【 အားကစား 】မာနေးဦးဆောင်တဲ့ ဆီနီဂေါအသင်းရလဒ်ကောင်းမလား

【 အားကစား 】မာနေးဦးဆောင်တဲ့ ဆီနီဂေါအသင်းရလဒ်ကောင်းမလား

အာဖရိကဖလား ရှုံးထွက် ကွာတား ပွဲစဉ်အဖြစ် ဆီနီဂေါအသင်းနဲ့  ဘီနင်အသင်းတို့ ယနေ့  ည ၁၁ နာရီ  အချိန်မှာ ယှဉ်ပြိုင် ကစားကြ မှာဖြစ်ပါတယ်။

နည်းပြဆစ်စီရဲ့အသင်းမှာ ဥရောပရောက်ကစားသမားတွေနဲ့ဖွဲ့စည်းထားပြီး စပဲလ်အသင်းရဲ့ ဂိုးသမား ဂိုမစ်၊နောက်တန်းမှာ နာပိုလီအသင်းရဲ့ ကိုလီဘလဲ၊ဘာစီလိုနာအသင်းရဲ့ မိုဆာဝါဂူ၊၊အလယ်တန်းမှာ ဗီလာရီးရဲအသင်းရဲ့  အဲဖရက်ဒိုင်ယေး၊၊ပဲလေ့စ်အသင်းရဲ့ ချီခိုကိုရိတ်၊ အဲဗာတန် အသင်းရဲ့ ဂါနာဂူအေ၊ ရှော့ကေးအသင်းရဲ့ စိန်း၊ စတုတ်အသင်းရဲ့ အန်ဒီအေး၊ရှေ့တန်းမှာ လီဗာပူအသင်းရဲ့ မာနေး၊ မိုနာကိုအသင်းရဲ့ ကီတာဘာဒီ၊နယူးကာဆယ်အသင်းရဲ့ ဆေးဗန့် တို့ပါဝင်ကစားနေပါတယ်။အုပ်စုတွင်းပွဲစဉ်တွေမှာ တန်ဇီးနီးယားအသင်းနဲ့ ကန်ယာအသင်းတွေ ကို အနိုင်ရရှိခဲ့ပြီး အယ်ဂျီးရီးယားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အတွက် အုပ်စု ဒုတိယအနေနဲ့ ရှုံးထက်အဆင့်ကိုတက်ရောက်ခဲ့ပါတယ်။ ရှုံးထွက် အဆင့် မှာ ယုဂန်ဒါအသင်းကို အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

နည်းပြ ဒူဆူယာ ရဲ့ ဘီနင်အသင်းဟာ ဥရောပရောက်ကစားသမားအဖြစ် ဟက်ဒါဖီးအသင်းရဲ့ ရှေ့တန်းတိုက် စစ်မှူး မိုရီနီ ပါဝင်ကစားနေပြီး အုပ်စုတွင်း ပွဲစဉ် ၃ ပွဲစလုံး သရေကျခဲ့ပြီး  အုပ်စု တတိယအသင်း အဖြစ် ရှုံး ထွက်အဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။အဖွင့်ပွဲစဉ် အဖြစ် ဂါနာအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံး ပိုင်ဆိုင် မှု ၅၁ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၄ ကြိမ် ရှိခဲ့ပြီး ၂-၂ နဲ့သရေကျခဲ့ပါတယ်။ ဂွီနီယာဘစ်ဆောအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၆ ကြိမ် ရှိခဲ့ပါတယ်။ကင်မရွမ်း အသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်ရရှိခဲ့ပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ မော်ရိုကို အသင်းနဲ့ ရှုံးထွက် ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၃၃ ရာခိုင်နှုန်းရှိခဲ့ပြီး မိနစ် ၉၀ မှာပေးခဲ့ရတဲ့ ပင်နယ်တီ ကို မော်ရိုကို အသင်းမှ ဝင်အောင်ကန်သွင်းနိုင်ခြင်းမရှိတဲ့ အတွက် ၁-၁ စီ သရေကျခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာ မော်ရိုကိုအသင်းကို အနိုင်ရရှိခဲ့ပြီး အခုအဆင့်ကို တက်ရောက်လာခဲ့တာဖြစ် ပါတယ်။

