မန်ယူအသင်းကထွက်ဖို့ သေချာသလောက်ဖြစ်နေတဲ့ ပေါ့ဂ်ဘာ

မန်ယူအသင်းကထွက်ဖို့ သေချာသလောက်ဖြစ်နေတဲ့ ပေါ့ဂ်ဘာ

မန်ယူကွင်းလယ် ကစားသမား Pogba ဟာ ဒီနှစ်နွေရာသီမှာ အသင်းကထွက်ဖို့ဆုံးဖြတ်ထားတယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာက ပြောဆိုလိုက်ပါတယ်။ သူအရင်ကလာခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကို ပြန်သွားဖို့အတွက် ပြောင်းရွှေ့မယ့်လုပ်ငန်းစဉ် လုပ်ဆောင်နေပြီး၊ မန်ယူနည်းပြ ဆိုးလ်ရှား ကိုယ်တိုင် ပေါ့ဂ်ဘာအသင်းကထွက်သွားချင်တဲ့ရည်ရွယ်ချက်ကို သိနေတယ်လို့ သူကဆိုပါတယ်။

“ပေါ့ဂ်ဘာ ဆန္ဒကို အသင်းမန်နေဂျာကနေ ပိုင်ရှင်အထိလူတိုင်းသိပါတယ်။ အသင်းပြောင်းရွှေ့ဖို့ သူဘယ် လောက်စိတ်အားထက်သန်တယ်ဆိုတာလည်း အားလုံးသိတယ်။ ဒီအတွက် ကျွန်တော် တို့ပြောင်း ရွှေ့တဲ့လုပ်ငန်းစဉ်တွေ လုပ်နေတယ်’လို့ ရွိုင်အိုလာက ပြောပါတယ်။

ပြီးခဲ့တဲ့လက သွားခဲ့တဲ့  ဂျပန်ပရိုးမိုးရှင်းခရီးစဉ်ကတည်းက ပေါ့ဂ်ဘာက  ‘အခြားတစ်နေရာမှာ စိန်ခေါ်မှုသစ်တွေရှာဖို့ သူ့အတွက် အချိန်ကျပြီ’လို့ ဖွင့်ဟထားပါတယ်။ ဒီတစ်ပတ်ဘောလုံးရာသီပွဲကြို အစ ပိုင်းမှာ ပေါ့ဂ်ဘာကို မန်ယူအသင်းက  ပျက်ကွက်ခွင့်ပေးထား တယ်လို့လည်း သတင်းတွေက ထွက်နေပါတယ်။

ဒီနှစ်နွေရာသီမှာ နောက်ထပ်ခေါ်ယူမှုနှစ်ခုဖြစ်နိုင်ခြေရှိတယ်လို့လည်း ဆိုးလ်ှရားက အတည်ပြုပြော ပါတယ်။ လာမယ်ရာသီမတိုင်ခင် ဒန်နီရယ်လ်ဂျိမ်းစ်နဲ့  အာရွန်ဝမ်ဘစ်ဆာကာကို မန်ယူက ခေါ်ယူ ထားခဲ့ပြီးဖြစ်ပါတယ်။

Linko
Ref:Independent
လန်ဒန်၊ဇူလိုင် ၆

(  Zawgyi  )

 မန္ယူကြင္းလယ္ ကစားသမား Pogba ဟာ ဒီႏွစ္ေႏြရာသီမွာ အသင္းကထြက္ဖို႔ဆုံးျဖတ္ထားတယ္လို႔ သူ႔ရဲ႕ေအးဂ်င့္ျဖစ္တဲ့ ႐ြိဳင္အိုလာက ေျပာဆိုလိုက္ပါတယ္။ သူအရင္ကလာခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းကို ျပန္သြားဖို႔အတြက္ ေျပာင္းေ႐ႊ႕မယ့္လုပ္ငန္းစဥ္ လုပ္ေဆာင္ေနၿပီး၊ မန္ယူနည္းျပ ဆိုးလ္ရွား ကိုယ္တိုင္ ေပါ့ဂ္ဘာအသင္းကထြက္သြားခ်င္တဲ့ရည္႐ြယ္ခ်က္ကို သိေနတယ္လို႔ သူကဆိုပါတယ္။

“ေပါ့ဂ္ဘာ ဆႏၵကို အသင္းမန္ေနဂ်ာကေန ပိုင္ရွင္အထိလူတိုင္းသိပါတယ္။ အသင္းေျပာင္းေ႐ႊ႕ဖို႔ သူဘယ္ ေလာက္စိတ္အားထက္သန္တယ္ဆိုတာလည္း အားလုံးသိတယ္။ ဒီအတြက္ ကြၽန္ေတာ္ တို႔ေျပာင္း ေ႐ႊ႕တဲ့လုပ္ငန္းစဥ္ေတြ လုပ္ေနတယ္’လို႔ ႐ြိဳင္အိုလာက ေျပာပါတယ္။

ၿပီးခဲ့တဲ့လက သြားခဲ့တဲ့  ဂ်ပန္ပ႐ိုးမိုးရွင္းခရီးစဥ္ကတည္းက ေပါ့ဂ္ဘာက  ‘အျခားတစ္ေနရာမွာ စိန္ေခၚမႈသစ္ေတြရွာဖို႔ သူ႔အတြက္ အခ်ိန္က်ၿပီ’လို႔ ဖြင့္ဟထားပါတယ္။ ဒီတစ္ပတ္ေဘာလုံးရာသီပြဲႀကိဳ အစ ပိုင္းမွာ ေပါ့ဂ္ဘာကို မန္ယူအသင္းက  ပ်က္ကြက္ခြင့္ေပးထား တယ္လို႔လည္း သတင္းေတြက ထြက္ေနပါတယ္။

ဒီႏွစ္ေႏြရာသီမွာ ေနာက္ထပ္ေခၚယူမႈႏွစ္ခုျဖစ္ႏိုင္ေျခရွိတယ္လို႔လည္း ဆိုးလ္ွရားက အတည္ျပဳေျပာ ပါတယ္။ လာမယ္ရာသီမတိုင္ခင္ ဒန္နီရယ္လ္ဂ်ိမ္းစ္နဲ႔  အာ႐ြန္ဝမ္ဘစ္ဆာကာကို မန္ယူက ေခၚယူ ထားခဲ့ၿပီးျဖစ္ပါတယ္။

Linko
Ref:Independent
လန္ဒန္၊ဇူလိုင္ ၆