Out-Bound Tour လိုင်စင်အတွက် Deposit ကြေးလျှော့ပေးမှာ မဟုတ်သော်လည်း တရားမဝင် ခရီးသွားလုပ်ငန်း များ ထိရောက်စွာအရေးယူမည်

Out-Bound Tour လိုင်စင်အတွက် Deposit ကြေးလျှော့ပေးမှာ မဟုတ်သော်လည်း တရားမဝင် ခရီးသွားလုပ်ငန်း များ ထိရောက်စွာအရေးယူမည်

Out-Bound Tour များရဲ့ လိုင်စင်တွေလုပ်တဲ့အခါ ပေးဆောင်ရမယ့် Deposit ကြေးကို လျှော့ပေးမှာ မဟုတ် သော်လည်း တရားမဝင် ခရီးသွားလုပ်ငန်းတွေကို ထိရောက်စွာအရေးယူသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီမှ သိရပါတယ်။

အဆိုပါ Deposit ကြေးကို လျှော့ပေးဖို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) က တောင်းဆိုတင်ပြခဲ့ သော်လည်း ဖြစ်သင့်ဖြစ်ထိုက်သောပမာဏဖြစ်တဲ့အတွက် ဖြေလျှော့ပေးခြင်းမပြုခဲ့ကြောင်း၊ သို့ရာတွင် Deposit မတင်ဘဲ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ တွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ “ဒါကကျွန်မတို့က အနည်းဆုံးပမာဏတစ်ခု ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပမာဏ တစ်ခု ဆွေးနွေးတိုင်ပင်ထားတာ ဖြစ်ပါတယ်၊ ဒီအတိုင်းပဲ ဆက်လုပ်မယ်လို့ ရှင်းပြတယ်၊ အဲ့ဒီတော့ ဘာတောင်းဆိုလာလဲ ဆိုတော့ သူတို့ဘက်က ဒါကိုပေးဖို့ သဘောတူတယ်၊ သို့သော်လည်းပဲ ဒီလိုမျိုး Deposit မတင်ဘဲနဲ့ လိုင်စင်မဲ့ နောင်မှာလုပ်မယ်ဆိုလို့ရှိရင် ထိထိရောက်ရောက် အရေးယူပေးဖို့ ကျွန်မတို့ကို တောင်းဆိုတယ်၊ အဲ့ဒီအတွက်ကိုလည်း ကျွန်မတို့က ကော်မတီဖွဲ့ပါမယ်၊ ကော်မတီဖွဲ့ပြီးတော့ လိုင်စင်မဲ့ Out-Bound Tour  လုပ်နေတဲ့ ကုမ္ပဏီတွေကို တိတိကျကျကိုင်တွယ်မယ်၊ အရေးယူမယ်၊ တရားဥပဒေ အတိုင်း ဆောင်ရွက်မယ်၊ အဲ့ဒါမှသာလျှင် လိုင်စင်နဲ့စနစ်တကျ ဥပဒေအတိုင်းသွားတဲ့ ပြည်သူတွေအတွက်ကို ကျွန်မတို့ကာကွယ်ပေးတာ ဖြစ်မှာပါ၊ အဲ့ဒါကိုလည်း ဒီနေ့အစည်းအဝေးမှာ အထွေထွေ ဆွေးနွေးခြင်းမှာ ပါဝင်တာဖြစ်ပါတယ်”လို့ ကရင်တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ပြောပါတယ်။

ထို Out-Bound Tour  တွေနဲ့ပတ်သက်ပြီး Deposit  ထားရတာဟာ Out-Bound Tour  တွေက တစ်ဖက်နိုင်ငံကို ဧည့်သည်ပို့ရာတွင် တစ်ဖက်နိုင်ငံမှာ ပြဿနာရှိခဲ့တဲ့ကိစ္စရပ်တွေ၊ တစ်ချို့မှာ တစ်ဖက် နိုင်ငံမှာ Travel Agent အဖြစ် လုပ်ကိုင်ပေမယ့် ဒီဘက်မှာ လိုင်စင် ယူပြီးတော့ လူတွေပို့တဲ့အခါ အလုပ်လုပ်ဖို့အတွက်ဖြစ်သွားတဲ့ အခြေအနေတွေ အပါအဝင် ဥပဒေကို လက်တစ်လုံးခြား လုပ်လာတဲ့ ကိစ္စရပ်တွေကြောင့် စည်းကမ်းတကျဖြစ်စေရန် Deposit တင်ရတဲ့ကိစ္စကို ဆုံးဖြတ်ကာ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

