【 အားကစား 】လက်စတာ အိမ်ကွင်းမှာ အိမ်ရှင်ကိုငြင်းပယ်ပြီး မန်စီးတီးနဲ့ လက်တွဲမယ်

【 အားကစား 】လက်စတာ အိမ်ကွင်းမှာ အိမ်ရှင်ကိုငြင်းပယ်ပြီး မန်စီးတီးနဲ့ လက်တွဲမယ်

ယနေ့ည ၂ နာရီ ၁၅ မိနစ်မှာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် လက်စတာနဲ့ မန်စီးတီးအသင်းတို့ လက်စတာ ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

ဒီရာသီ လက်စတာအသင်း ခြေစွမ်းက မတည်ငြိမ်ခဲ့သလို အိမ်ရှင် လက်စတာအသင်းကတော့ ရောဘတ်ဟုသ်၊ အီလော့တီမိုရ်၊ ကော်နာဝုဒ်၊ မာရက်ဇ်၊ ဟာဗေးဘန်နာ၊ ဘန်ဟာမာ၊ မူဆာ၊ ဂျော့သောမက် တို့ကို ထွက်ခွာခွင့်ပေးခဲ့သလို အဓိက ကစားသမားတွေ၊ နည်းပြတွေ ဆက်တိုက်ပြောင်းခဲ့လို့ တန်းတင်ကျန်ခဲ့ရဖို့တောင် မနည်းလုပ်ခဲ့ရပြီး အလူးအလဲ ကြိုးစားကစားခဲ့ရပါတယ်။အထူးသဖြင့် ကွင်းလယ်က ကန်တေ၊ ဒရင့်ဝါးတား၊ မာရက်ဇ် တို့ နှစ်ရာသီဆက်တိုက် ထွက်သွားလို့ ကွင်းလယ်ပြိုလဲမှုဒဏ်ကို ယခုထိခံနေဆဲဖြစ်ပါတယ်။လက်စတာအသင်းရဲ့ ရာသီအကြို ပြင်ဆင်မှုကို ကြည့်မယ်ဆိုရင်လည်း လောက်လောက်လားလား ခေါ်ယူမှုမရှိဘဲ ပေါ်တိုအသင်းက ရီကာဒို ပရဲရား၊ ဝက်စ်ဘရွန်းက ဂျွန်နီအီဗန်စ်၊ နော်ဝှစ်ချ်က ဂျိမ်းစ် မေဒီဆင်၊ လီဗာပူးလ် က ဒန်နီဝက်၊ မိုနာကိုအသင်းက ရေချယ်လ်ဂီဇယ်လ်၊ ဒိုင်နမိုဇာဂရက်က ဖီးလစ်ဗန်ကိုဗစ်၊ ဖရိုင်းဖတ်က ကာဂလာဆို တို့ကို ခေါ်ယူထားပါတယ်။ဒါကြောင့်လည်း ဒီရာသီမှာ လက်စတာ ခြေစွမ်းက အောက်ဘက်ကျနေပြီး လတ်တလောကစားခဲ့တဲ့ ပွဲတွေမှာလည်း ဖူလ်ဟမ်ကို သရေ၊ စပါးနဲ့ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ကာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပါတယ်။ဒါပေမယ့် ကာရာဘောင်ဖလား ပွဲစဉ်တစ်လျှောက် ပြန်ကြည့်မယ်ဆိုရင် ဝုလ်ဗ်၊ ဆောက်သမ်တန်တို့ကို ပွဲချိန်ပြည့်အထိ ဂိုးမရှိသရေ ကစားကာ အချိန်ပိုမှာ သွင်းဂိုးတွေ ပယ်နယ်တီတွေနဲ့ အနိုင်ယူပြီး ဒီအဆင့်ကို တက်ခဲ့တာပါ။လက်စတာ ဒီရာသီကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၈ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲသရေ ၃ ပွဲရှုံးထားပါတယ်။

