【 အားကစား 】စီးရီးအေ အဖွင့်ပွဲစဉ်မှာ အင်တာမီလန်အသင်း ဂိုးပြတ်နိုင်မယ်

  【  အားကစား  】စီးရီးအေ အဖွင့်ပွဲစဉ်မှာ အင်တာမီလန်အသင်း ဂိုးပြတ်နိုင်မယ်

စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ လက်ချီ အသင်တို့ ယနေ့ည ၁ နာရီခွဲ အချိန်မှာ အင်တာမီလန်အသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ ရာသီကြိုပွဲစဉ်တွေကစားခဲ့ရာမှာ လူဂါနို အသင်းကို အနိုင်ရရှိခဲ့ပြီး ဂျူဗင်တပ်၊PSG၊စပါး၊ဗလင်စီယာ အသင်း တို့ နဲ့ သရေကျခဲ့ပြီး မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ နည်းပြ ကွန်တီ ကိုင်တွယ်နေတဲ့ အင်တာမီလန်အသင်းဟာ အက်သလက်တီကို အသင်း မှ ဂိုဒင်၊မန်ယူအသင်းမှ လူကာကူ၊ဟာသာဘာလင်အသင်းမှ လာဇာရို၊ ဆိုးချော့ဖ်အသင်းမှ အဂူမီတို့ကို ခေါ်ယူအားဖြည့်ထားပြီး ဗိုလ်စွဲရန်ရေပန်းစားမှု အနေနဲ့ ဂျူဗင်တပ်အသင်းရဲ့နောက် ဒုတိယနေရာမှာ နာပိုလီအသင်းနဲ့ အတူ ရပ်တည်လျှက်ရှိပါတယ်။

ဂျူဗင်တပ် ၊ ချဲလ်ဆီးအသင်းတို့နဲ့ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ နည်းပြ ကွန်တီအနေနဲ့ အသင်းကို တိုက်စစ် ကစားဟန်ဖြစ်တဲ့ ၃-၅-၂ ကစား ဟန်နဲ့အတူ တစ်ဖက်အသင်းကို တိုက်စစ်ဖွင့်ကစားလာနိုင်ပါတယ်။နည်းပြလစ်ဗာရာနီ ရဲ့လက်ချီအသင်းအနေနဲ့ ရာသီကြိုပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာမှာ ၅ ပွဲစလုံးဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။စီးရီးဘီ မှာ ဒုတိယရခဲ့တဲ့အတွက် တန်းတက်ခွင့်ရရှိခဲ့တဲ့ လက်ချီအသင်းကို နည်းပြ လစ်ဗာရာနီက တိုက်စစ်ဦးစားပေးကစားဟန်ကို ကစားလျှက်ရှိပြီး ကစားသမားအင်အားအရ ရာသီအကုန်မှာ အဆင့် ၁၉ သာရရှိပြီး ပြန်လည်တန်းဆင်းနိုင်တယ်လို့ ဘွတ်ကီဒိုင်တွေက  သတ်မှတ်ကြေး ဖွင့်လှစ် ထားပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက အင်တာမီလန်အသင်းဘက်မှ ၂ လုံး ၅၀ အနိုင်ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံးသရေ ဖွင့်လှစ်ထားပါတယ်။နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၄ ပွဲမှာ အင်တာမီလန်အသင်းက ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ရရှိခဲ့ ပါတယ်။လက်ချီအသင်းရဲ့ အိမ်ကွင်း ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာတော့ လက်ချီအသင်းက ရှုံးပွဲမရှိဘဲ ၁ ပွဲနိုင် ၁ ပွဲသရေ ရရှိခဲ့ပါတယ်။

လက်ချီအသင်းနည်းပြ အနေနဲ့ အသင်းကို အီတလီအသင်းတွေရဲ့ ကစားတဲ့ဟန်ကို ခွဲထွက်ပြီး တိုက်စစ် အသား ပေးကစားလာမှာဖြစ်တဲ့ အတွက် အင်္ဂလန်အသင်းမှာ ချဲလ်ဆီးအသင်းနဲ့ အတူ တိုက်စစ် ကစား လာတဲ့ အသင်း တွေကို ပြန်လည်တုန့်ပြန်ကစားရာမှာ အကျွမ်း တဝင် ရှိနေပြီဖြစ်တဲ့ နည်းပြကွန်တီအနေနဲ့ ဂိုးပြတ်အနိုင်ရ ရှိအောင် နည်းဗျူ ဟာတွေချမှတ်ကစားမှာဖြစ်ပြီး အခုပွဲစဉ်မှာ တိုက်စစ်မှူး လူကာကူ ပါဝင်ကစားလာနိုင်တဲ့ အတွက် သွင်းဂိုးအမြောက်အများကို တွေ့မြင် လာနိုင် ပါတယ်။အိမ်ကွင်း ပထမဆုံးပွဲစဉ်မှာ နည်းပြ ကွန်တီနဲ့ လူကာကူ တို့ရဲ့ ရုန်းကန်အားတွေကြောင့် ဂိုးပြတ်အနိုင်ရနိုင်တဲ့ အင်တာမီလန် အသင်းနဲ့ သာလက်တွဲသင့်ပါကြောင်း ---

KON (SPORT) 

(  Zawgyi  )

 စီးရီးေအ အဖြင့္ပြဲစဥ္အျဖစ္ အင္တာမီလန္အသင္းနဲ႔ လက္ခ်ီ အသင္တို႔ ယေန႔ည ၁ နာရီခြဲ အခ်ိန္မွာ အင္တာမီလန္အသင္းရဲ႕အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