“ဒါက ကျွန်မတို့တစ်နိုင်ငံတည်း လုပ်တာမဟုတ်ပါဘူး၊ အိမ်နီးချင်းထိုင်းနိုင်ငံကို ကြည့်ရင် ဘတ် ၆ သိန်းလောက် Deposit တင်ရတာ ဖြစ်ပါတယ်၊ နည်းတယ်များတယ်ဆိုတဲ့ပမာဏကို လုပ်ငန်းရှင် အသေးတွေရော၊ အလတ်တွေရော အကြီးတွေရော average ယူပြီးတော့ ၁၀၀ လား၊ ၃၀၀ လား၊ ၅၀၀ လား ဆိုပြီးတော့ သတ်မှတ်ဖို့အတွက် ကျွန်မတို့ စဉ်းစားပါတယ်၊ ပထမဆုံးက သိန်း ၅၀၀ လောက်အထိကို တင်ခိုင်းဖို့အတွက်ကို ဆွေးနွေးကြတယ်၊ ဒါပေမဲ့ လုပ်ငန်းရှင် သေးသေးလေးတွေက ဒါကို မလိုက်နိုင်ကြဘူးဆိုပြီးတော့ နောက်ပိတ်ဆုံး သိန်း ၁၀၀ နဲ့ သတ်မှတ် လိုက်ခြင်းဖြစ်ပါတယ်။ ဒီပမာဏ သိန်း ၁၀၀ တောင် Deposit မတင်နိုင်တဲ့ ကုမ္ပဏီတစ်ခုက Package တစ်ခု ကိုပဲ ကြည့်လိုက် လူတစ်ယောက်ကိုပဲ သိန်း ၂၀ လောက်ရှိနေပြီ၊ သူ ၁၀ ယောက်၊ ၁၅ ယောက် နိုင်ငံခြားကိုပို့မယ်၊ ဒီမှာ သိန်း ၁၀၀ တောင် မှ သူအာမ မခံနိုင်ဘူးဆိုရင် အဲ့ဒီမှာ အလိမ်ခံရမယ့် ပြည်သူတွေအတွက်ရော နောက် ပြဿနာ တစ်ခုခုဖြစ်လို့ တာဝန်ခံပြီးတော့ ဖြေရှင်း ရမယ့် ကျွန်မတို့အစိုးရအတွက်ရော Deposit တစ်ခုခုတော့ ရှိသင့်တယ်လို့ ဆုံးဖြတ်တာဖြစ်ပါတယ်”လို့ ၎င်းက ဆက်လက် ရှင်းပြပါ တယ်။

လိုင်စင်မဲ့ Out-Bound Tour  လုပ်နေတဲ့ ကုမ္ပဏီတွေကို အရေးယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဖွဲ့စည်းကာ ကော်မတီ အတွင်း ပါဝင်မယ့်ဌာနတွေ၊ လုပ်ငန်းအစီအစဉ် အသေးစိတ်တွေအတွက် လာမယ့် မတ်လထဲမှာ ကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီရဲ့ အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

(  Zawgyi  )

 Out-Bound Tour မ်ားရဲ႕ လိုင္စင္ေတြလုပ္တဲ့အခါ ေပးေဆာင္ရမယ့္ Deposit ေၾကးကို ေလွ်ာ့ေပးမွာ မဟုတ္ ေသာ္လည္း တရားမဝင္ ခရီးသြားလုပ္ငန္းေတြကို ထိေရာက္စြာအေရးယူသြားဖို႔ရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ေဒသဆိုင္ရာ ခရီးသြား လုပ္ငန္းေကာ္မတီမွ သိရပါတယ္။

