【 အားကစား 】ကိုပါ အမေရိကားဖလားမှာ ဂိုးပြတ်မရှုံးနိမ့်နိုင်တဲ့ ဂျပန် အသင်း

 【  အားကစား  】ကိုပါ အမေရိကားဖလားမှာ ဂိုးပြတ်မရှုံးနိမ့်နိုင်တဲ့  ဂျပန် အသင်း

ကိုပါအမေရိက ဖလားပြိုင်ပွဲ အုပ်စု C ပွဲစဉ် အဖြစ် ဥရုဂွေးအသင်း နဲ့ အာရှဖလား ဒုတိယဆုရှင် ဂျပန်တို့ ယနေ့ည ၅ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အုပ်စုပွဲစဉ် ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီးကိုပါအမေရိက ဖလားအုပ်စု C  မှာ  ဥရုဂွေး၊အီကွေဒေါ၊ ချီလီ၊ဂျပန်အသင်းတို့အုပ်စုအဆင့်ကိုကျော်ဖြတ်ရေး အတွက်အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဥရုဂွေး အသင်းနဲ့ အီကွေဒေါအသင်းတို့ပွဲစဉ်မှာ ဥရုဂွေးအသင်းက ၄ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့အတွက်အုပ်စုကိုဦးဆောင်နေပြီး ချီလီအသင်းကို ၄ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ဂျပန်အသင်းဟာ အုပ်စု အောက်ဆုံး မှာရပ်တည်လျှက် ရှိပါတယ်။

နည်းပြ မိုရီယာဆူ ရဲ့ဂျပန်အသင်း ဟာ ကမ္ဘာ့အဆင့် ၂၆ မှာရပ်တည်နေပြီး နာမည်ကျော် ကစားသမားအဖြစ် လက်စတာအသင်းမှ အိုကာဇာကီ၊ ဟမ်းဘတ်အသင်းမှ အီတို တို့ပါဝင်ကစားနေတဲ့ အသင်းဖြစ် ပါတယ်။

ဂျပန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ရှုံးနိမ့်ခဲ့တဲ့အသင်းတွေက ချီလီ နဲ့ ကိုလံဘီယာ အသင်းတွေဖြစ်ပြီး ထရီနီဒက်အသင်းကိုသရေကျပြီး အယ်ဆာဗေးဒိုးနဲ့ ဘိုလီးဗီးယားအသင်းတွေကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး ကစား ခဲ့တဲ့ချီလီအသင်းနဲ့ပွဲစဉ်မှာ ခြေရည်တူကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အမြောက်အများရရှိခဲ့ပေမယ့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

နည်းပြ တာဘာရက်ဇ်ရဲ့ဥရုဂွေးအသင်းဟာ ကမ္ဘာအဆင့် ၆ မှာရပ်တည်နေပြီးရှေ့တန်းမှာ ဆွာရက်နဲ့ကာဗာနီ၊အလယ်တန်းမှာ ဗဲလ်ဗာဒီ၊ ဘာတန်ကာ၊ဗီဆီနို၊တော်ရဲရား၊နောက်တန်းမှာဂိုဒင်၊လာဇက်၊ကာဆီရက်စ်တို့နဲ့ အတောင့်တင်းဆုံးစုဖွဲ့မှူကိုပိုင်ဆိုင်ထားပါတယ်။

ဥရုဂွေးအသင်းဟာနောက်ဆုံးကစားခဲ့တဲ့ ၄ပွဲဆက် ဂိုးပြတ်အနိုင် ရရှိခဲ့ ပါတယ်။နောက်ဆုံးကစားခဲ့တဲ့ အီကွေဒေါအသင်းနဲ့ပွဲစဉ်မှာ ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် ၁ ဂိုးသွင်းအပြီး ၁ ယောက်အသာနဲ့ယှဉ်ပြိုင် ကစားခဲ့ ရတာဖြစ်ပါတယ်။ဂျပန်အသင်းနဲ့ဥရုဂွေးအသင်းတို့ နောက်ဆုံး ၃ကြိမ် တွေ့ဆုံယှဉ်ပြိုင်မှုမှာဥရုဂွေး အသင်းက ၂ ကြိမ် အနိုင်ရပြီး ၁ ကြိမ်ရှုံးနိမ့် ခဲ့ ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဥရုဂွေးအသင်းဘက်မှ ၁ ဂိုး ၉၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၈၀ အနိုင်ဖွင့်လှစ်ထားပါတယ်။ ကိုပါ အမေရိကဖလားမှာ ၄ သင်းစီပါဝင်တဲ့ အုပ်စု ၃ အုပ်စု မှ အုပ်စုဗိုလ် ၂ သင်းစီ နောက်တစ်ဆင့်တက်ရောက်မှာဖြစ်ပြီး အကောင်းဆုံး တတိယ ၂ သင်းလည်း နောက်တစ်ဆင့်တက်ရောက်မှာ ဖြစ်ပါတယ်။

ဂျပန်အသင်းဟာ အသင်းလိုက်စုဖွဲ့မှုနဲ့ နည်းစနစ်ကျကျ ကစားနိုင်တဲ့ အသင်းဖြစ်ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ခုပွဲကိုအားထည့်ကစား လာမှာဖြစ်ပါတယ်။ ဥရုဂွေးအသင်းဟာနောက်တစ်ဆင့်ကိုတက်ရောက်ဖို့ သေချာ သလောက်ရှိနေပြီဖြစ်တဲ့အတွက် နောက်ပိုင်းပွဲစဉ်တွေ အတွက် အခုပွဲကို အင်အားချွေတာကစားလာနိုင်တဲ့အတွက် ဂျပန်အသင်းနဲ့ သာ လက်တွဲသင့်ပါကြောင်း --------

KON(SPORT) 

(   Zawgyi   )









KON(SPORT)