အင္တာမီလန္အသင္းအေနနဲ႔ ရာသီႀကိဳပြဲစဥ္ေတြကစားခဲ့ရာမွာ လူဂါႏို အသင္းကို အႏိုင္ရရွိခဲ့ၿပီး ဂ်ဴဗင္တပ္၊PSG၊စပါး၊ဗလင္စီယာ အသင္း တို႔ နဲ႔ သေရက်ခဲ့ၿပီး မန္ယူအသင္းကို ရႈံးနိမ့္ခဲ့ပါတယ္။ နည္းျပ ကြန္တီ ကိုင္တြယ္ေနတဲ့ အင္တာမီလန္အသင္းဟာ အက္သလက္တီကို အသင္း မွ ဂိုဒင္၊မန္ယူအသင္းမွ လူကာကူ၊ဟာသာဘာလင္အသင္းမွ လာဇာ႐ို၊ ဆိုးေခ်ာ့ဖ္အသင္းမွ အဂူမီတို႔ကို ေခၚယူအားျဖည့္ထားၿပီး ဗိုလ္စြဲရန္ေရပန္းစားမႈ အေနနဲ႔ ဂ်ဴဗင္တပ္အသင္းရဲ႕ေနာက္ ဒုတိယေနရာမွာ နာပိုလီအသင္းနဲ႔ အတူ ရပ္တည္လွ်က္ရွိပါတယ္။

ဂ်ဴဗင္တပ္ ၊ ခ်ဲလ္ဆီးအသင္းတို႔နဲ႔ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့ နည္းျပ ကြန္တီအေနနဲ႔ အသင္းကို တိုက္စစ္ ကစားဟန္ျဖစ္တဲ့ ၃-၅-၂ ကစား ဟန္နဲ႔အတူ တစ္ဖက္အသင္းကို တိုက္စစ္ဖြင့္ကစားလာႏိုင္ပါတယ္။နည္းျပလစ္ဗာရာနီ ရဲ႕လက္ခ်ီအသင္းအေနနဲ႔ ရာသီႀကိဳပြဲစဥ္ ၅ ပြဲ ယွဥ္ၿပိဳင္ ကစားခဲ့ရာမွာ ၅ ပြဲစလုံးဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။စီးရီးဘီ မွာ ဒုတိယရခဲ့တဲ့အတြက္ တန္းတက္ခြင့္ရရွိခဲ့တဲ့ လက္ခ်ီအသင္းကို နည္းျပ လစ္ဗာရာနီက တိုက္စစ္ဦးစားေပးကစားဟန္ကို ကစားလွ်က္ရွိၿပီး ကစားသမားအင္အားအရ ရာသီအကုန္မွာ အဆင့္ ၁၉ သာရရွိၿပီး ျပန္လည္တန္းဆင္းႏိုင္တယ္လို႔ ဘြတ္ကီဒိုင္ေတြက  သတ္မွတ္ေၾကး ဖြင့္လွစ္ ထားပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက အင္တာမီလန္အသင္းဘက္မွ ၂ လုံး ၅၀ အႏိုင္ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံးသေရ ဖြင့္လွစ္ထားပါတယ္။ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၄ ပြဲမွာ အင္တာမီလန္အသင္းက ၂ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံး ရလဒ္ကို ရရွိခဲ့ ပါတယ္။လက္ခ်ီအသင္းရဲ႕ အိမ္ကြင္း ကစားခဲ့တဲ့ ေနာက္ဆုံး ၂ ပြဲမွာေတာ့ လက္ခ်ီအသင္းက ရႈံးပြဲမရွိဘဲ ၁ ပြဲႏိုင္ ၁ ပြဲသေရ ရရွိခဲ့ပါတယ္။

လက္ခ်ီအသင္းနည္းျပ အေနနဲ႔ အသင္းကို အီတလီအသင္းေတြရဲ႕ ကစားတဲ့ဟန္ကို ခြဲထြက္ၿပီး တိုက္စစ္ အသား ေပးကစားလာမွာျဖစ္တဲ့ အတြက္ အဂၤလန္အသင္းမွာ ခ်ဲလ္ဆီးအသင္းနဲ႔ အတူ တိုက္စစ္ ကစား လာတဲ့ အသင္း ေတြကို ျပန္လည္တုန႔္ျပန္ကစားရာမွာ အကြၽမ္း တဝင္ ရွိေနၿပီျဖစ္တဲ့ နည္းျပကြန္တီအေနနဲ႔ ဂိုးျပတ္အႏိုင္ရ ရွိေအာင္ နည္းဗ်ဴ ဟာေတြခ်မွတ္ကစားမွာျဖစ္ၿပီး အခုပြဲစဥ္မွာ တိုက္စစ္မႉး လူကာကူ ပါဝင္ကစားလာႏိုင္တဲ့ အတြက္ သြင္းဂိုးအေျမာက္အမ်ားကို ေတြ႕ျမင္ လာႏိုင္ ပါတယ္။အိမ္ကြင္း ပထမဆုံးပြဲစဥ္မွာ နည္းျပ ကြန္တီနဲ႔ လူကာကူ တို႔ရဲ႕ ႐ုန္းကန္အားေတြေၾကာင့္ ဂိုးျပတ္အႏိုင္ရႏိုင္တဲ့ အင္တာမီလန္ အသင္းနဲ႔ သာလက္တြဲသင့္ပါေၾကာင္း ---

KON (SPORT)