အေဝးကြင္းပြဲစဥ္ေတြမွာ စပါး၊ဝက္စ္ဟမ္းအသင္းေတြကိုအႏိုင္ရရွိခဲ့ၿပီး ေနာ့ဝစ္၊လီဗာပူ၊လက္စတာ၊ခ်ဲလ္ဆီးအသင္းေတြကိုရႈံးနိမ့္ခဲ့တဲ့အတြက္ ၁၂ ပြဲကစားအၿပီး ရမွတ္ ၁၅ မွတ္ရရွိကာ အမွတ္ေပးဇယားအဆင့္ ၁၄ မွာရပ္တည္ေနပါတယ္။

အခုပြဲစဥ္ကိုဘြတ္ကီဒိုင္ေတြက အက္စတြန္ဗီလာ အသင္းဘက္မွ သေရ ၇၀ အရႈံးဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၂လုံးအရႈံးဖြင့္လွစ္ထားပါတယ္။ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး၁၄ ႀကိမ္မွာနယူးကာဆယ္ အသင္းက ၇ ပြဲႏိုင္ ၆ ပြဲသေရ  ၁ ပြဲရႈံးရလဒ္ရရွိခဲ့ပါတယ္။

အက္စတြန္ဗီလာအသင္းအေနနဲ႔ အိမ္ကြင္းကစားခဲ့တဲ့ ၆ပြဲမွာ ၃ပြဲအထိအႏိုင္ရရွိခဲ့ၿပီး  အိမ္ကြင္းမွ အဓိကရမွတ္ေတြရယူေနတဲ့ အသင္းျဖစ္ပါ တယ္။ တန္းဆင္းဇုန္အသင္းနဲ႔ ၁ မွတ္သာကြာဟေနတဲ့အတြက္အခုပြဲစဥ္ကို ရလဒ္ေကာင္းရရွိဖို႔ႀကိဳးစား ကစားလာမွာျဖစ္ပါ တယ္။ေနာက္ဆုံးကစားခဲ့တဲ့ ၃ ပြဲဆက္ရႈံးနိမ့္ခဲ့ေပမယ့္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့အသင္းေတြက အိမ္ကြင္းမွာ လီဗာပူအသင္းျဖစ္ၿပီး အေဝးကြင္းမွာ မန္စီးတီးနဲ႔ဝုဗ္အသင္းကိုရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အိမ္ကြင္းမွာ လီဗာပူအသင္းကိုရႈံးနိမ့္ခဲ့ေပမယ့္ အေကာင္းဆုံးတုန႔္ျပန္ကစားႏိုင္ခဲ့ၿပီး ေနာက္က်ဂိုးအသြင္းခံခဲ့ရတဲ့အတြက္သာ ရႈံးနိမ့္ခဲ့ျခင္းျဖစ္ ပါတယ္။ နယူးကာဆယ္အသင္းအေနနဲ႔ပရီးမီးယားလိဂ္ ေနာက္ဆုံး ၂ပြဲဆက္အႏိုင္ရရွိခဲ့ၿပီး ေနာက္ဆုံး ၅ ပြဲဆက္ေၾကးေအာင္ထားတဲ့ အသင္းျဖစ္ ပါတယ္။

အက္စတြန္ဗီလာအသင္းအေနနဲ႔အမွတ္လိုအပ္ခ်က္ ၊အိမ္ကြင္းအားသာခ်က္ေတြအရ အခုပြဲစဥ္ကိုအႏိုင္ရရွိဖို႔ႀကိဳးစားကစားလာႏိုင္ေပမယ့္ နယူးကာဆယ္အသင္းရဲ႕လက္ရွိေျခစြမ္း၊ႏွစ္သင္းေတြ႕ဆုံမႈအစဥ္အလာအသားစီးရယူထားႏိုင္မႈေတြေၾကာင့္ သေရရလဒ္နဲ႔ၿပီးဆုံးႏိုင္တဲ့ပြဲစဥ္ တစ္ပြျဖစ္ပါေၾကာင္း ---

KON(SPORT)