【 အားကစား 】ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဘရိုက်တန်ကို အနိုင်ကစားမယ့် စပါးအသင်း

 【 အားကစား 】ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဘရိုက်တန်ကို အနိုင်ကစားမယ့် စပါးအသင်း

ဒီရက်ပိုင်းပွဲကျပ်တွေကြောင့် မန်စီးတီးကို နှစ်ပွဲဆက်ရှုံးခဲ့ရတဲ့ စပါးအသင်းဟာ တန်းဆင်းဇုန်ထဲ မ ရောက်ဖို့ ရုန်းကန်နေရတဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဒီည ဧည့်ခံကစားရမှာဖြစ်ပါတယ်။ အဆင့် ၄ နေရာက ချယ်လ်ဆီးနဲ့ အမှတ်တူ၊အဆင့် ၅ နေရာက အာဆင်နယ်နဲ့ တစ်မှတ်အကွာမှာရှိနေတဲ့ စပါးအသင်းအတွက် ယခုပွဲရဲ့ အနိုင်အရှုံးက  အရေးကြီးနေပါတယ်။

ရမှတ် ၆၇ မှတ်ရထားတဲ့ စပါးအသင်းကတော့ ဒီပွဲကိုနိုင်ရင်  အဆင့် ၃ နေရာမှာ ဆက်တည်မြဲမှာ ဖြစ်ပြီး ရှုံးခဲ့ရင် ရမှတ် ၆၆ မှတ်နဲ့ အဆင့် ၅ နေရာက အာဆင်နယ်ရဲ့ကျော်တက်ခြင်းကိုခံရမှာ ဖြစ်ပါ တယ်။ ဒီအတွက် ခါးသီးတဲ့ လန်ဒန် ဒါဘီ ပြိုင်ဘက် အာဆင်နယ်အထက်မှာ ရာသီကုန်အထိရှိနေဖို့ ဘရိုက်တန်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုနေ ပါတယ်။

တန်းဆင်းဇုန်အထက်မှာရှိနေတဲ့ ဘရိုက်တန်အသင်းအတွက်လည်း ယခုပွဲက သူအတွက်သေရေးရှင် ရေးအနေအထားပါ။ တန်းဆင်းဇုန် အဆင့် ၁၈ နေရာက ကာဒစ်ဖ် အသင်းနဲ့ တစ်ပွဲစာ ၃ မှတ်သာကွာပြီး တစ်ပွဲလျော့ ကစားထားတဲ့ အချိန်မှာ ဒီပွဲမှာ သရေ ဒါမှမဟုတ် အနိုင်သာဆိုရင် ဘရိုက်တန်အတွက် လက်ကျန် ၃ ပွဲမှာ တန်းဆင်းရမယ့် အရေးကိုရှောင်လွှဲဖို့ ရာခိုင်နူန်း ၈၀ အထိသေချာတယ်လို့ ပြောလို့ရတဲ့ အနေအ ထားပါ။ ဒီအတွက် ပိတ်ဆို့ ကစားရာမှာ အားသန်တဲ့ ဘရိုက်တန်အတွက် ဒီပွဲကို အကောင်းဆုံးခံစစ်ကစားဖို့ ပြင်ဆင်လာမှာ အသေအချာပါဘဲ။
 
ဒီရာသီ စပါးအသင်းက အိမ်ကွင်း ၁၆ ပွဲမှာ ၁၁ ပွဲနိုင်ပြီး ၄ ပွဲရှုံးထားပြီး တစ်ပွဲသရေကျထားပါတယ်။ ရဂိုး ၃၁ ဂိုးပေးဂိုး ၁၃ ဂိုးရှိပါတယ်။တစ်ပွဲကို နှစ်ဂိုးနူန်းသွင်းယူပြီး တစ်ဂိုးအောက် ပြန်ပေးနေရတယ်ဆိုတဲ့ သဘောပါဘဲ။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၅ ပွဲကို ပြန်ကြည့်မယ်ဆိုရင်လည်း ဟက်ဒါစဖီးလ်၊မန်စီးတီး၊ ပဲလေ့စ်၊ဒေါ့မွန်တို့ကိုနိုင်ပြီး အာဆင်နယ်ကို သရေကျခဲ့ပါတယ်။ဟက်ဒါဖီးလ်နဲ့ ဒေ့ါမွန်အသင်းတွေကို သုံးဂိုး အထက်သွင်းနိုင်ခဲ့ပေမယ့် ကျန်အသင်းတွေကိုတော့ တစ်ဂိုးနှစ်ဂိုးသာ သွင်းနိုင်ခဲ့တဲ့ အတွက် တိုက်စစ်ပြဿနာရှိနိုင်တဲ့ စပါးအသင်း ယခုပွဲမှာ ဂိုးရဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။

