【 အားကစား 】လန်ဒန် ဒါဘီမှာ အာဆင်နယ် အသင်း စပါးကို အနိုင်ယူမလား

  【  အားကစား  】လန်ဒန် ဒါဘီမှာ အာဆင်နယ် အသင်း စပါးကို အနိုင်ယူမလား

ပရီးမီးယားလိဂ် ပွဲစဉ် (၄)အဖြစ် အာဆင်နယ်အသင်း နဲ့ စပါးအသင်းတို့ ယနေ့ည ၇ နာရီခွဲ  အချိန်မှာ အာဆင်နယ် ရဲ့ အိမ်ကွင်းဖြစ်တဲ့ အီးမရိတ် ကွင်း မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် နယူးကာဆယ် အသင်းရဲ့ အိမ်ကွင်းမှာ သွား ရောက်ကစားခဲ့ရာမှာ ဘောလုံး ပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးသွင်းခွင့် ၈ ကြိမ် ရရှိခဲ့ကာ ဝ-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဘန်လေ အသင်း နဲ့ယှဉ်ပြိုင် ကစားခဲ့ရာမှာ ဘောလုံး ပိုင်ဆိုင်ခွင့် ၆၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးကန်သွင်း ခွင့် ၁၅ ကြိမ်ရရှိခဲ့ကာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ်(၃)အဖြစ် လီဗာပူ အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ ရာမှာတော့ ဘောလုံးပိုင်ဆိုင်ခွင့် ၄၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက် ကန် သွင်း ခွင့် ၉ ကြိမ် ရရှိခဲ့ကာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ပွဲစဉ် ၃ ပွဲ ကစားအပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
အခုပွဲစဉ်မှာ ဂိုး ဘားနက်လီယို၊နောက်တန်းကစားသမားများအဖြစ် အင်စလီ၊ဆိုရာတစ်၊ဒေးဗစ်လုခ်၊ နာချို၊ အလယ်တန်းကစားသမားများ အဖြစ် ဒန်နီယယ်၊ဂွမ်ဒိုဇီ၊၊ဂျို့စ်ဝီးလော့၊ ဂရိန့်ဟာခါ ၊ရှေ့တန်းကစား သမားများအဖြစ် အူဘာမီးယန်း ၊ပီပီ တို့ပါဝင်ကစားလာနိုင်ပါတယ်။

စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်း နဲ့ယှဉ်ပြိုင်ကစား ခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်ရရှိခဲ့ကာ ၃-၁ နဲ့ အနိုင်ရ ရှိခဲ့ပါတယ်။ ပွဲစဉ် (၂)အဖြစ် မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာမှာတော့ ဘောလုံးပိုင်ဆိုင်ခွင့် ၄၄ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၃ ကြိမ်ရရှိခဲ့ကာ ၂-၂ သရေ ရရှခဲ့ပါတယ်။ ပွဲစဉ် (၃ )အဖြစ် အိမ်ကွင်းမှာ နယူးကာဆယ်အသင်းနဲ့ ကစားခဲ့ရာမှာတော့ ဘောလုံး ပိုင်ဆိုင်ခွင့် ၈၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၁၇ ကြိမ်ရရှိ ခဲ့ပေမယ့် ဝ-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ပွဲစဉ်(၃)ပွဲကစားအပြီး ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်ကို ဂိုး လိုရစ်၊ နောက်တန်းကစားသမားများအဖြစ် ဝေါ့ကာ၊ အန်ဒီဝီရာ၊ ဒေးဗစ်ဆန်ဆန်းချက်၊ဒ န်နီရို့စ်၊အလယ်တန်းကစားသမား များအဖြစ် အဲရစ်ဆင်၊ဟယ်ရီဝင့်ခ်၊အမ်ဒွန်ဘီလီ၊ ဆစ်ဆိုခို၊ ရှေ့တန်း ကစားသမားများအဖြစ် ဟယ်ရီကိန်းနဲ့ လာမယ်လာတို့ ပါဝင် ကစား လာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက အာဆင်နယ်အသင်းဘက်မှ သရေ ၃၅ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး သရေ ဖွင့်လှစ်ထားပါတယ်။နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၂၂ ကြိမ်မှာ အာဆင်နယ် အသင်းက ၉ ပွဲနိုင် ၆ ပွဲသရေ ၇ ပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။နည်းပြ ပိုချက်တီနို လက်ထက် မှာ စပါးအသင်းအနေနဲ့ ရလဒ်တွေကောင်းမွန်ခဲ့ပြီး အသင်း စုစည်းမှုရှိခဲ့ပေမယ့် အခုအချိန်မှာတော့ နည်းပြပိုချက်တီနို အသင်း မှ ထွက်ခွာမယ်လို့ သတင်းတွေဖြစ်ပေါ်နေပြီး အသင်းအတွင်း ပြဿနာ များဖြစ်ပွားနေတယ်လို့ သတင်းများထွက်ပေါ်လို့နေပါတယ်။ အခုပွဲစဉ် ဟာ ဒါဘီပွဲစဉ်ဖြစ်ပြီး အသင်း လိုက်စုစည်းမှုပိုမိုကောင်းမွန်ပြီး နောက်ဆုံး အိမ်ကွင်း ၂ နှစ်ဆက်တိုက် စပါးအသင်းကို အနိုင်ရရှိထားတဲ့ အာဆင်နယ်အသင်းသာ နိုင်ပွဲရရှိသွားနိုင်ကြောင်း ---

