COVID-19 အကြောင်းပြုကာ အကျိုးအမြတ်ရှာသည့် လုပ်ငန်းရှင်နှင့် ရောင်းချသူများကို ထိထိရောက်ရောက်အရေးယူမည်

COVID-19 အကြောင်းပြုကာ အကျိုးအမြတ်ရှာသည့် လုပ်ငန်းရှင်နှင့် ရောင်းချသူများကို ထိထိရောက်ရောက်အရေးယူမည်

COVID-19 အပေါ် အခွင့်ကောင်းယူပြီးစျေးကစား၊အကျိုးအမြတ်ရှာသည့်လုပ်ငန်းရှင်များ၊ရောင်းချသူများကို ထိထိရောက်ရောက်အရေးယူမှာဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူညွန်ကြားရေးမှူးချုပ်ဦးဇော်ဌေးမှ ယနေ့နေလယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။

"ရောဂါရဲ့ကျယ်ပြန့်မှုပမာဏကလည်းတကမ္ဘာလုံးအတိုင်းအတာနဲ့တော်တော်လေးကြီးတဲ့အတွက်ဒီအချိန်မှာအကျိုးအမြတ်နဲ့ကိုယ်ကျိုးစီးပွားဝိသမလောဘစိတ်တွေနဲ့မလုပ်ကျဖို့မေတ္တာရပ်ခံလိုပါတယ် "ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက
ပြောပါတယ်။

"ပြည်သူလူထုကိုမေတ္တာရပ်ခံချင်တာကကျနော်တို့နိုင်ငံကအထူးသဖြင့်ဆန်ကိုအဓိကစားသုံးတဲ့နိုင်ငံဖြစ်ပါတယ်။ဆန်ကို လည်းပြည်ပက၀ယ်ယူတင်သွင်းရတဲ့နိုင်ငံလည်းမဟုတ်ပါဘူး။ ပြည်တွင်းမှာဖူလုံတဲ့အပြင်ပြည်ပကိုပါတင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်ပါတယ်။နောက်တစ်ချက်က အစားအသောက်တွေ သစ်သီး၀လံဟင်းသီးဟင်းရွက်တွေ ဒါတွေလည်းစိုက်ပျိုးထုတ်လုပ်ပြီးအိမ်နီးချင်းနိုင်ငံတွေကိုတင်ပို့ရောင်းချနေတဲ့နိုင်ငံဖြစ်ပါတယ်၊အဲဒီတော့ပြည်တွင်းစားသုံးမှုကဖူလုံမှုရှိပါတယ်။နိုင်ငံတော်အပိုင်းအနေနဲ့အရံဆန်တွေကြိတ်ခွဲနေတာတွေ၊ ၀ယ်ယူစုဆောင်းထားတာတွေတန်ချိန်တစ်သောင်းခွဲလောလောဆယ်ရှိပါတယ်။ နောက်ထပ်လည်းစီးပွားကူးသန်၀န်ကြီးဌာနနဲ့အဓိကကျတဲ့စိုက်၊မွေး၊ဆည်၀န်ကြီးဌာန၊နောက်မြန်မာနိုင်ဆန်စပါးလုပ်ငန်းအသင်း၊နောက်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ဒါတွေလည်းအစည်းအဝေးမနက်ဖြန်ဆိုခေါ်မှာဖြစ်ပါတယ်။အစည်းအဝေးဖိတ်ထားပြီးနိုင်ငံတော်ပိုင်းမှာရှိတဲ့အရံဆန်ရယ်၊လုပ်ငန်းရှင်တွေလက်ထဲမှာရှိတဲ့ဆန်၊ဒီပမာဏတွေနဲ့ကျနော်တို့တစ်နိုင်ငံလုံးရဲ့စားသုံးမှုနဲ့တွက်ချက်ပြီးလိုအပ်တဲ့အစီအမံတွေဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။လိုအပ်တဲ့အစီအမံဆိုတာကတော့ဒီကြားကာလမှာCOVID-19 ကဘယ်လောက်ကြားမှန်းမသိသေးတဲ့အတွက်ရေရှည် အတွက်ကျ နော်တို့တွက်ပါမယ်။တွက်ပြီးယင်လိုအပ်ရင်လိုအပ်သလိုဆန်စပါးအိပ်စပို့လုပ်တာတွေက ကန့်သတ်တာ၊ ကန့်သတ်တာတွေလည်းလုပ်သွားမှာဖြစ်ပါတယ်။အဲ့အပေါ်မှာစျေးကစားပြီးတော့ဒီအချိန်မှာအခွင့်ကောင်းယူပြီးတော့စျေးကစားတဲ့အကျိုးအမြတ်ရှာတဲ့လုပ်ငန်းရှင်တွေရောင်းချတဲ့သူတွေကိုလည်း အခုကတည်းကသတ်ိပေးပါတယ်။ထိထိရောက်ရောက်အရေးယူမှာဖြစ်ပါတယ် "ဟုပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ မတ် - ၁၃

( Zawgyi )