အဝေးကွင်းလာကစားရမယ့် ဘရိုက်တန်အသင်းရဲ့ ဒီရာသီ အဝေးကွင်း ၁၇ ပွဲမှာ ၃ ပွဲနိုင် ၃ ပွဲ သရေ၊ ၁၁ ပွဲထိရှုံးထားပါတယ်။ ဒီ ၁၇ ပွဲမှာ ရဂိုး ၁၅ ဂိုးရှိကာ ပေးဂိုး၃၀ ထိရှိခဲ့ပါတယ်။တစ်ပွဲကို တစ်ဂိုးကျော်ကျော် သွင်းပြီး နှစ်ဂိုးအထက် ပေးဂိုးရှိနေတဲ့ အနေအထားပါ။နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ၅ ပွဲမှာ ပဲလေ့စ်ကို အနိုင်၊ ဝုဗ်ကိုသရေနဲ့ ချယ်လ်ဆီး၊မန်စီးတီး၊လက်စတာတို့ကို ရှုံးခဲ့ပါတယ်။ ဒီနှစ်သင်း ဆုံတွေ့မှု ၃ ကြိမ်ရှိခဲ့ရာမှာ ဘရိုက်တန်ကွင်းမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီမှာသာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ကျန်နှစ်ကြိမ်စလုံးစပါးကနိုင်ထားပါတယ်။

ထွက်ပေါ် လာတဲ့ အကြိုလူစာရင်းအရအိမ်ရှင် စပါးအသင်းကတော့ ဂိုး - ဟူဂိုလိုရစ်စ်၊နောက်တန်း- ထရစ်ပီယာ၊ ဗာတွန်ဂန်၊အန်ဒါဝီ ရယ်လ်၊ ဒန်နီရို့စ်၊ အလယ်တန်း- အဲရစ်စ်ဒိုင်ယာ၊ ဗစ်တာဝမ်ယာမာ၊ဒယ်လီ အယ်လီ၊ အဲရစ်ဆင် ၊ဆွန်ဟောင်မင်နဲ့ ၊ရှေ့တန်း - လော်ရန်တေးတို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပါတယ်။ဘရိုက် တန်အသင်းကတော့  ဂိုး- မက်သရှုးရိုင်ရမ်၊နောက်တန်း - ဘာနာဒို၊လီးဝစ်စ်ဒန့်ခ်၊ ရှိန်းဒူဖီ၊ မာတင်မွန်တိုရာ၊ အလယ်တန်း- ဘာရမ်ကာယယ်လ်၊ဒေးလ်စတီဖန်၊ဘစ်ဆိုအူးမား၊ရှေ့တန်း- အလီဇာဂျဟန်ဘက်ကရှ်၊ ဂေးလန်း မာရီ၊ဆိုလီမတ်ချ်တို့ ပါဝင်လာဖွယ်ရှိနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အိမ်ရှင်စပါးအသင်းဘက်ကနေ တစ်လုံး အရှုံးကနေ တစ်လုံး ပြား ၇၀ အရှုံး ထိ ဈေးကျလာကာ ဂိုးပေါင်းဈေး သုံးလုံး ပြား၃၀ ကနေ ပြား ၇၀ အထိ ဈေးကျလာပါတယ်။ စပါးအသင်းအနိုင် ကစားမှာ ဖြစ်ပေမယ့် ဘရိုက်တန်ရဲ့ ရုံးအားလည်းရှိနေလို့ စပါးနဲ့ ဂိုးအနည်းကို သာ အကြိုက်တွေ့မိ ပါကြောင်း။။။။။

KON(SPORT)

(   Zawgyi  )

