ဘရာဇီးအသင်းရဲ့ သွင်းဂိုးတွေကို ရေတွက်မယ်

ဘရာဇီးအသင်းရဲ့ သွင်းဂိုးတွေကို ရေတွက်မယ်

ကိုပါအမေရိက ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် ဘရာဇီးအသင်းနဲ့ ဘိုလီးဗီးယားအသင်းတို့ ဇွန်လ ၁၅ ရက် နံနက် ၇ နာရီအချိန်မှာ စတင်ကစားတော့မှာ ဖြစ်ပါတယ်။

ကိုပါအမေရိက ဖလားအဖွင့်ပွဲ ဖြစ်တာနဲ့အညီ ပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်ပြီး အုပ်စု A မှာ အိမ်ရှင် ဘရာဇီး၊ ဘိုလီးဗီးယား၊ ပီရူး၊ ဗင်နီဇွဲလားတို့ အုပ်စုအဆင့်ကို ကျော်ဖြတ်ရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

နည်းပြ တိုင်တီ ရဲ့ ဘရာဇီးအသင်း လူစာရင်းမှာ တိုက်စစ်မှူး နေမာ မပါဝင်နိုင်ပေမယ့် ဂိုး အလီဆန် (လီဗာပူးလ်)၊ အီဒါဆင် (မန်စီးတီး)၊ နောက်တန်းမှာ သီယာဂိုဆေးလ်ဗား၊ မာကွင်ဟို့စ်၊ အဲလ်ဗက်စ်၊ မီရန်ဒါ၊ ဆန်ဒရို၊ အလယ်တန်းမှာ ကာစီမီယို၊ အာသာ၊ ဝီလီယံ၊ ကော်တင်ဟို၊ အယ်လန်၊ ဖာနန်ဒင်ဟို၊ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ဂျီးဆပ်စ်၊ ဖာမီနို၊ နီရက်စ် တိုနဲ့ အတောင့်တင်းဆုံး အင်အားစုဖွဲ့မှုကို ပိုင်ဆိုင်ထားပါတယ်။

 

ကမ္ဘာ့ဖလားအပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၉ ပွဲအထိ အနိုင်ရခဲ့ပြီး ၁ ပွဲသာ သရေကျခဲ့ပါတယ်။အနိုင်ရခဲ့တဲ့ အသင်းတွေက အာဂျင်တီးနား၊ ဥရုဂွေး၊ ချက် အသင်းတွေ ပါဝင်နေပြီး နောက်ဆုံး ချစ်ကြည်ရေးကစားခဲ့တဲ့ ပနားမားအသင်းနဲ့ ပွဲစဉ်မှာ ၇ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

နည်းပြ ဗီလီဂတ် ရဲ့ ဘိုလီးဗီးယားအသင်းမှာ နာမည်ကျော် ကစားသမားတွေ မပါဝင်ဘဲ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၁ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံး ရလဒ်ကို ရရှိခဲ့ပါတယ်။နီဂါရာဂူအာ၊ UAE ၊ ဆော်ဒီ၊ အီရန် အသင်းတွေနဲ့ သရေကျကာ အီရန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ် အသင်းတွေကို ရှုံးနိမ့်ပြီး အနိုင်ရရှိခဲ့တဲ့ အသင်းကတော့ မြန်မာအသင်းဖြစ်ပြီး ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ ပြင်သစ် အသင်းတွေကို ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။

အခုပွဲကို ဘွတ်ကီဒိုင်တွေက ဘရာဇီးအသင်းဘက်မှ ၃ ဂိုး ၉၀ အနိုင် ဈေးဖွင့်ထားပြီး ဂိုးပေါင်း ၃ ဂိုး ၃၀ အရှုံး ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းစလုံးကို လေ့လာကြည့်ရင် ဘရာဇီးအသင်းဟာ ကိုပါအမေရိကဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၄ ကြိမ်စလုံး ဗိုလ်စွဲထားပြီး အခုနှစ်မှာလည်း အိမ်ရှင်ဖြစ်တဲ့အတွက် ဗိုလ်စွဲဖို့ အထူးရေပန်းစားလျှက် ရှိပါတယ်။

အိမ်ရှင်အားသာချက်၊ ကစားသမားစုဖွဲ့မှု အဘက်ဘက်က သာလွန်နေတဲ့ ဘရာဇီးဟာ အာရှအသင်းတွေကိုတောင် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့တဲ့ ဘိုလီးဗီးယားအသင်းကို ဘယ်လောက်အထိ ဂိုးတွေသွင်းမလဲဆိုတာ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

KON (SPORT)
ဇွန် - ၁၄

( Zawgyi )

ကိုပါအေမရိက ဖလားၿပိဳင္ပြဲ အဖြင့္ပြဲစဥ္အျဖစ္ အိမ္ရွင္ ဘရာဇီးအသင္းနဲ႔ ဘိုလီးဗီးယားအသင္းတို႔ ဇြန္လ ၁၅ ရက္ နံနက္ ၇ နာရီအခ်ိန္မွာ စတင္ကစားေတာ့မွာ ျဖစ္ပါတယ္။