COVID-19 အေပၚ အခြင့္ေကာင္းယူၿပီးေစ်းကစား၊အက်ိဳးအျမတ္ရွာသည့္လုပ္ငန္းရွင္မ်ား၊ေရာင္းခ်သူမ်ားကို ထိထိေရာက္ေရာက္အေရးယူမွာျဖစ္ေၾကာင္းႏိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးမွ ယေန႔ေနလယ္ပိုင္းက ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သတိေပးခဲ့ပါတယ္။

"ေရာဂါရဲ႕က်ယ္ျပန္႔မႈပမာဏကလည္းတကမာၻလုံးအတိုင္းအတာနဲ႔ေတာ္ေတာ္ေလးႀကီးတဲ့အတြက္ဒီအခ်ိန္မွာအက်ိဳးအျမတ္နဲ႔ကိုယ္က်ိဳးစီးပြားဝိသမေလာဘစိတ္ေတြနဲ႔မလုပ္က်ဖို႔ေမတၱာရပ္ခံလိုပါတယ္ "ဟု သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူက
ေျပာပါတယ္။

"ျပည္သူလူထုကိုေမတၱာရပ္ခံခ်င္တာကက်ေနာ္တို႔ႏိုင္ငံကအထူးသျဖင့္ဆန္ကိုအဓိကစားသုံးတဲ့ႏိုင္ငံျဖစ္ပါတယ္။ဆန္ကို လည္းျပည္ပက၀ယ္ယူတင္သြင္းရတဲ့ႏိုင္ငံလည္းမဟုတ္ပါဘူး။ ျပည္တြင္းမွာဖူလုံတဲ့အျပင္ျပည္ပကိုပါတင္ပို႔ေရာင္းခ်တဲ့ႏိုင္ငံျဖစ္ပါတယ္။ေနာက္တစ္ခ်က္က အစားအေသာက္ေတြ သစ္သီး၀လံဟင္းသီးဟင္း႐ြက္ေတြ ဒါေတြလည္းစိုက္ပ်ိဳးထုတ္လုပ္ၿပီးအိမ္နီးခ်င္းႏိုင္ငံေတြကိုတင္ပို႔ေရာင္းခ်ေနတဲ့ႏိုင္ငံျဖစ္ပါတယ္၊အဲဒီေတာ့ျပည္တြင္းစားသုံးမႈကဖူလုံမႈရွိပါတယ္။ႏိုင္ငံေတာ္အပိုင္းအေနနဲ႔အရံဆန္ေတြႀကိတ္ခြဲေနတာေတြ၊ ၀ယ္ယူစုေဆာင္းထားတာေတြတန္ခ်ိန္တစ္ေသာင္းခြဲေလာေလာဆယ္ရွိပါတယ္။ ေနာက္ထပ္လည္းစီးပြားကူးသန္၀န္ႀကီးဌာနနဲ႔အဓိကက်တဲ့စိုက္၊ေမြး၊ဆည္၀န္ႀကီးဌာန၊ေနာက္ျမန္မာႏိုင္ဆန္စပါးလုပ္ငန္းအသင္း၊ေနာက္ဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊ဒါေတြလည္းအစည္းအေဝးမနက္ျဖန္ဆိုေခၚမွာျဖစ္ပါတယ္။အစည္းအေဝးဖိတ္ထားၿပီးႏိုင္ငံေတာ္ပိုင္းမွာရွိတဲ့အရံဆန္ရယ္၊လုပ္ငန္းရွင္ေတြလက္ထဲမွာရွိတဲ့ဆန္၊ဒီပမာဏေတြနဲ႔က်ေနာ္တို႔တစ္ႏိုင္ငံလုံးရဲ႕စားသုံးမႈနဲ႔တြက္ခ်က္ၿပီးလိုအပ္တဲ့အစီအမံေတြဆက္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။လိုအပ္တဲ့အစီအမံဆိုတာကေတာ့ဒီၾကားကာလမွာCOVID-19 ကဘယ္ေလာက္ၾကားမွန္းမသိေသးတဲ့အတြက္ေရရွည္ အတြက္က် ေနာ္တို႔တြက္ပါမယ္။တြက္ၿပီးယင္လိုအပ္ရင္လိုအပ္သလိုဆန္စပါးအိပ္စပို႔လုပ္တာေတြက ကန္႔သတ္တာ၊ ကန္႔သတ္တာေတြလည္းလုပ္သြားမွာျဖစ္ပါတယ္။အဲ့အေပၚမွာေစ်းကစားၿပီးေတာ့ဒီအခ်ိန္မွာအခြင့္ေကာင္းယူၿပီးေတာ့ေစ်းကစားတဲ့အက်ိဳးအျမတ္ရွာတဲ့လုပ္ငန္းရွင္ေတြေရာင္းခ်တဲ့သူေတြကိုလည္း အခုကတည္းကသတ္ိေပးပါတယ္။ထိထိေရာက္ေရာက္အေရးယူမွာျဖစ္ပါတယ္ "ဟုေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ မတ္ - ၁၃