COVID 19 ကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုအနည်းဆုံးဖြစ်ရန် အစီအစဉ်တွေ လုပ်ဆောင်ပေးသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြား

COVID 19 ကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုအနည်းဆုံးဖြစ်ရန် အစီအစဉ်တွေ လုပ်ဆောင်ပေးသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြား

COVID 19 ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံရဲ့စီးပွားရေးထိခိုက်မှုတွေကို အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်နေသလို ပြည်သူတွေ အနေနဲ့ နစ်နာမှုမရှိစေဖို့ အစီအစဉ်တွေကိုလုပ်ဆောင်ပေးသွားဖို့ရှိနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အဆိုပါရောဂါကြောင့် အလုပ်သမားများအလုပ်လက်မဲ့မဖြစ်စေဘဲ စက်ရုံအလုပ်ရုံများပုံမှန်လည်ပတ်နိုင်စေဖို့ နိုင်ငံ့စီးပွားရေး လည်ပတ်မှု အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ရည်ရွယ်ကာ အခွန်အကောက်များဖြေလျှော့ခြင်း၊ အတိုးနှုန်းများ လျှော့ပေးခြင်း တို့ကိုဆောင်ရွက်ရန်စီစဉ်ထားကြောင်း၊ ထိုရောဂါကြောင့် CMP လို့လူသိများတဲ့ ကုန်ကြမ်းပေးကုန်ချောယူလက်ခစားစနစ်လုပ်ငန်းများ၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းများ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အထူးသက်သာတဲ့နှုန်းဖြင့် ချေးငွေတွေနဲ့ အခွန်ကင်းလွတ်ခွင့် ရရှိရေးကို စီမံသွားမှာ ဖြစ်ကြောင်း၊ လက်ရှိကာလမှာ ပို့ကုန်လုပ်ငန်းတွေအနေနဲ့ ကြိုတင်ကောက်ခံတဲ့ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ယခုနှစ်ကုန် အထိ ကင်းလွတ်ခွင့်ပြုသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် စီးပွားရေးဆိုင်ရာ အခြေအနေများနဲ့ စပ်လျဉ်းပြီး ပြည်သူလူထုသို့ အစီရင်ခံတင်ပြတဲ့မိန့်ခွန်းကို မတ်လ ၁၆ ရက်က နေပြည်တော်က သမ္မတအိမ်တော်မှာ ပြောကြားရာမှာ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယခုအခါအစိုးရအနေနဲ့ လိုအပ်ချက်ကိုတွက်ဆပြီး လျှောက်လှမ်းနေရတာဖြစ်သလို နိုင်ငံရဲ့ရေရှည်အကျိုးကို အမြဲ မျက်ခြည်မပြတ် လုပ်ဆောင်နေကြောင်း၊ အစိုးရရဲ့လုပ်ဆောင်ချက်များ ပန်ကြားချက်တွေကို ပြည်သူတွေသိအောင် စဉ်ဆက်မပြတ်ဖြန့်ချိလုပ်ဆောင်ဖို့ စီစဉ်ထားပြီး ယခုလိုအမျိုးသားရေးလုပ်ငန်းရပ်ကြီးအောင်မြင်ဖို့အတွက် ပြည်သူသာလျှင် အဓိကဖြစ်ကြောင်း၊ ဒါ့အပြင် COVID 19 နဲ့ပတ်သက်တဲ့ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ်ကိုလည်း ထူထောင်သွားဖို့ စီစဉ်ထားပြီး စေတနာရှင်ပြည်သူတွေက ပါဝင်ပူးပေါင်းကြဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ မတ် ၁၇  
(ဓာတ်ပုံ - Myanmar State Counsellor Office)

(  Zawgyi  )

 COVID 19 ေရာဂါနဲ႔ပတ္သက္ၿပီး ႏိုင္ငံရဲ႕စီးပြားေရးထိခိုက္မႈေတြကို အနည္းဆုံးျဖစ္ေစရန္ ႀကိဳးပမ္းလုပ္ေဆာင္ေနသလို ျပည္သူေတြ အေနနဲ႔ နစ္နာမႈမရွိေစဖို႔ အစီအစဥ္ေတြကိုလုပ္ေဆာင္ေပးသြားဖို႔ရွိေနတယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