အဆိုပါ Deposit ေၾကးကို ေလွ်ာ့ေပးဖို႔ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း (UMTA) က ေတာင္းဆိုတင္ျပခဲ့ ေသာ္လည္း ျဖစ္သင့္ျဖစ္ထိုက္ေသာပမာဏျဖစ္တဲ့အတြက္ ေျဖေလွ်ာ့ေပးျခင္းမျပဳခဲ့ေၾကာင္း၊ သို႔ရာတြင္ Deposit မတင္ဘဲ လုပ္ကိုင္ေနတဲ့ ကုမၸဏီ ေတြကို အေရးယူေပးဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။ “ဒါကကြၽန္မတို႔က အနည္းဆုံးပမာဏတစ္ခု ျဖစ္သင့္ျဖစ္ထိုက္တဲ့ ပမာဏ တစ္ခု ေဆြးေႏြးတိုင္ပင္ထားတာ ျဖစ္ပါတယ္၊ ဒီအတိုင္းပဲ ဆက္လုပ္မယ္လို႔ ရွင္းျပတယ္၊ အဲ့ဒီေတာ့ ဘာေတာင္းဆိုလာလဲ ဆိုေတာ့ သူတို႔ဘက္က ဒါကိုေပးဖို႔ သေဘာတူတယ္၊ သို႔ေသာ္လည္းပဲ ဒီလိုမ်ိဳး Deposit မတင္ဘဲနဲ႔ လိုင္စင္မဲ့ ေနာင္မွာလုပ္မယ္ဆိုလို႔ရွိရင္ ထိထိေရာက္ေရာက္ အေရးယူေပးဖို႔ ကြၽန္မတို႔ကို ေတာင္းဆိုတယ္၊ အဲ့ဒီအတြက္ကိုလည္း ကြၽန္မတို႔က ေကာ္မတီဖြဲ႕ပါမယ္၊ ေကာ္မတီဖြဲ႕ၿပီးေတာ့ လိုင္စင္မဲ့ Out-Bound Tour  လုပ္ေနတဲ့ ကုမၸဏီေတြကို တိတိက်က်ကိုင္တြယ္မယ္၊ အေရးယူမယ္၊ တရားဥပေဒ အတိုင္း ေဆာင္႐ြက္မယ္၊ အဲ့ဒါမွသာလွ်င္ လိုင္စင္နဲ႔စနစ္တက် ဥပေဒအတိုင္းသြားတဲ့ ျပည္သူေတြအတြက္ကို ကြၽန္မတို႔ကာကြယ္ေပးတာ ျဖစ္မွာပါ၊ အဲ့ဒါကိုလည္း ဒီေန႔အစည္းအေဝးမွာ အေထြေထြ ေဆြးေႏြးျခင္းမွာ ပါဝင္တာျဖစ္ပါတယ္”လို႔ ကရင္တိုင္းရင္းသား လူမ်ိဳး ေရးရာ ဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳးက ေျပာပါတယ္။

ထို Out-Bound Tour  ေတြနဲ႔ပတ္သက္ၿပီး Deposit  ထားရတာဟာ Out-Bound Tour  ေတြက တစ္ဖက္ႏိုင္ငံကို ဧည့္သည္ပို႔ရာတြင္ တစ္ဖက္ႏိုင္ငံမွာ ျပႆနာရွိခဲ့တဲ့ကိစၥရပ္ေတြ၊ တစ္ခ်ိဳ႕မွာ တစ္ဖက္ ႏိုင္ငံမွာ Travel Agent အျဖစ္ လုပ္ကိုင္ေပမယ့္ ဒီဘက္မွာ လိုင္စင္ ယူၿပီးေတာ့ လူေတြပို႔တဲ့အခါ အလုပ္လုပ္ဖို႔အတြက္ျဖစ္သြားတဲ့ အေျခအေနေတြ အပါအဝင္ ဥပေဒကို လက္တစ္လုံးျခား လုပ္လာတဲ့ ကိစၥရပ္ေတြေၾကာင့္ စည္းကမ္းတက်ျဖစ္ေစရန္ Deposit တင္ရတဲ့ကိစၥကို ဆုံးျဖတ္ကာ လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။

