【 အားကစား 】တန်းဆင်းဇုန်ကလွတ်မြောက်ဖို့တိုက်ပွဲဝင်မယ့်အီဘာ
 【  အားကစား  】တန်းဆင်းဇုန်ကလွတ်မြောက်ဖို့တိုက်ပွဲဝင်မယ့်အီဘာ
စပိန်လာလီဂါ ပွဲစဉ် ၁၁ အဖြစ် အီဘာအသင်းနဲ့ ဗီလာရီးရဲလ်အသင်းတို့ ယနေ့ည ၁၂ နာရီ ခွဲအချိန်မှာ အီဘာအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
အီဘာအသင်း အနေနဲ့ လာလီဂါအိမ်ကွင်းပွဲစဉ်တွေမှာ ဆီဗီးလား၊ ဆဲလ်တာ ဗီဂိုအသင်းတွေကိုအနိုင်ရရှိခဲ့ပြီး အက်ပန်ညို၊ဘာစီလိုနာ အသင်းတွေကိုရှုံးနိမ့်ခဲ့ပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာ အိုဆာတူနာ၊ ဘက်တစ်၊လီဗန်တေးအသင်းတွေနဲ့ သရေရလဒ်ရရှိခဲ့ပြီး မာယော့ကာ၊ အက်သလက်တီကို၊ဗယ်လာဒိုလစ်အသင်းတွေကိုရှုံးနိမ့်ခဲ့တဲ့အတွက် ၁၀ပွဲကစားအပြီး ၉ မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့် ၁၇ မှာ ရပ်တည် လျှက်ရှိပါတယ်။
ဗီလာရီးရဲလ် အသင်း အနေနဲ့ လာလီဂါအိမ်ကွင်းပွဲစဉ်တွေမှာ ဗယ်လာဒိုလစ်၊ ဘက်တစ်၊အယ်လာဗတ်အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ရီးရဲလ်၊ ဂရန်နာဒါအသင်းတွေနဲ့သရေရလဒ်ရရှိခဲ့ပါတယ်။
အဝေးကွင်းပွဲစဉ်တွေမှာ လီဂါနက်၊အက်ပန်ညိုအသင်းတွေကိုအနိုင်ရရှိ ခဲ့ပြီး လီဗန်တေး၊ ဘာစီလိုနာ၊အိုဆာဆူနာအသင်းတွေကို ရှုံးနိမ့်ခဲ့တဲ့ အတွက် ၁၀ပွဲကစားအပြီး ၁၇ မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့် ၇ မှာ ရပ်တည်လျှက် ရှိပါတယ်။
အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဗီလာရီးရဲလ်အသင်းဘက်မှ သရေ ၃၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃လုံး ၉၀ အနိုင်ဖွင့်လှစ်ထားပါတယ်။
ဗီလာရီးရဲလ်အသင်းအနေနဲ့ အခုပွဲစဉ်ကိုအနိုင်ရရှိပါက အမှတ်ပေးဇယား အဆင့် ၃အထိတက်ရောက်နိုင်မှာဖြစ်တဲ့အတွက် အနိုင်ရရှိဖို့ကြိုးစား  ကစားလာမှာဖြစ်ပါတယ်။
အီဘာအသင်းအနေနဲ့တန်းဆင်းဇုန်အသင်းဖြစ်တဲ့ဆဲလ်တာဗီဂိုအသင်းနဲ့ရမှတ်တူနေပေမယ့် ဂိုးကွာခြား ချက်ကြောင့် သာတန်းဆင်းဇုန်းအထက်မှာ ရပ်တည်ခွင့်ရနေတဲ့အတွက် အခုပွဲစဉ်ကိုနိုင်ပွဲရယူဖို့ကြိုးစား လာမှာဖြစ် ပါတယ်။
နှစ်သင်းတွေ့ဆုံမှု ၁၀ပွဲမှာ ဗီလာရီးရဲလ်အသင်းက ၄ပွဲနိုင် ၃ပွဲသရေ ၃ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။အီဘာ အိမ်ကွင်းမှာကစားခဲ့တဲ့ နောက်ဆုံး၃ကြိမ် မှာ အီဘာအသင်းက ၂ပွဲနိုင် ၁ပွဲသရေရလဒ်ရရှိခဲ့ပါတယ်။ အီဘာအသင်း အနေနဲ့ တန်းဆင်းဇုန်မှလွတ်မြောက်ဖို့တိုက်စစ်ဖွင်းကစားနေပြီး အိမ်ကွင်း မှာ ဘာစီလိုနာအသင်းကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု ၄၅ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ လာလီဂါနောက်ဆုံး ကစားခဲ့တဲ့ ဗယ်လာဒိုလစ် နဲ့ပွဲစဉ်မှာလည်း ဘောလုံးပိုင်ဆိုင်မှု ၆၄ရာခိုင်နှုန်းထိရှိခဲ့ ပါတယ်။
ခြေစွမ်းပိုင်းနဲ့ ကြိုးစားအားထုတ်မှုကောင်းလာတဲ့အီဘာအသင်းအနေနဲ့ အိမ်ကွင်းအားသာချက်၊ အမှတ်လိုအပ်ချက်၊နှစ်သင်းတွေ္ပ့ဆုံမှု အစဉ် အလာတွေအရအခုပွဲစဉ်ကို အီဘာအသင်းနဲ့သာလက်တွဲ သင့် ပါကြောင်း။။။။။။
KON(SPORT)
(  Zawgyi  )
KON(SPORT)