KON (SPORT)

(  Zawgyi  )

 ပရီးမီးယားလိဂ္ ပြဲစဥ္ (၄)အျဖစ္ အာဆင္နယ္အသင္း နဲ႔ စပါးအသင္းတို႔ ယေန႔ည ၇ နာရီခြဲ  အခ်ိန္မွာ အာဆင္နယ္ ရဲ႕ အိမ္ကြင္းျဖစ္တဲ့ အီးမရိတ္ ကြင္း မွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ နယူးကာဆယ္ အသင္းရဲ႕ အိမ္ကြင္းမွာ သြား ေရာက္ကစားခဲ့ရာမွာ ေဘာလုံး ပိုင္ဆိုင္မႈ ၆၂ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးသြင္းခြင့္ ၈ ႀကိမ္ ရရွိခဲ့ကာ ဝ-၁ ဂိုးနဲ႔ အႏိုင္ ရရွိခဲ့ပါတယ္။ဒုတိယပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ဘန္ေလ အသင္း နဲ႔ယွဥ္ၿပိဳင္ ကစားခဲ့ရာမွာ ေဘာလုံး ပိုင္ဆိုင္ခြင့္ ၆၇ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ဂိုးကန္သြင္း ခြင့္ ၁၅ ႀကိမ္ရရွိခဲ့ကာ ၂-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ပြဲစဥ္(၃)အျဖစ္ လီဗာပူ အသင္းရဲ႕အိမ္ကြင္းမွာ သြားေရာက္ကစားခဲ့ ရာမွာေတာ့ ေဘာလုံးပိုင္ဆိုင္ခြင့္ ၄၈ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ ကန္ သြင္း ခြင့္ ၉ ႀကိမ္ ရရွိခဲ့ကာ ၃-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ ပြဲစဥ္ ၃ ပြဲ ကစားအၿပီး ရမွတ္ ၆ မွတ္နဲ႔ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနပါတယ္။
အခုပြဲစဥ္မွာ ဂိုး ဘားနက္လီယို၊ေနာက္တန္းကစားသမားမ်ားအျဖစ္ အင္စလီ၊ဆိုရာတစ္၊ေဒးဗစ္လုခ္၊ နာခ်ိဳ၊ အလယ္တန္းကစားသမားမ်ား အျဖစ္ ဒန္နီယယ္၊ဂြမ္ဒိုဇီ၊၊ဂ်ိဳ႕စ္ဝီးေလာ့၊ ဂရိန႔္ဟာခါ ၊ေရွ႕တန္းကစား သမားမ်ားအျဖစ္ အူဘာမီးယန္း ၊ပီပီ တို႔ပါဝင္ကစားလာႏိုင္ပါတယ္။

စပါးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ အက္စတြန္ဗီလာအသင္း နဲ႔ယွဥ္ၿပိဳင္ကစား ခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္းအထိရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၃၁ ႀကိမ္ရရွိခဲ့ကာ ၃-၁ နဲ႔ အႏိုင္ရ ရွိခဲ့ပါတယ္။ ပြဲစဥ္ (၂)အျဖစ္ မန္စီးတီးအသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့ရာမွာေတာ့ ေဘာလုံးပိုင္ဆိုင္ခြင့္ ၄၄ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ ကန္သြင္းမႈ ၃ ႀကိမ္ရရွိခဲ့ကာ ၂-၂ သေရ ရရွခဲ့ပါတယ္။ ပြဲစဥ္ (၃ )အျဖစ္ အိမ္ကြင္းမွာ နယူးကာဆယ္အသင္းနဲ႔ ကစားခဲ့ရာမွာေတာ့ ေဘာလုံး ပိုင္ဆိုင္ခြင့္ ၈၀ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းခြင့္ ၁၇ ႀကိမ္ရရွိ ခဲ့ေပမယ့္ ဝ-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ ပြဲစဥ္(၃)ပြဲကစားအၿပီး ရမွတ္ ၄ မွတ္နဲ႔ အဆင့္ ၁၀ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။

အခုပြဲစဥ္ကို ဂိုး လိုရစ္၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ေဝါ့ကာ၊ အန္ဒီဝီရာ၊ ေဒးဗစ္ဆန္ဆန္းခ်က္၊ဒ န္နီ႐ို႕စ္၊အလယ္တန္းကစားသမား မ်ားအျဖစ္ အဲရစ္ဆင္၊ဟယ္ရီဝင့္ခ္၊အမ္ဒြန္ဘီလီ၊ ဆစ္ဆိုခို၊ ေရွ႕တန္း ကစားသမားမ်ားအျဖစ္ ဟယ္ရီကိန္းနဲ႔ လာမယ္လာတို႔ ပါဝင္ ကစား လာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက အာဆင္နယ္အသင္းဘက္မွ သေရ ၃၅ အရႈံးဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး သေရ ဖြင့္လွစ္ထားပါတယ္။ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၂၂ ႀကိမ္မွာ အာဆင္နယ္ အသင္းက ၉ ပြဲႏိုင္ ၆ ပြဲသေရ ၇ ပြဲရႈံးရလဒ္ ရရွိခဲ့ပါတယ္။နည္းျပ ပိုခ်က္တီႏို လက္ထက္ မွာ စပါးအသင္းအေနနဲ႔ ရလဒ္ေတြေကာင္းမြန္ခဲ့ၿပီး အသင္း စုစည္းမႈရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ နည္းျပပိုခ်က္တီႏို အသင္း မွ ထြက္ခြာမယ္လို႔ သတင္းေတြျဖစ္ေပၚေနၿပီး အသင္းအတြင္း ျပႆနာ မ်ားျဖစ္ပြားေနတယ္လို႔ သတင္းမ်ားထြက္ေပၚလို႔ေနပါတယ္။ အခုပြဲစဥ္ ဟာ ဒါဘီပြဲစဥ္ျဖစ္ၿပီး အသင္း လိုက္စုစည္းမႈပိုမိုေကာင္းမြန္ၿပီး ေနာက္ဆုံး အိမ္ကြင္း ၂ ႏွစ္ဆက္တိုက္ စပါးအသင္းကို အႏိုင္ရရွိထားတဲ့ အာဆင္နယ္အသင္းသာ ႏိုင္ပြဲရရွိသြားႏိုင္ေၾကာင္း ---

KON (SPORT)