【 အားကစား 】ပေါ်တိုအသင်းကို ဖြုတ်ချခဲ့တဲ့ ခရက်နိုဒါအသင်း ရလဒ်ကောင်းနိုင်မလား

【  အားကစား 】ပေါ်တိုအသင်းကို ဖြုတ်ချခဲ့တဲ့ ခရက်နိုဒါအသင်း ရလဒ်ကောင်းနိုင်မလား

ချန်ပီယံလိဂ်ခြေစစ်ပွဲ ရှုံးထွက် (ပ)အကျော့ ပွဲစဉ်အဖြစ် ဂရိကလပ် အိုလံပီယာကော့စ်အသင်းနဲ့ ရုရှားကလပ် ခရက်နိုဒါ အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ အိုလံပီယာကော့စ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစား တော့မှာဖြစ်ပါတယ်။

အိုလံပီယာကော့စ်အသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များအဖြစ် ဗစ်တိုးရီးယားပယ်ဇန်အသင်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၄၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁ ကြိမ်သာရရှိကာ ဂိုးမရှိသရေကျခဲ့ပါတယ်။အိမ်ကွင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်ရရှိကာ ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။အီစတန်ဘူဘာစက်ဟာ အသင်းအိမ်ကွင်းမှာ ဘောလုံး ပိုင်ဆိုင်မှု ၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၈ ကြိမ်ရရှိခဲ့ကာ ဝ-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။ အိမ်ကွင်းမှာကစားတဲ့ပွဲ စဉ်မှာတော့ ဘောလုံး ပိုင်ဆိုင်ခွင့် ၄၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ် ရရှိခဲ့ကာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ခရန်နိုဒါအသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ်ပေါ်တိုအသင်းနဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်ခွင့် ၄၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၈ ကြိမ်ရရှိခဲ့ကာ ဝ-၁ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ်။ အဝေးကွင်းမှာတော့ ဘောလုံးပိုင်ဆိုင်ခွင့် ၃၆ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၅ ကြိမ်ရရှိခဲ့ကာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် အခုအဆင့်ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုပွဲစဉ် ကို ဘွတ်ကီဒိုင်တွေက အိုလံပီယာကော့စ် အသင်းဘက်မှ သရေ ၇၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂ လုံး ၂၀ အရှုံးဖွင့်လှစ်ထားပါတယ်။ နှစ်သင်းတွေ့ဆုံမှုအဖြစ် ၂၀၁၄ ခုနှစ်က အိုလံပီယာကော့စ်ရဲ့ အိမ်ကွင်းမှာ  ချစ်ကြည် ရေးခြေစမ်းပွဲ ၁ ကြိမ်ကစားထားပြီး ခရတ်နိုဒါအသင်းက ဝ-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပေါ်တိုအသင်းကို အနိုင်ယူပြီးအခုအဆင့်ကိုတက်ရောက်လာတဲ့ ခရတ်နိုဒါအသင်းဟာ စိတ်ဓာတ်အမြင့်ဆုံး ကိုရောက်ရှိနေမှာဖြစ်ပြီး အိုလံပီယာကော့စ်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားလာနိုင်ပါတယ်။ အိုလံပီယာကော့စ်အသင်းအနေနဲ့ အတွေ့အကြုံအပိုင်းမှာ ခရတ်နိုဒါ အသင်းထက် သာလွန်နေပြီး အိမ်ကွင်း ကစားအားကောင်းမွန်တဲ့အသင်းပီပီ ချန်ပီယံလိဂ် ပြိုင်ပွဲသက်တမ်းတလျှောက် အသင်းကြီးတွေကို အိမ်ကွင်းမှာ အနိုင်ယူထားတဲ့ အစဉ်အလာအရ အခုပွဲစဉ်မှာလည်း ခရတ်နိုဒါအသင်းကို အိမ်ကွင်းအားနဲ့ အနိုင်ယူသွားနိုင်တဲ့ အတွက် အိုလံပီယာကော့စ်အသင်းနဲ့သာလက်တွဲသင့်ပါကြောင်း ---

KON(SPORT)
 

(  Zawgyi  )





KON(SPORT)