【 အားကစား 】သရေရလဒ်ထွက်ပေါ်ဖို့ရှိတဲ့ ဂရန်နာဒါနဲ့အိုဆာဆူနာ
 【  အားကစား  】သရေရလဒ်ထွက်ပေါ်ဖို့ရှိတဲ့ ဂရန်နာဒါနဲ့အိုဆာဆူနာ
စပိန်လာလီဂါ ပွဲစဉ် (၉)အဖြစ် ဂရန်နာဒါအသင်းနဲ့ အိုဆာဆူနာအသင်းတို့ ယနေ့ည ၁ နာရီ ခွဲအချိန်မှာ ဂရန်နာဒါအသင်းရဲ့ အိမ်ကွင်းဖြစ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ဂရန်နာဒါအသင်းအနေနဲ့ လာလီဂါ အဖွင့်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ဗီလာရီးရဲလ်အသင်းနဲ့ကစားခဲ့ပြီး ၄-၄ သရေရလဒ်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ ဆီဗီလားအသင်းကို ဝ-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ်အက်ပန်ညိုကွင်းမှာ ဝ-၂ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ပွဲစဉ် ၄ အဖြစ် ဆဲလ်တာဗီဂို အသင်းကိုဝ-၃ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၅ အဖြစ် အိမ်ကွင်းမှာဘာစီလိုနာအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၂၆ ရာခိုင်နှုန်းရှိခဲ့ကာ ဂိုးကန်သွင်းမှု ၈ ကြိမ်ရရှိခဲ့ပြီး ၂-ဝ နဲ့အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၆ အဖြစ် ဗယ်လာဒိုလစ်အသင်းနဲ့သရေရလဒ်ရရှိခဲ့ပြီး ပွဲစဉ် ၇ မှာလီဂါနက်အသင်းကို ၁-ဝနဲ့အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၈အဖြစ်အဝေးကွင်းမှာ ရီးရဲလ်အသင်းကို ၄-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် ၈ ပွဲကစားအပြီး ရမှတ် ၁၄ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်လျှက်ရှိပါတယ်။
အိုဆာဆူနာအသင်းအနေနဲ့ လာလီဂါပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ အိုက်ဘာ၊ဘာစီလိုနာ၊ဘက်တစ်အသင်းတို့နဲ့သရေကျခဲ့ပြီး ဗီလာရီးရဲလ် အသင်းကိုအနိုင်ရရှိခဲ့ပါတယ်။အဝေးကွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာလီဂါနက်အသင်းကိုအနိုင်ရရှိခဲ့ပြီး ဗယ်လာဒိုလစ်၊လီဗန်တေးအသင်းတွေကို သရေရလဒ်ရရှိခဲ့ပါတယ်။ရီးရဲလ် အသင်းနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ဘောလုံးပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၄ကြိမ်ရရှိခဲ့ကာ ၂-ဝ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် ၈ပွဲကစားအပြီး ရမှတ် ၁၁မှတ်ရရှိကာ အဆင့် ၁၁ နေရာမှာရပ်တည်လျှက်ရှိပါတယ်။အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဂရန်နာဒါအသင်းဘက်မှ သရေ ၃၀  အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂ လုံး ၃၀ အရှုံးဖွင့်လှစ်ထားပါတယ်။နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၄ ကြိမ်မှာ ဂရန်နာဒါ်အသင်းက  ၅ ပွဲနိုင် ၅ ပွဲသရေ ၄ ပွဲရှုံးနိမ့်ခဲ့ပါတယ်။
ဂရန်နာဒါအသင်းအနေနဲ့ ယခုနှစ်ရာသီမှာ ရလဒ်တွေကောင်းမွန်နေတဲ့အတွက် အဆင့် ၄ နေရာမှာရပ်တည်လျက်ရှိပြီးနိုင်ပွဲထပ်မံရရှိဖို့ အခုပွဲစဉ်ကိုလည်းအနိုင်ရရှိအောင်ကြိုးစားကစားလာမှာဖြစ်ပါတယ်။ အိုဆာဆူနာအသင်းအနေနဲ့လည်း ကစားပြီး ၈ ပွဲမှာ ဘာစီလိုနာအသင်း ကိုသာရှုံးနိမ့်ခဲ့ပြီး အခြားပွဲစဉ်တွေမှာ သရေနဲ့အနိုင်ရလဒ်တွေရရှိ အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းကိုရှုံးနိမ့်တဲ့ပွဲစဉ်မှာလည်း ခြေရည်တူလိုက်ကစားနိုင်တဲ့အထိခြေစွမ်းတည်ငြိမ်နေတာကိုတွေ့ရှိရပါတယ်။
အခုပွဲစဉ်မှာလည်းဘွတ်ကီဒိုင်တွေက ဈေးစတင်ဖွင့်လှစ်စဉ် သရေ ၈၀ အရှုံးမှ သရေ ၃၀ အရှုံးအထိ ဈေးနှုန်းများကျဆင်း လာပါတယ်။နှစ်သင်းတွေ့ဆုံမှုအရလည်း တစ်သင်းနဲ့တစ်သင်း အသာရရှိမှုမရှိခြင်း၊လက်ရှိခြေစွမ်းနဲ့ဈေးနှုန်းအပြောင်းအလဲတွေကြောင့် သရေရလဒ် ထွက်ပေါ် လာနိုင် တဲ့အတွက် အခုပွဲစဉ်ကို အိုဆာဆူနာအသင်းနဲ့သာလက်တွဲသင့်ပါကြောင်း ---
KON(SPORT)
(  Zawgyi  )
KON(SPORT)