အခုပွဲကို ဘွန်ကီဒိုင်တွေက ဆီနီဂေါအသင်းဘက်မှ ၁ ဂိုး ၁၀ပြားအရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂ လုံး ၁၀ပြား အနိုင် ဖွင့်လှစ်ထားပါတယ်။နှစ်သင်းစလုံးကို နှိုင်းယှဉ်ကြည့်ရင် ဆီနီဂေါအသင်းဟာ မာနေး ဦးဆောင် ကစား နေပြီး အကောင်းဆုံးခြေစွမ်းတွေကို ပြသထားနိုင်တဲ့ အတွက် ဗိုလ်စွဲရန်ရေးပန်းစားမှု ၃ သင်းစာရင်းမှာ ပါဝင်နေ တာကို တွေ့မြင်ရပါတယ်။ပွဲစဉ်တလျှောက် တစ်ဖက်အသင်းကို အကောင်းဆုံးခြိမ်းခြောက် ကစားနိုင်ပြီး တိုက်စစ်ကလည်း ဂိုးတွေသွင်းယူနိုင်တာကိုတွေ့မြင်ရပါတယ်။

ဘီနင်အသင်းဟာ ကစားပြီး ၄ ပွဲစလုံး ပွဲချိန် မိနစ် ၉၀ အတွင်း မရှုံးနိမ့်အောင် ခံစစ်ပိတ်ဆို့ကစားခဲ့တဲ့အတွက် သရေရလဒ်တွေရရှိခဲ့ပါတယ်။ အခုပွဲစဉ်ကိုလည်း ဆီနီဂေါအသင်းရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို ဘယ်လောက်ထိ ခုခံ ပိတ်ဆို့ကစားမလဲဆိုတာစောင့်ကြည့် ရမယ့်ပွဲစဉ် တစ်ပွဲပဲဖြစ်ပါတယ်-----

KON(SPORT)
 

(  Zawgyi  )

 အာဖရိကဖလား ရႈံးထြက္ ကြာတား ပြဲစဥ္အျဖစ္ ဆီနီေဂါအသင္းနဲ႔  ဘီနင္အသင္းတို႔ ယေန႔  ည ၁၁ နာရီ အခ်ိန္မွာ ယွဥ္ၿပိဳင္ ကစားၾက မွာျဖစ္ပါတယ္။

နည္းျပဆစ္စီရဲ႕အသင္းမွာ ဥေရာပေရာက္ကစားသမားေတြနဲ႔ဖြဲ႕စည္းထားၿပီး စပဲလ္အသင္းရဲ႕ ဂိုးသမား ဂိုမစ္၊ေနာက္တန္းမွာ နာပိုလီအသင္းရဲ႕ ကိုလီဘလဲ၊ဘာစီလိုနာအသင္းရဲ႕ မိုဆာဝါဂူ၊၊အလယ္တန္းမွာ ဗီလာရီးရဲအသင္းရဲ႕  အဲဖရက္ဒိုင္ေယး၊၊ပဲေလ့စ္အသင္းရဲ႕ ခ်ီခိုကိုရိတ္၊ အဲဗာတန္ အသင္းရဲ႕ ဂါနာဂူေအ၊ ေရွာ့ေကးအသင္းရဲ႕ စိန္း၊ စတုတ္အသင္းရဲ႕ အန္ဒီေအး၊ေရွ႕တန္းမွာ လီဗာပူအသင္းရဲ႕ မာေနး၊ မိုနာကိုအသင္းရဲ႕ ကီတာဘာဒီ၊နယူးကာဆယ္အသင္းရဲ႕ ေဆးဗန႔္ တို႔ပါဝင္ကစားေနပါတယ္။အုပ္စုတြင္းပြဲစဥ္ေတြမွာ တန္ဇီးနီးယားအသင္းနဲ႔ ကန္ယာအသင္းေတြ ကို အႏိုင္ရရွိခဲ့ၿပီး အယ္ဂ်ီးရီးယားအသင္းကို ရႈံးနိမ့္ခဲ့တဲ့ အတြက္ အုပ္စု ဒုတိယအေနနဲ႔ ရႈံးထက္အဆင့္ကိုတက္ေရာက္ခဲ့ပါတယ္။ ရႈံးထြက္ အဆင့္ မွာ ယုဂန္ဒါအသင္းကို အႏိုင္ရရွိခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္လာခဲ့တာျဖစ္ပါတယ္။

