【 အားကစား 】နိုင်ငံတကာချန်ပီယံများဖလားမှာ ယှဉ်ပြိုင်မယ့် မန်ယူ နဲ့ စပါး

  【  အားကစား  】နိုင်ငံတကာချန်ပီယံများဖလားမှာ ယှဉ်ပြိုင်မယ့် မန်ယူ နဲ့ စပါး

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ နိုင်ငံတကာချန်ပီယံများဖလားပွဲစဉ်အဖြစ်  မန်ယူ အသင်း နဲ့ စပါးအသင်းတို့ ယနေ့ည ၆ နာရီအချိန်မှာယှဉ်ပြိုင် ကစား မှာဖြစ်ပါ တယ်။

အသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်နေ တဲ့နိုင်ငံတကာ ချန်ပီယံများ ဖလား ပွဲစဉ် မှာ မန်ယူအသင်းနဲ့စပါးအသင်းတို့ ဒုတိယပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ဖီအိုရင်တီးနား အသင်းကို အနိုင် ရရှိထားပြီး ရီးရဲလ်အသင်းကို ပွဲကစားချိန်အတွင်းသရေကျခဲ့တဲ့ အာဆင်နယ်အသင်းက ဗိုလ်စွဲ နိုင်ဖို့ အခွင့် အရေးများလျှက်ရှိပါတယ်။
နည်းပြဆိုးရှာလ်းရဲ့မန်ယူအသင်းမှာ အခုပွဲစဉ်ကို ဆန်းချက်ခ် ပါဝင်နိုင် မှာ မဟုတ်ဘဲ ရာသီကြို ခြေစမ်းပွဲတွေ အဖြစ်ကစားခဲ့တဲ့ ပက်ဂလိုရီနဲ့ လိဒ်အသင်းတွေကို ၃-၀ ဂိုးတွေနဲ့ခြေစွမ်းပြအနိုင်ယူထားပြီး ICC ပထမ ပွဲစဉ်မှာ အင်တာအသင်းကို ၁-၀ နဲ့အနိုင်ယူထားပါတယ်။ အင်တာ အသင်း နဲ့ ပွဲစဉ်မှာ ကစားသမား ၁၁ ဦးအထိလဲလှယ် ကစားခဲ့ပါတယ်။

စပါးအသင်းအနေနဲ့ ICC ဖလားပြိုင်ပွဲ ၉ ပွဲကစားခဲ့ရာမှာ  ဂိုးမရတဲ့ပွဲ ၂ ပွဲသာရှိခဲ့ပါတယ်။နည်းပြပိုချက်တီနိုရဲ့စပါးအသင်းဟာ အဲရစ်ဆင်၊ ဒိုင်ယာ၊ ဒန်နီရိုစ်၊ဘန်ဒေးဗိစ်တို့မပါဝင်ပေမယ့် ဟယ်ရီကိန်း ၊ ဆွန်ယောင်မင်၊ အဲရစ်ဆင်၊အာလီ တို့နဲ့အတောင့်တင်းဆုံးပြိုင်ပွဲဝင် လာ တာဖြစ်ပြီး စံချိန်တင်ပြောင်း ရွှေ့ကြေး နဲ့ခေါ်ယူထားတဲ့ ကွင်းလယ် ကစား သမား အန်ဒွန်ဘီလီရဲ့ခြေစွမ်းကိုလည်း စောင့်ကြည့်ရမှာဖြစ် ပါ တယ်။

ပထမပွဲစဉ်မှာ ဂျူဗင်တပ်အသင်းကို ၃-၂ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ကစားသမား ၁၀ဦးအထိလဲလှယ်ကစားခဲ့ပါတယ်။အခုပွဲကိုဘွတ်ကီဒိုင်တွေ က စပါး အသင်းဘက်မှ သရေ ၁၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၄၅ အနိုင်ဖွင့် လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၉ ပွဲမှာ မန်ယူအသင်းက ၉ ပွဲနိုင် ၆ ပွဲရှုံး ၄ ပွဲသရေရလဒ်ရရှိထားပါတယ်။ စပါး အသင်းအနေနဲ့ နည်းပြပိုချက်တီနို လက်အောက်မှာ အသင်းတည်ငြိမ်မှုရှိလာပြီး အကောင်းဆုံးစုဖွဲ့မှုကို ပိုင်ဆိုင် နေပြီဖြစ်ပါတယ်။မန်ယူအသင်းဟာနည်းပြဆိုးရှာလ်ရဲ့ဦးဆောင် မှုနဲ့ အသင်းကို ပြန်လည်တည် ဆောက်နေပြီး မတည်ငြိမ်သေးပေမယ် သမိုင်းတလျှောက် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ သမိုင်းကြောင်းအစဉ်အလာတွေအရ အခုပွဲကို လည်းမရှုံးနိမ့်နိုင်တဲ့ အတွက် မန်ယူအသင်းနဲ့သာ လက်တွဲသင့် ပါကြောင်း------

KON(SPORT)

(  Zawgyi  )






KON(SPORT)