【 အားကစား 】စီးရီးအေ အောက်ဆုံးနှစ်သင်းတွေ့ဆုံမှုမှာ ဘယ်အသင်းအနိုင်ရမလဲ
 【  အားကစား  】စီးရီးအေ အောက်ဆုံးနှစ်သင်းတွေ့ဆုံမှုမှာ ဘယ်အသင်းအနိုင်ရမလဲ
အီတလီစီးရီးအေ ပွဲစဉ် (၁၁)အဖြစ် စပဲလ် အသင်းနဲ့ ဆမ်ဒိုးရီးယား အသင်းတို့ ယနေ့ည ၂ နာရီ ၁၅မိနစ်အချိန်မှာ စပဲလ် အသင်းရဲ့ အိမ်ကွင်း မှာယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
စပဲလ်အသင်းအနေနဲ့ စီးရီးအေပွဲစဉ်များအဖြစ် အိမ်ကွင်းမှာလာဇီယိုအသင်း၊ ပါးမား အသင်း တွေကိုအနိုင်ရရှိခဲ့ပြီး နာပိုလီအသင်းနဲ့သရေရလဒ်ရရှိခဲ့ကာ အတ္တလန္တာ၊လက်ချီ အသင်းတွေကိုရှုံးနိမ့်ခဲ့ပါတယ်။
အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘိုလော့နာ၊ဆာဆူအိုလို၊ဂျုဗင်တပ်၊ အေစီမီလန်၊ ကာဂရီယာရီအသင်းတွေကိုရှံုးနိမ့်ခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၇ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၉ မှာရပ်တည်လျှက်ရှိပါတယ်။
ဆမ်ဒိုးရီးယားအသင်းအနေနဲ့ စီးရီးအေပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ တိုရီနိုအသင်း ကို အနိုင်ရရှိခဲ့ပြီး ရိုးမား၊လက်ချီအသင်းနဲ့သရေရလဒ်ရရှိခဲ့ကာ လာဇီယို၊အင်တာအသင်း တွေကိုရှံုးနိမ့်ခဲ့ပါတယ်။
အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာ ဆာဆူအိုလို၊နာပိုလီ၊ဖီအိုရင်တီးနား၊ဗီရိုနာ၊ ဘိုလော့နာ အသင်းတွေကိုရှံုးနိမ့်ခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၅ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၂၀ မှာရပ်တည်လျှက်ရှိပါတယ်။
အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက စပဲလ် အသင်းဘက်မှ သရေ ၂၀အရှံုးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂ လုံး ၆၀ အရှံုးဖွင့်လှစ်ထားပါတယ်။
နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်မှာ ဆမ်ဒိုးရီးယားအသင်းက  ၄ ပွဲနိုင် ၁ ပွဲရှံုးနိမ့်ခဲ့ ပါတယ်။စပဲလ်အသင်းအနေနဲ့ ရလဒ်တွေဆိုးရွားနေပေမယ့် ရရှိခဲ့တဲ့အမှတ် ၇ မှတ်က အိမ်ကွင်းမှာရရှိခဲ့တဲ့ရမှတ်တွေဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ နာပိုလီ၊အေစီမီလန် အသင်း ရဲ့ ပွဲစဉ်တွေမှာလည်း အသင်းသားတွေရဲ့ကြိုးစားအားထုတ်မှုကိုတွေ့မြင်ရပါတယ်။
ဆမ်ဒိုးရီးယားအသင်းအနေနဲ့ အိမ်ကွင်းမာကျောတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာ အသင်းကြီး တွေကို ခြေရည်တူလိုက်ကစားနိုင်ခဲ့ပေမယ့် အခုရာသီမှာတော့ အသင်း လိုက် စုစည်းမှုမရှိတော့ဘဲ ခြေစွမ်းကသာမန်အောက်ရောက်ရှိနေပါတယ်။ အဝေး ကွင်းပွဲစဉ် ၅ ပွဲစလုံးလည်း ရှံုးနိမ့်ခဲ့တဲ့အတွက် အခုပွဲစဉ်ကို အိမ်ကွင်းအားသာချက်ရှိတဲ့ စပဲလ်အသင်းနဲ့သာလက်တွဲသင့်ပါတယ်။
ဂိုးပေါင်းစတင်ဖွင့်လှစ်စဉ်က ၃လုံး၉၀ အနိုင်ဖြစ်ပြီး၂လုံး၆၀အထိ စျေးနှုန်းများ ကျဆင်း လာခဲ့ပါတယ်။စပဲလ်အသင်းအနေနဲ့ ၁၀ပွဲကစားအပြီး ရဂိုး ၇ ဂိုးသားရရှိခဲ့ပြီး ဆမ်ဒိုးရီးယား အသင်းကလည်း ရဂိုး ၆ ဂိုးသာရရှိထားတဲ့အတွက် အခုပွဲစဉ်ကိုဂိုးပေါင်း အောက်နဲ့သာလက်တွဲသင့်ပါကြောင်း ---
KON(SPORT)
(  Zawgyi  )
အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘိုလော့နာ၊ဆာဆူအိုလို၊ဂျုဗင်တပ်၊ အေစီမီလန်၊ ကာဂရီယာရီအသင်းတွေကိုရှုံးနိမ့်ခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၇ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၉ မှာရပ်တည်လျှက်ရှိပါတယ်။
ဆမ်ဒိုးရီးယားအသင်းအနေနဲ့ စီးရီးအေပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ တိုရီနိုအသင်း ကို အနိုင်ရရှိခဲ့ပြီး ရိုးမား၊လက်ချီအသင်းနဲ့သရေရလဒ်ရရှိခဲ့ကာ လာဇီယို၊အင်တာအသင်း တွေကိုရှုံးနိမ့်ခဲ့ပါတယ်။
အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာ ဆာဆူအိုလို၊နာပိုလီ၊ဖီအိုရင်တီးနား၊ဗီရိုနာ၊ ဘိုလော့နာ အသင်းတွေကိုရှုံးနိမ့်ခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၅ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၂၀ မှာရပ်တည်လျှက်ရှိပါတယ်။
အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက စပဲလ် အသင်းဘက်မှ သရေ ၂၀အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂ လုံး ၆၀ အရှုံးဖွင့်လှစ်ထားပါတယ်။
KON(SPORT)