 ဒီရက္ပိုင္းပြဲက်ပ္ေတြေၾကာင့္ မန္စီးတီးကို ႏွစ္ပြဲဆက္ရႈံးခဲ့ရတဲ့ စပါးအသင္းဟာ တန္းဆင္းဇုန္ထဲ မ ေရာက္ဖို႔ ႐ုန္းကန္ေနရတဲ့ ဘ႐ိုက္တန္ကို အိမ္ကြင္းမွာ ဒီည ဧည့္ခံကစားရမွာျဖစ္ပါတယ္။ အဆင့္ ၄ ေနရာက ခ်ယ္လ္ဆီးနဲ႔ အမွတ္တူ၊အဆင့္ ၅ ေနရာက အာဆင္နယ္နဲ႔ တစ္မွတ္အကြာမွာရွိေနတဲ့ စပါးအသင္းအတြက္ ယခုပြဲရဲ႕ အႏိုင္အရႈံးက  အေရးႀကီးေနပါတယ္။

ရမွတ္ ၆၇ မွတ္ရထားတဲ့ စပါးအသင္းကေတာ့ ဒီပြဲကိုႏိုင္ရင္  အဆင့္ ၃ ေနရာမွာ ဆက္တည္ၿမဲမွာ ျဖစ္ၿပီး ရႈံးခဲ့ရင္ ရမွတ္ ၆၆ မွတ္နဲ႔ အဆင့္ ၅ ေနရာက အာဆင္နယ္ရဲ႕ေက်ာ္တက္ျခင္းကိုခံရမွာ ျဖစ္ပါ တယ္။ ဒီအတြက္ ခါးသီးတဲ့ လန္ဒန္ ဒါဘီ ၿပိဳင္ဘက္ အာဆင္နယ္အထက္မွာ ရာသီကုန္အထိရွိေနဖို႔ ဘ႐ိုက္တန္ကို မျဖစ္မေန အႏိုင္ကစားဖို႔ လိုေန ပါတယ္။

တန္းဆင္းဇုန္အထက္မွာရွိေနတဲ့ ဘ႐ိုက္တန္အသင္းအတြက္လည္း ယခုပြဲက သူအတြက္ေသေရးရွင္ ေရးအေနအထားပါ။ တန္းဆင္းဇုန္ အဆင့္ ၁၈ ေနရာက ကာဒစ္ဖ္ အသင္းနဲ႔ တစ္ပြဲစာ ၃ မွတ္သာကြာၿပီး တစ္ပြဲေလ်ာ့ ကစားထားတဲ့ အခ်ိန္မွာ ဒီပြဲမွာ သေရ ဒါမွမဟုတ္ အႏိုင္သာဆိုရင္ ဘ႐ိုက္တန္အတြက္ လက္က်န္ ၃ ပြဲမွာ တန္းဆင္းရမယ့္ အေရးကိုေရွာင္လႊဲဖို႔ ရာခိုင္ႏူန္း ၈၀ အထိေသခ်ာတယ္လို႔ ေျပာလို႔ရတဲ့ အေနအ ထားပါ။ ဒီအတြက္ ပိတ္ဆို႔ ကစားရာမွာ အားသန္တဲ့ ဘ႐ိုက္တန္အတြက္ ဒီပြဲကို အေကာင္းဆုံးခံစစ္ကစားဖို႔ ျပင္ဆင္လာမွာ အေသအခ်ာပါဘဲ။
 
ဒီရာသီ စပါးအသင္းက အိမ္ကြင္း ၁၆ ပြဲမွာ ၁၁ ပြဲႏိုင္ၿပီး ၄ ပြဲရႈံးထားၿပီး တစ္ပြဲသေရက်ထားပါတယ္။ ရဂိုး ၃၁ ဂိုးေပးဂိုး ၁၃ ဂိုးရွိပါတယ္။တစ္ပြဲကို ႏွစ္ဂိုးႏူန္းသြင္းယူၿပီး တစ္ဂိုးေအာက္ ျပန္ေပးေနရတယ္ဆိုတဲ့ သေဘာပါဘဲ။ ေနာက္ဆုံးကစားခဲ့တဲ့ အိမ္ကြင္း ၅ ပြဲကို ျပန္ၾကည့္မယ္ဆိုရင္လည္း ဟက္ဒါစဖီးလ္၊မန္စီးတီး၊ ပဲေလ့စ္၊ေဒါ့မြန္တို႔ကိုႏိုင္ၿပီး အာဆင္နယ္ကို သေရက်ခဲ့ပါတယ္။ဟက္ဒါဖီးလ္နဲ႔ ေဒ့ါမြန္အသင္းေတြကို သုံးဂိုး အထက္သြင္းႏိုင္ခဲ့ေပမယ့္ က်န္အသင္းေတြကိုေတာ့ တစ္ဂိုးႏွစ္ဂိုးသာ သြင္းႏိုင္ခဲ့တဲ့ အတြက္ တိုက္စစ္ျပႆနာရွိႏိုင္တဲ့ စပါးအသင္း ယခုပြဲမွာ ဂိုးရဖို႔ ႐ုန္းကန္ရဖြယ္ရွိေနပါတယ္။