“ဒါက ကြၽန္မတို႔တစ္ႏိုင္ငံတည္း လုပ္တာမဟုတ္ပါဘူး၊ အိမ္နီးခ်င္းထိုင္းႏိုင္ငံကို ၾကည့္ရင္ ဘတ္ ၆ သိန္းေလာက္ Deposit တင္ရတာ ျဖစ္ပါတယ္၊ နည္းတယ္မ်ားတယ္ဆိုတဲ့ပမာဏကို လုပ္ငန္းရွင္ အေသးေတြေရာ၊ အလတ္ေတြေရာ အႀကီးေတြေရာ average ယူၿပီးေတာ့ ၁၀၀ လား၊ ၃၀၀ လား၊ ၅၀၀ လား ဆိုၿပီးေတာ့ သတ္မွတ္ဖို႔အတြက္ ကြၽန္မတို႔ စဥ္းစားပါတယ္၊ ပထမဆုံးက သိန္း ၅၀၀ ေလာက္အထိကို တင္ခိုင္းဖို႔အတြက္ကို ေဆြးေႏြးၾကတယ္၊ ဒါေပမဲ့ လုပ္ငန္းရွင္ ေသးေသးေလးေတြက ဒါကို မလိုက္ႏိုင္ၾကဘူးဆိုၿပီးေတာ့ ေနာက္ပိတ္ဆုံး သိန္း ၁၀၀ နဲ႔ သတ္မွတ္ လိုက္ျခင္းျဖစ္ပါတယ္။ ဒီပမာဏ သိန္း ၁၀၀ ေတာင္ Deposit မတင္ႏိုင္တဲ့ ကုမၸဏီတစ္ခုက Package တစ္ခု ကိုပဲ ၾကည့္လိုက္ လူတစ္ေယာက္ကိုပဲ သိန္း ၂၀ ေလာက္ရွိေနၿပီ၊ သူ ၁၀ ေယာက္၊ ၁၅ ေယာက္ ႏိုင္ငံျခားကိုပို႔မယ္၊ ဒီမွာ သိန္း ၁၀၀ ေတာင္ မွ သူအာမ မခံႏိုင္ဘူးဆိုရင္ အဲ့ဒီမွာ အလိမ္ခံရမယ့္ ျပည္သူေတြအတြက္ေရာ ေနာက္ ျပႆနာ တစ္ခုခုျဖစ္လို႔ တာဝန္ခံၿပီးေတာ့ ေျဖရွင္း ရမယ့္ ကြၽန္မတို႔အစိုးရအတြက္ေရာ Deposit တစ္ခုခုေတာ့ ရွိသင့္တယ္လို႔ ဆုံးျဖတ္တာျဖစ္ပါတယ္”လို႔ ၎က ဆက္လက္ ရွင္းျပပါ တယ္။

လိုင္စင္မဲ့ Out-Bound Tour  လုပ္ေနတဲ့ ကုမၸဏီေတြကို အေရးယူမယ့္ကိစၥနဲ႔ပတ္သက္ၿပီး ေကာ္မတီဖြဲ႕စည္းကာ ေကာ္မတီ အတြင္း ပါဝင္မယ့္ဌာနေတြ၊ လုပ္ငန္းအစီအစဥ္ အေသးစိတ္ေတြအတြက္ လာမယ့္ မတ္လထဲမွာ က်င္းပမယ့္ ရန္ကုန္တိုင္းေဒသႀကီး ေဒသဆိုင္ရာ ခရီးသြား လုပ္ငန္းေကာ္မတီရဲ႕ အစည္းအေဝးမွာ ဆက္လက္ေဆြးေႏြးဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၁