ဒီရာသီမှာ မန်စီးတီးအသင်းကတော့ ဒီရာသီမှာ လူဟောင်းအများအပြားကို ဆက်ထိန်းခဲ့ပြီး လက်စတာက မာရက်ဇ် ကိုသာ လောက်လောက်လားလား ခေါ်ယူခဲ့တာပါ။ယခုရာသီမှာ တစ်ပြိုင်နက်ထဲ ဖလား ၄ လုံး လမ်းကြောင်းပေါ် ရောက်နေပြီး  ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အောက် တစ်မှတ်အကွာ ဒုတိယနေရာ၊ ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်၊ ယခု ကာရာဘောင်မှာ ကွာတားဖိုင်နယ်နဲ့ FA ဖလားမှာလည်း အခြေအနေကောင်းနေပါတယ်။လက်ရှိ မန်စီးတီးရဲ့ ယခုရာသီ အဝေးကွင်းပွဲ ၈ ပွဲကို ပြန်ကြည့်ရင် ၅ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။လတ်တလောကစားထားတဲ့  အဝေးကွင်း ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။လက်ရှိနည်းပြ ဂွါဒီယိုလာ အနေနဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်ကို ကိုင်တွယ်စဉ်မှာ ရနိုင်သမျှ ဖလားမှန်သမျှ ယူလေ့ရှိခဲ့တဲ့အတွက် လက်တစ်ကမ်းရောက်နေတဲ့ ဖလားတစ်လုံးကို လက်လွှတ်ဖွယ် မမြင်ပါဘူး။ဒါ့အပြင် ကွာတားဖိုင်နယ်ပွဲတွေဖြစ်လို့ လက်စတာကို မန်စီးတီးက ညှာဖွယ်မမြင်သလို လက်စတာကလည်း ကျားကုန်ကျားခဲ ကစားကြမှာဖြစ်လို့ အခွင့်အရေးပေးရင် ဂိုးရအောင်သွင်းပြီး ပိတ်ဆို့ကစားကြမှာဖြစ်လို့ ဂိုးနည်းဖို့ များပါတယ်။

 

ဒီပွဲမှာ အိမ်ရှင် လက်စတာအသင်းကလည်း ဂိုး - ရှမိုက်ကယ်၊ နောက်တန်း - ဘန်ချီ ဝဲလ်၊ ဝက်စ်မော်ဂန်၊ ဂျွန်နီအီဗနစ်၊ ရီကာဒို ပရဲရား၊ အလယ်တန်း - အန်ဒီဒီ၊ အယ်လ်ဘရိုက်တန်၊ ဂျိမ်းမေဒီဆန်၊ အိုင်ဘိုရာ၊ ရှေ့တန်း - ဒီရာဘီတိတ်၊ နာချို တို့နဲ့ ပွဲထွက်လာဖို့များပြီး၊

မန်စီးတီးအသင်းကတော့ ဂိုး - အီဒါဆန်၊ နောက်တန်း - ဒန်နီလို၊ ကွန်ပနီ၊ လာပေါ်တီ၊ ဇင်ချန်ကို၊ အလယ်တန်း - ဘာနာဒိုဆေးလ်ဗားလ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ရှေ့တန်း - စတာလင်၊ ဆာနေး၊ ဂါဘရီရယ်ဂျီးဆပ်စ် တို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ယခုပွဲကို ဘွတ်ကီဒိုင်တွေက မန်စီးတီးဘက်ကနေ တစ်လုံး ပြား ၅၀ အရှုံးပေးထားပြီး နှစ်သင်းပေါင်း သုံးဂိုးကို သရေပေးထားပါတယ်။

ဒီဈေးအရဆိုနှစ်ဂိုးပြတ်မှ ကြေးနိုင်မယ့် မန်စီးတီးနဲ့ ဂိုးအောက်နေတာက အဆင်ပြေဖို့များနေပါကြောင်း……။

KON (SPORT)
ဒီဇင်ဘာ - ၁၈

( Zawgyi )

ယေန႔ည ၂ နာရီ ၁၅ မိနစ္မွာ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္ပြဲအျဖစ္ လက္စတာနဲ႔ မန္စီးတီးအသင္းတို႔ လက္စတာ ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။