အေဝးကြင္းလာကစားရမယ့္ ဘ႐ိုက္တန္အသင္းရဲ႕ ဒီရာသီ အေဝးကြင္း ၁၇ ပြဲမွာ ၃ ပြဲႏိုင္ ၃ ပြဲ သေရ၊ ၁၁ ပြဲထိရႈံးထားပါတယ္။ ဒီ ၁၇ ပြဲမွာ ရဂိုး ၁၅ ဂိုးရွိကာ ေပးဂိုး၃၀ ထိရွိခဲ့ပါတယ္။တစ္ပြဲကို တစ္ဂိုးေက်ာ္ေက်ာ္ သြင္းၿပီး ႏွစ္ဂိုးအထက္ ေပးဂိုးရွိေနတဲ့ အေနအထားပါ။ေနာက္ဆုံးကစားခဲ့တဲ့ အေဝးကြင္း ၅ ပြဲမွာ ပဲေလ့စ္ကို အႏိုင္၊ ဝုဗ္ကိုသေရနဲ႔ ခ်ယ္လ္ဆီး၊မန္စီးတီး၊လက္စတာတို႔ကို ရႈံးခဲ့ပါတယ္။ ဒီႏွစ္သင္း ဆုံေတြ႕မႈ ၃ ႀကိမ္ရွိခဲ့ရာမွာ ဘ႐ိုက္တန္ကြင္းမွာ ကစားခဲ့တဲ့ ၿပီးခဲ့တဲ့ ရာသီမွာသာ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ၿပီး က်န္ႏွစ္ႀကိမ္စလုံးစပါးကႏိုင္ထားပါတယ္။

ထြက္ေပၚ လာတဲ့ အႀကိဳလူစာရင္းအရအိမ္ရွင္ စပါးအသင္းကေတာ့ ဂိုး - ဟူဂိုလိုရစ္စ္၊ေနာက္တန္း- ထရစ္ပီယာ၊ ဗာတြန္ဂန္၊အန္ဒါဝီ ရယ္လ္၊ ဒန္နီ႐ို႕စ္၊ အလယ္တန္း- အဲရစ္စ္ဒိုင္ယာ၊ ဗစ္တာဝမ္ယာမာ၊ဒယ္လီ အယ္လီ၊ အဲရစ္ဆင္ ၊ဆြန္ေဟာင္မင္နဲ႔ ၊ေရွ႕တန္း - ေလာ္ရန္ေတးတို႔နဲ႔ ပြဲထြက္လာဖြယ္ရွိေနပါတယ္။ဘ႐ိုက္ တန္အသင္းကေတာ့  ဂိုး- မက္သရႈး႐ိုင္ရမ္၊ေနာက္တန္း - ဘာနာဒို၊လီးဝစ္စ္ဒန႔္ခ္၊ ရွိန္းဒူဖီ၊ မာတင္မြန္တိုရာ၊ အလယ္တန္း- ဘာရမ္ကာယယ္လ္၊ေဒးလ္စတီဖန္၊ဘစ္ဆိုအူးမား၊ေရွ႕တန္း- အလီဇာဂ်ဟန္ဘက္ကရွ္၊ ေဂးလန္း မာရီ၊ဆိုလီမတ္ခ်္တို႔ ပါဝင္လာဖြယ္ရွိေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အိမ္ရွင္စပါးအသင္းဘက္ကေန တစ္လုံး အရႈံးကေန တစ္လုံး ျပား ၇၀ အရႈံး ထိ ေဈးက်လာကာ ဂိုးေပါင္းေဈး သုံးလုံး ျပား၃၀ ကေန ျပား ၇၀ အထိ ေဈးက်လာပါတယ္။ စပါးအသင္းအႏိုင္ ကစားမွာ ျဖစ္ေပမယ့္ ဘ႐ိုက္တန္ရဲ႕ ႐ုံးအားလည္းရွိေနလို႔ စပါးနဲ႔ ဂိုးအနည္းကို သာ အႀကိဳက္ေတြ႕မိ ပါေၾကာင္း။။။။။

KON(SPORT)