COVID-19 နှင့်ပတ်သက်၍ အနီးကပ်ထိတွေခဲ့သူ အားလုံးကို ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှ Quarantineမှ ပြန်လည်စေလွှတ်မည်

COVID-19 နှင့်ပတ်သက်၍ အနီးကပ်ထိတွေခဲ့သူ အားလုံးကို ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှ Quarantineမှ ပြန်လည်စေလွှတ်မည်

COVID-19နှင့်ပတ်သက်၍ ယခင်ကရောဂါလက္ခဏာ ပြသည့် သံသယရှိသူများ အနည်းငယ် ကိုသာ ပိုးရှိ/မရှိ စစ်ဆေးနိုင်ခဲ့သော်လည်း ယခုအချိန်တွင် အနီးကပ်ထိတွေခဲ့သူ အားလုံးကို ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှ Quarantineမှ ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးမှပြော ပါတယ်။
           
"အနီးကပ်ထိတွေ့သူများအား စစ်ဆေးမှုမြင့်တင်မဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ အရင်က စစ်ဆေးနိုင်မှု ကန့်သတ်ချက်အရ ရောဂါလက္ခဏာပြလာတဲ့ သံသယရှိသူ အနည်းငယ်ကိုပဲ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့ပေမဲ့ ခုချိန်မှာတိုးမြင့် စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်သိရှိရပါတယ်။ ဒါကြောင့် ယခင်က ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ တွေကို Quarantine လုပ်ခြင်းနဲ့ ရောဂါပိုး တွေ့ရှိသူ တွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူများ (Closed Contact) များကို Quarantine လုပ်ခြင်းဆိုပြီး (၂)မျိုး ထားရှိ ဆောင်ရွက်ခဲ့ပါတယ်၊ဒီလို Quarantine စောင့်ကြည့်ထားရှိသူများ ထဲကမှ ရောဂါပိုး လက္ခဏာပြလာ သူတွေကိုပဲ ရောဂါပိုး ရှိမရှိစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ယခုအခါစစ်ဆေးမဲ့အစီအစဉ်မှာရောဂါပိုးတွေ့ရှိသူတွေနဲ့သူတို့နဲ့အနီးကပ်ထိတွေခဲ့သူတွေ(Closed Contact)များအားလုံးကိုရောဂါပိုးရှိမရှိစစ်ဆေးပြီးမှ Quarantine မှပြန်လည် စေလွှတ်မှာ ဖြစ်ပါတယ်၊ပြည်တော်ပြန်တွေကိုQuarantineထားရှိစဉ်ကာလအတွင်းမှာ(၅-၁၀%)ကို ရောဂါပိုး ရှိ/မရှိစစ်ဆေးမှာဖြစ်ပါတယ်၊ Quarantine ထားရှိချိန် ရောဂါလက္ခဏာ ပြလာပြီ ဆိုရင်တော့ မဖြစ်မနေစစ်ပါတယ်။နောင်လည်းဆက်စစ်ဦးမှာဖြစ်ပါတယ်။ရောဂါပိုးတွေ့ရှိသူတွေနဲ့အနီးကပ်ထိတွေ့ခဲ့သူများ(Closed Contact)များကို ရှာဖွေ ဖော်ထုတ်နိုင်ရေးကိစ္စကို တိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းထားတဲ့ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေကတာဝန်ယူရပါတယ်" ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောပါတယ်။ အနီးကပ်ထိတွေ့သူများအား စစ်ဆေးမှုမြင့် တင်မည့်ကိစ္စနှင့်ပတ် သက်၍ အိမ်တော်သတင်းထောက်များဂရုမှ မေးမြန်းမှုနဲ့ပတ်သက်၍ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

KO
နေပြည်တော်၊ ဧပြီ ၁၂

(  Zawgyi  )