ဒီရာသီ လက္စတာအသင္း ေျခစြမ္းက မတည္ၿငိမ္ခဲ့သလို အိမ္ရွင္ လက္စတာအသင္းကေတာ့ ေရာဘတ္ဟုသ္၊ အီေလာ့တီမိုရ္၊ ေကာ္နာဝုဒ္၊ မာရက္ဇ္၊ ဟာေဗးဘန္နာ၊ ဘန္ဟာမာ၊ မူဆာ၊ ေဂ်ာ့ေသာမက္ တို႔ကို ထြက္ခြာခြင့္ေပးခဲ့သလို အဓိက ကစားသမားေတြ၊ နည္းျပေတြ ဆက္တိုက္ေျပာင္းခဲ့လို႔ တန္းတင္က်န္ခဲ့ရဖို႔ေတာင္ မနည္းလုပ္ခဲ့ရၿပီး အလူးအလဲ ႀကိဳးစားကစားခဲ့ရပါတယ္။အထူးသျဖင့္ ကြင္းလယ္က ကန္ေတ၊ ဒရင့္ဝါးတား၊ မာရက္ဇ္ တို႔ ႏွစ္ရာသီဆက္တိုက္ ထြက္သြားလို႔ ကြင္းလယ္ၿပိဳလဲမႈဒဏ္ကို ယခုထိခံေနဆဲျဖစ္ပါတယ္။လက္စတာအသင္းရဲ႕ ရာသီအႀကိဳ ျပင္ဆင္မႈကို ၾကည့္မယ္ဆိုရင္လည္း ေလာက္ေလာက္လားလား ေခၚယူမႈမရွိဘဲ ေပၚတိုအသင္းက ရီကာဒို ပရဲရား၊ ဝက္စ္ဘ႐ြန္းက ဂြၽန္နီအီဗန္စ္၊ ေနာ္ဝွစ္ခ်္က ဂ်ိမ္းစ္ ေမဒီဆင္၊ လီဗာပူးလ္ က ဒန္နီဝက္၊ မိုနာကိုအသင္းက ေရခ်ယ္လ္ဂီဇယ္လ္၊ ဒိုင္နမိုဇာဂရက္က ဖီးလစ္ဗန္ကိုဗစ္၊ ဖ႐ိုင္းဖတ္က ကာဂလာဆို တို႔ကို ေခၚယူထားပါတယ္။ဒါေၾကာင့္လည္း ဒီရာသီမွာ လက္စတာ ေျခစြမ္းက ေအာက္ဘက္က်ေနၿပီး လတ္တေလာကစားခဲ့တဲ့ ပြဲေတြမွာလည္း ဖူလ္ဟမ္ကို သေရ၊ စပါးနဲ႔ ခရစၥတယ္ပဲေလ့စ္ကို ရႈံးနိမ့္ကာ ၃ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ေနပါတယ္။ဒါေပမယ့္ ကာရာေဘာင္ဖလား ပြဲစဥ္တစ္ေလွ်ာက္ ျပန္ၾကည့္မယ္ဆိုရင္ ဝုလ္ဗ္၊ ေဆာက္သမ္တန္တို႔ကို ပြဲခ်ိန္ျပည့္အထိ ဂိုးမရွိသေရ ကစားကာ အခ်ိန္ပိုမွာ သြင္းဂိုးေတြ ပယ္နယ္တီေတြနဲ႔ အႏိုင္ယူၿပီး ဒီအဆင့္ကို တက္ခဲ့တာပါ။လက္စတာ ဒီရာသီကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အိမ္ကြင္း ၈ ပြဲမွာ ၃ ပြဲႏိုင္ ၂ ပြဲသေရ ၃ ပြဲရႈံးထားပါတယ္။