အဆိုပါေရာဂါေၾကာင့္ အလုပ္သမားမ်ားအလုပ္လက္မဲ့မျဖစ္ေစဘဲ စက္႐ုံအလုပ္႐ုံမ်ားပုံမွန္လည္ပတ္ႏိုင္ေစဖို႔ ႏိုင္ငံ့စီးပြားေရး လည္ပတ္မႈ အေပၚ ထိခိုက္မႈအနည္းဆုံးျဖစ္ေအာင္ရည္႐ြယ္ကာ အခြန္အေကာက္မ်ားေျဖေလွ်ာ့ျခင္း၊ အတိုးႏႈန္းမ်ား ေလွ်ာ့ေပးျခင္း တို႔ကိုေဆာင္႐ြက္ရန္စီစဥ္ထားေၾကာင္း၊ ထိုေရာဂါေၾကာင့္ CMP လို႔လူသိမ်ားတဲ့ ကုန္ၾကမ္းေပးကုန္ေခ်ာယူလက္ခစားစနစ္လုပ္ငန္းမ်ား၊ ဟိုတယ္နဲ႔ခရီးသြားလုပ္ငန္းမ်ား၊ အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားအတြက္ အထူးသက္သာတဲ့ႏႈန္းျဖင့္ ေခ်းေငြေတြနဲ႔ အခြန္ကင္းလြတ္ခြင့္ ရရွိေရးကို စီမံသြားမွာ ျဖစ္ေၾကာင္း၊ လက္ရွိကာလမွာ ပို႔ကုန္လုပ္ငန္းေတြအေနနဲ႔ ႀကိဳတင္ေကာက္ခံတဲ့ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္းကို ယခုႏွစ္ကုန္ အထိ ကင္းလြတ္ခြင့္ျပဳသြားမယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံေတာ္ စီးပြားေရးဆိုင္ရာ အေျခအေနမ်ားနဲ႔ စပ္လ်ဥ္းၿပီး ျပည္သူလူထုသို႔ အစီရင္ခံတင္ျပတဲ့မိန႔္ခြန္းကို မတ္လ ၁၆ ရက္က ေနျပည္ေတာ္က သမၼတအိမ္ေတာ္မွာ ေျပာၾကားရာမွာ ယင္းကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ယခုအခါအစိုးရအေနနဲ႔ လိုအပ္ခ်က္ကိုတြက္ဆၿပီး ေလွ်ာက္လွမ္းေနရတာျဖစ္သလို ႏိုင္ငံရဲ႕ေရရွည္အက်ိဳးကို အၿမဲ မ်က္ျခည္မျပတ္ လုပ္ေဆာင္ေနေၾကာင္း၊ အစိုးရရဲ႕လုပ္ေဆာင္ခ်က္မ်ား ပန္ၾကားခ်က္ေတြကို ျပည္သူေတြသိေအာင္ စဥ္ဆက္မျပတ္ျဖန႔္ခ်ိလုပ္ေဆာင္ဖို႔ စီစဥ္ထားၿပီး ယခုလိုအမ်ိဳးသားေရးလုပ္ငန္းရပ္ႀကီးေအာင္ျမင္ဖို႔အတြက္ ျပည္သူသာလွ်င္ အဓိကျဖစ္ေၾကာင္း၊ ဒါ့အျပင္ COVID 19 နဲ႔ပတ္သက္တဲ့ ကာကြယ္ကုသထိန္းခ်ဳပ္ေရးဆိုင္ရာ ရန္ပုံေငြတစ္ရပ္ကိုလည္း ထူေထာင္သြားဖို႔ စီစဥ္ထားၿပီး ေစတနာရွင္ျပည္သူေတြက ပါဝင္ပူးေပါင္းၾကဖို႔ ႏႈိးေဆာ္ထားတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ မတ္ ၁၇  
(ဓာတ္ပုံ - Myanmar State Counsellor Office)