 COVID-19 ႏွင့္ပတ္သက္၍ ယခင္ကေရာဂါလကၡဏာ ျပသည့္ သံသယရွိသူမ်ား အနည္းငယ္ ကိုသာ ပိုးရွိ/မရွိ စစ္ေဆးႏိုင္ခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ အနီးကပ္ထိေတြခဲ့သူ အားလုံးကို ေရာဂါပိုးရွိ/မရွိ စစ္ေဆးၿပီးမွ Quarantineမွ ျပန္လည္ေစလႊတ္မည္ ျဖစ္ေၾကာင္း သမၼတ႐ုံး ေျပာေရး ဆိုခြင့္ရွိသူ ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးမွေျပာ ပါတယ္။
           
"အနီးကပ္ထိေတြ႕သူမ်ားအား စစ္ေဆးမႈျမင့္တင္မဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး၊ အရင္က စစ္ေဆးႏိုင္မႈ ကန႔္သတ္ခ်က္အရ ေရာဂါလကၡဏာျပလာတဲ့ သံသယရွိသူ အနည္းငယ္ကိုပဲ ေရာဂါပိုးရွိမရွိ စစ္ေဆးႏိုင္ခဲ့ေပမဲ့ ခုခ်ိန္မွာတိုးျမင့္ စစ္ေဆးႏိုင္ၿပီ ျဖစ္ေၾကာင္သိရွိရပါတယ္။ ဒါေၾကာင့္ ယခင္က ျပည္ပမွ ျပန္လည္ေရာက္ရွိလာသူ ေတြကို Quarantine လုပ္ျခင္းနဲ႔ ေရာဂါပိုး ေတြ႕ရွိသူ ေတြနဲ႔ အနီးကပ္ ထိေတြ႕ခဲ့သူမ်ား (Closed Contact) မ်ားကို Quarantine လုပ္ျခင္းဆိုၿပီး (၂)မ်ိဳး ထားရွိ ေဆာင္႐ြက္ခဲ့ပါတယ္၊ဒီလို Quarantine ေစာင့္ၾကည့္ထားရွိသူမ်ား ထဲကမွ ေရာဂါပိုး လကၡဏာျပလာ သူေတြကိုပဲ ေရာဂါပိုး ရွိမရွိစစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ယခုအခါစစ္ေဆးမဲ့အစီအစဥ္မွာေရာဂါပိုးေတြ႕ရွိသူေတြနဲ႔သူတို႔နဲ႔အနီးကပ္ထိေတြခဲ့သူေတြ(Closed Contact)မ်ားအားလုံးကိုေရာဂါပိုးရွိမရွိစစ္ေဆးၿပီးမွ Quarantine မွျပန္လည္ ေစလႊတ္မွာ ျဖစ္ပါတယ္၊ျပည္ေတာ္ျပန္ေတြ ကို Quarantine ထားရွိစဥ္ကာလအတြင္းမွာ(၅-၁၀%)ကို ေရာဂါပိုး ရွိ/မရွိစစ္ေဆးမွာျဖစ္ပါတယ္၊ Quarantine ထားရွိခ်ိန္ ေရာဂါလကၡဏာ ျပလာၿပီ ဆိုရင္ေတာ့ မျဖစ္မေနစစ္ပါတယ္။ေနာင္လည္းဆက္စစ္ဦးမွာျဖစ္ပါတယ္။ေရာဂါပိုးေတြ႕ရွိ သူေတြနဲ႔အနီးက ပ္ထိေတြ႕ ခဲ့သူမ်ား(Closed Contact)မ်ားကို ရွာေဖြေဖာ္ထုတ္ႏိုင္ေရးကိစၥကို တိုင္းေဒသႀကီးေတြမွာ ဖြဲ႕စည္းထားတဲ့ထိန္းခ်ဳပ္ေရးနဲ႔အေရးေပၚတုံ႔ျပန္ေရးေကာ္မတီေတြကတာဝန္ယူရပါတယ္" ဟု သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးမွ ေျပာပါတယ္။ အနီးကပ္ထိေတြ႕သူမ်ားအား စစ္ေဆးမႈျမင့္ တင္မည့္ကိစၥႏွင့္ပတ္ သက္၍ အိမ္ေတာ္သတင္းေထာက္မ်ားဂ႐ုမွ ေမးျမန္းမႈနဲ႔ပတ္သက္၍ယင္းသို႔ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

KO
ေနျပည္ေတာ္၊ ဧၿပီ ၁၂