ဒီရာသီမွာ မန္စီးတီးအသင္းကေတာ့ ဒီရာသီမွာ လူေဟာင္းအမ်ားအျပားကို ဆက္ထိန္းခဲ့ၿပီး လက္စတာက မာရက္ဇ္ ကိုသာ ေလာက္ေလာက္လားလား ေခၚယူခဲ့တာပါ။ယခုရာသီမွာ တစ္ၿပိဳင္နက္ထဲ ဖလား ၄ လုံး လမ္းေၾကာင္းေပၚ ေရာက္ေနၿပီး  ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ေအာက္ တစ္မွတ္အကြာ ဒုတိယေနရာ၊ ခ်န္ပီယံလိဂ္မွာ ၁၆ သင္းအဆင့္၊ ယခု ကာရာေဘာင္မွာ ကြာတားဖိုင္နယ္နဲ႔ FA ဖလားမွာလည္း အေျခအေနေကာင္းေနပါတယ္။လက္ရွိ မန္စီးတီးရဲ႕ ယခုရာသီ အေဝးကြင္းပြဲ ၈ ပြဲကို ျပန္ၾကည့္ရင္ ၅ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးထားပါတယ္။လတ္တေလာကစားထားတဲ့  အေဝးကြင္း ၅ ပြဲမွာ ၄ ပြဲႏိုင္ ၁ ပြဲရႈံးထားပါတယ္။လက္ရွိနည္းျပ ဂြါဒီယိုလာ အေနနဲ႔ ဘာစီလိုနာနဲ႔ ဘိုင္ယန္ကို ကိုင္တြယ္စဥ္မွာ ရႏိုင္သမွ် ဖလားမွန္သမွ် ယူေလ့ရွိခဲ့တဲ့အတြက္ လက္တစ္ကမ္းေရာက္ေနတဲ့ ဖလားတစ္လုံးကို လက္လႊတ္ဖြယ္ မျမင္ပါဘူး။ဒါ့အျပင္ ကြာတားဖိုင္နယ္ပြဲေတြျဖစ္လို႔ လက္စတာကို မန္စီးတီးက ညႇာဖြယ္မျမင္သလို လက္စတာကလည္း က်ားကုန္က်ားခဲ ကစားၾကမွာျဖစ္လို႔ အခြင့္အေရးေပးရင္ ဂိုးရေအာင္သြင္းၿပီး ပိတ္ဆို႔ကစားၾကမွာျဖစ္လို႔ ဂိုးနည္းဖို႔ မ်ားပါတယ္။

ဒီပြဲမွာ အိမ္ရွင္ လက္စတာအသင္းကလည္း ဂိုး - ရွမိုက္ကယ္၊ ေနာက္တန္း - ဘန္ခ်ီ ဝဲလ္၊ ဝက္စ္ေမာ္ဂန္၊ ဂြၽန္နီအီဗနစ္၊ ရီကာဒို ပရဲရား၊ အလယ္တန္း - အန္ဒီဒီ၊ အယ္လ္ဘ႐ိုက္တန္၊ ဂ်ိမ္းေမဒီဆန္၊ အိုင္ဘိုရာ၊ ေရွ႕တန္း - ဒီရာဘီတိတ္၊ နာခ်ိဳ တို႔နဲ႔ ပြဲထြက္လာဖို႔မ်ားၿပီး၊

မန္စီးတီးအသင္းကေတာ့ ဂိုး - အီဒါဆန္၊ ေနာက္တန္း - ဒန္နီလို၊ ကြန္ပနီ၊ လာေပၚတီ၊ ဇင္ခ်န္ကို၊ အလယ္တန္း - ဘာနာဒိုေဆးလ္ဗားလ္၊ ေဒးဗစ္ေဆးလ္ဗား၊ ဖာနန္ဒင္ဟို၊ ေရွ႕တန္း - စတာလင္၊ ဆာေနး၊ ဂါဘရီရယ္ဂ်ီးဆပ္စ္ တို႔နဲ႔ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

ယခုပြဲကို ဘြတ္ကီဒိုင္ေတြက မန္စီးတီးဘက္ကေန တစ္လုံး ျပား ၅၀ အရႈံးေပးထားၿပီး ႏွစ္သင္းေပါင္း သုံးဂိုးကို သေရေပးထားပါတယ္။

ဒီေဈးအရဆိုႏွစ္ဂိုးျပတ္မွ ေၾကးႏိုင္မယ့္ မန္စီးတီးနဲ႔ ဂိုးေအာက္ေနတာက အဆင္ေျပဖို႔မ်ားေနပါေၾကာင္း……။

KON (SPORT)
ဒီဇင္ဘာ - ၁၈