နည္းျပ ဒူဆူယာ ရဲ႕ ဘီနင္အသင္းဟာ ဥေရာပေရာက္ကစားသမားအျဖစ္ ဟက္ဒါဖီးအသင္းရဲ႕ ေရွ႕တန္းတိုက္ စစ္မႉး မိုရီနီ ပါဝင္ကစားေနၿပီး အုပ္စုတြင္း ပြဲစဥ္ ၃ ပြဲစလုံး သေရက်ခဲ့ၿပီး  အုပ္စု တတိယအသင္း အျဖစ္ ရႈံး ထြက္အဆင့္ကို တက္ေရာက္လာခဲ့တာျဖစ္ပါတယ္။အဖြင့္ပြဲစဥ္ အျဖစ္ ဂါနာအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံး ပိုင္ဆိုင္ မႈ ၅၁ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၄ ႀကိမ္ ရွိခဲ့ၿပီး ၂-၂ နဲ႔သေရက်ခဲ့ပါတယ္။ ဂြီနီယာဘစ္ေဆာအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၅၉ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၆ ႀကိမ္ ရွိခဲ့ပါတယ္။ကင္မ႐ြမ္း အသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၂၈ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၇ ႀကိမ္ရရွိခဲ့ၿပီး ဂိုးမရွိသေရက်ခဲ့ပါတယ္။ ေမာ္႐ိုကို အသင္းနဲ႔ ရႈံးထြက္ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၃၃ ရာခိုင္ႏႈန္းရွိခဲ့ၿပီး မိနစ္ ၉၀ မွာေပးခဲ့ရတဲ့ ပင္နယ္တီ ကို ေမာ္႐ိုကို အသင္းမွ ဝင္ေအာင္ကန္သြင္းႏိုင္ျခင္းမရွိတဲ့ အတြက္ ၁-၁ စီ သေရက်ခဲ့ပါတယ္။ ပင္နယ္တီ အဆုံးအျဖတ္မွာ ေမာ္႐ိုကိုအသင္းကို အႏိုင္ရရွိခဲ့ၿပီး အခုအဆင့္ကို တက္ေရာက္လာခဲ့တာျဖစ္ ပါတယ္။

အခုပြဲကို ဘြန္ကီဒိုင္ေတြက ဆီနီေဂါအသင္းဘက္မွ ၁ ဂိုး ၁၀ျပားအရႈံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၂ လုံး ၁၀ျပား အႏိုင္ ဖြင့္လွစ္ထားပါတယ္။ႏွစ္သင္းစလုံးကို ႏႈိင္းယွဥ္ၾကည့္ရင္ ဆီနီေဂါအသင္းဟာ မာေနး ဦးေဆာင္ ကစား ေနၿပီး အေကာင္းဆုံးေျခစြမ္းေတြကို ျပသထားႏိုင္တဲ့ အတြက္ ဗိုလ္စြဲရန္ေရးပန္းစားမႈ ၃ သင္းစာရင္းမွာ ပါဝင္ေန တာကို ေတြ႕ျမင္ရပါတယ္။ပြဲစဥ္တေလွ်ာက္ တစ္ဖက္အသင္းကို အေကာင္းဆုံးၿခိမ္းေျခာက္ ကစားႏိုင္ၿပီး တိုက္စစ္ကလည္း ဂိုးေတြသြင္းယူႏိုင္တာကိုေတြ႕ျမင္ရပါတယ္။

ဘီနင္အသင္းဟာ ကစားၿပီး ၄ ပြဲစလုံး ပြဲခ်ိန္ မိနစ္ ၉၀ အတြင္း မရႈံးနိမ့္ေအာင္ ခံစစ္ပိတ္ဆို႔ကစားခဲ့တဲ့အတြက္ သေရရလဒ္ေတြရရွိခဲ့ပါတယ္။ အခုပြဲစဥ္ကိုလည္း ဆီနီေဂါအသင္းရဲ႕ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြကို ဘယ္ေလာက္ထိ ခုခံ ပိတ္ဆို႔ကစားမလဲဆိုတာေစာင့္ၾကည့္ ရမယ့္ပြဲစဥ္ တစ္ပြဲပဲျဖစ္ပါတယ္-----

KON(SPORT)