ကိုပါအေမရိက ဖလားအဖြင့္ပြဲ ျဖစ္တာနဲ႔အညီ ၿပိဳင္ဆိုင္မႈျပင္းထန္မွာျဖစ္ၿပီး အုပ္စု A မွာ အိမ္ရွင္ ဘရာဇီး၊ ဘိုလီးဗီးယား၊ ပီ႐ူး၊ ဗင္နီဇြဲလားတို႔ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ေရးအတြက္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

နည္းျပ တိုင္တီ ရဲ႕ ဘရာဇီးအသင္း လူစာရင္းမွာ တိုက္စစ္မႉး ေနမာ မပါဝင္ႏိုင္ေပမယ့္ ဂိုး အလီဆန္ (လီဗာပူးလ္)၊ အီဒါဆင္ (မန္စီးတီး)၊ ေနာက္တန္းမွာ သီယာဂိုေဆးလ္ဗား၊ မာကြင္ဟို႔စ္၊ အဲလ္ဗက္စ္၊ မီရန္ဒါ၊ ဆန္ဒ႐ို၊ အလယ္တန္းမွာ ကာစီမီယို၊ အာသာ၊ ဝီလီယံ၊ ေကာ္တင္ဟို၊ အယ္လန္၊ ဖာနန္ဒင္ဟို၊ ေရွ႕တန္းတိုက္စစ္မႉးအျဖစ္ ဂ်ီးဆပ္စ္၊ ဖာမီႏို၊ နီရက္စ္ တိုနဲ႔ အေတာင့္တင္းဆုံး အင္အားစုဖြဲ႕မႈကို ပိုင္ဆိုင္ထားပါတယ္။

ကမာၻ႔ဖလားအၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၁၀ ပြဲမွာ ၉ ပြဲအထိ အႏိုင္ရခဲ့ၿပီး ၁ ပြဲသာ သေရက်ခဲ့ပါတယ္။အႏိုင္ရခဲ့တဲ့ အသင္းေတြက အာဂ်င္တီးနား၊ ဥ႐ုေဂြး၊ ခ်က္ အသင္းေတြ ပါဝင္ေနၿပီး ေနာက္ဆုံး ခ်စ္ၾကည္ေရးကစားခဲ့တဲ့ ပနားမားအသင္းနဲ႔ ပြဲစဥ္မွာ ၇ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။

နည္းျပ ဗီလီဂတ္ ရဲ႕ ဘိုလီးဗီးယားအသင္းမွာ နာမည္ေက်ာ္ ကစားသမားေတြ မပါဝင္ဘဲ ေနာက္ဆုံးကစားခဲ့တဲ့ ၉ ပြဲမွာ ၁ ပြဲႏိုင္၊ ၄ ပြဲသေရ၊ ၄ ပြဲရႈံး ရလဒ္ကို ရရွိခဲ့ပါတယ္။နီဂါရာဂူအာ၊ UAE ၊ ေဆာ္ဒီ၊ အီရန္ အသင္းေတြနဲ႔ သေရက်ကာ အီရန္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ျပင္သစ္ အသင္းေတြကို ရႈံးနိမ့္ၿပီး အႏိုင္ရရွိခဲ့တဲ့ အသင္းကေတာ့ ျမန္မာအသင္းျဖစ္ၿပီး ၃ ဂိုးျပတ္ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ေနာက္ဆုံးကစားခဲ့တဲ့ ပြဲေတြမွာ ေတာင္ကိုရီးယား၊ ဂ်ပန္နဲ႔ ျပင္သစ္ အသင္းေတြကို ဂိုးသြင္းယူႏိုင္ျခင္းမရွိဘဲ ၃ ပြဲဆက္ ရႈံးနိမ့္ခဲ့ပါတယ္။

အခုပြဲကို ဘြတ္ကီဒိုင္ေတြက ဘရာဇီးအသင္းဘက္မွ ၃ ဂိုး ၉၀ အႏိုင္ ေဈးဖြင့္ထားၿပီး ဂိုးေပါင္း ၃ ဂိုး ၃၀ အရႈံး ဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းစလုံးကို ေလ့လာၾကည့္ရင္ ဘရာဇီးအသင္းဟာ ကိုပါအေမရိကဖလား အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ၄ ႀကိမ္စလုံး ဗိုလ္စြဲထားၿပီး အခုႏွစ္မွာလည္း အိမ္ရွင္ျဖစ္တဲ့အတြက္ ဗိုလ္စြဲဖို႔ အထူးေရပန္းစားလွ်က္ ရွိပါတယ္။

အိမ္ရွင္အားသာခ်က္၊ ကစားသမားစုဖြဲ႕မႈ အဘက္ဘက္က သာလြန္ေနတဲ့ ဘရာဇီးဟာ အာရွအသင္းေတြကိုေတာင္ ဂိုးမသြင္းႏိုင္ဘဲ ရႈံးနိမ့္ခဲ့တဲ့ ဘိုလီးဗီးယားအသင္းကို ဘယ္ေလာက္အထိ ဂိုးေတြသြင္းမလဲဆိုတာ ေစာင့္ၾကည့္ရမွာဘဲ ျဖစ္ပါတယ္။

KON (SPORT)
ဇြန္ - ၁၄