2020 World Monuments Watch အဖြစ်ရွေးချယ်ထားသည့် မြန်မာ့ဓလေ့ရိုးရာကျေးလက်နေအိမ်များအား ကမ္ဘာသိအောင် ထုတ်ပြသွားရန် စီစဉ်နေ

2020 World Monuments Watch အဖြစ်ရွေးချယ်ထားသည့် မြန်မာ့ဓလေ့ရိုးရာကျေးလက်နေအိမ်များအား ကမ္ဘာသိအောင် ထုတ်ပြသွားရန် စီစဉ်နေ

 မြန်မာ့ဓလေ့ရိုးရာနည်းပညာနဲ့တည်ဆောက်ထားတဲ့ ပြည်တွင်းကကျေးလက်နေအိမ်တစ်ချို့ 2020 World Monuments Watch အဖြစ်ရွေးချယ် ခံထား ရတာကြောင့် သုတေသနပြုထိန်းသိမ်းပြီး ကမ္ဘာက သိအောင်ထုတ်ပြသွားဖို့စီစဉ်နေတယ်လို့ နည်းပညာတက္ကသိုလ်(မန္တလေး) ဗိသုကာ ပညာရှင်ပါမောက္ခ ဒေါက်တာဇာခြည်မင်းကပြောပါတယ်။

မှတ်တမ်းတင်မယ် သုတေသနလုပ်မယ် ကမ္ဘာကသိအောင်ဖော်ထုတ်ပြသပြီးတဲ့အခါကျတော့ ပြည်တွင်းမှာရှိတဲ့အလှူရှင်တွေဖိတ်ခေါ်ပြီးတော့ ထိန်း သိမ်းသွားဖို့အထိကိုမျှော်မှန်းထားတာပါ လို့ ၎င်းကပြောပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းဖြစ်တဲ့ World Monuments Fund(WMF) ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ World Monuments Watch (အရှည်တည်တံ့အောင်စောင့်ရှောက် ထိန်းသိမ်းမှတ်တမ်းတင်ရမယ့်အဆောက်အဦများ) ရဲ့ ၂၀၂၀ ခုနှစ်စာရင်းထဲမှာ မြန်မာနိုင်ငံက မြန်မာ့ဓလေ့ ရိုးရာနည်းပညာနဲ့ တည်ဆောက် ထားတဲ့ ကျေးလက်နေအိမ်တစ် ချို့ပါဝင်သွားခဲ့ပါတယ်။

ဒီနေအိမ်တွေ World Monuments Watch စာရင်းထဲဝင်နိုင်အောင်လို့ကြိုးစားခဲ့တဲ့ ဒေါက်တာ ဇာခြည်မင်း တို့ကတော့ ဒါတွေအတွက် အခု အခါမှာပြင် ဆင်ဆောင်ရွက်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။“ ဒေသရဲ့ကာ ရိုက်တာ ကြံအင်လက္ခဏာတွေဖော်ညွှန်းတဲ့၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းတွေကို သုံး ထားပြီးတော့ ဆောက်ထားတဲ့အိမ်လေးတွေပေါ့၊ ကျွန်း သစ်နဲ့ဆောက်ထားတဲ့အိမ်လေးတွေပါ၊ ကနဦး ရွေး ချယ် ထားတာက အိမ်ပေါင်းသုံးလေးဆယ်လောက်ရှိပေမယ့် ဒီဆုရဖို့အတွက် Selection အနေနဲ့ပြန် ရွေး ချယ်တင်ပြခဲ့တာက အိမ်ပေါင်း ၁၂ လုံးဖြစ်ပါတယ်၊ ဒါတွေကိုကျွန်မတို့ကတင်ပြတော့ အဲဒီအဖွဲ့ကရွေးချယ်ခဲ့ တာပါ ”လို့လည်း ၎င်းကပြော ပါတယ်။

အဆိုပါကျေးလက်နေအိမ်တွေဟာ ဒေသရဲ့ရာသီဥတုအပေါ် မူတည်ပြီး ဆောက်ထားခဲ့တဲ့ခြေတံရှည် အိမ်များဖြစ်ကြောင်း၊ ကျွန်းသစ်နဲ့ဆောက် ထား တဲ့အိမ်များဖြစ်ကြောင်း၊ အဲဒီမှာ မှပန်းပုလက်ရာလေးတွေနဲ့ လှပစွာဖန်တီးထားတာတွေပါဝင်ကြောင်း၊ နေ့စဉ်လှုပ်ရှားသွားလာကြတဲ့ စားဝတ် နေရေး အတွက် ရုန်းကန်ကြရတဲ့ ပုံစံတွေ ဥပမာ ခြေတံရှည်အိမ်ရဲ့အောက်မှာ စတိုခန်းတွေအသုံးပြုတဲ့ပုံစံများ၊ နွားတင်းကုတ် လုပ်ထားတဲ့ပုံစံများ၊ အိမ်ထဲမှာဆိုရင်လည်း ချက်ပြုတ်စားသောက်တဲ့ပုံစံ ဘယ်လိုရှိတယ် ဆိုတာတွေ အိပ်ခန်းတွေက အစ စိတ်ဝင်စားဖွယ်ဖြစ် တဲ့ ပုံစံများ၊ ကြမ်းခင်းနဲ့တစ်ပြေးတည်းဆောက်ထားတဲ့ ပြတင်းပေါက် စနစ် တွေပါဝင်ကြောင်း၊ အထူးသဖြင့် ဒေသထွက်ကုန် ကြမ်းပစ္စည်းတွေကို သာအသုံးပြုပြီးတည်ဆောက်ထား တဲ့အိမ်များဖြစ်ကြောင်းသိရပါတယ်။

နယူးယောက်အခြေစိုက်ရုံးကနေကြေညာတာကတော့ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီးတော့ ကြေညာတာပါ၊ ကျွန်မတို့က ဒီအိမ်တွေနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေဆောင်ရွက်သွားဖို့လည်းရှိတယ်၊ ဆောက်လုပ်ရေးနည်းပညာနဲ့ဆိုင်တာတွေကိုလည်း လူငယ်တွေကို ပညာပေးဖို့ အစီအစဉ်ရှိပါတယ်၊ နမူနာ အဆောက်အဦတွေနဲ့လည်း ပြပွဲတစ်ခုခင်းကျင်းပြသဖို့အထိမျှော်မှန်းထားပါတယ် လို့ ပါမောက္ခ ဒေါက်တာ ဇာခြည်မင်းကပြော ပါတယ်။

၂၀၂၀ ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းကတင်ပြအရွေးချယ်ခံတဲ့အမျိုးအစားပေါင်း ၂၅၀ ထဲကမှ ၂၅ ခုရွေး ချယ်ခဲ့တာဖြစ်ပြီး အဲဒီအထဲမှာမြန်မာနိုင်ငံ ပါဝင်သွားတာဖြစ်ပါတယ်။ 2020 World Monuments Watch အဖြစ် ရဖို့အတွက် ပါမောက္ခဒေါက်တာဇာခြည်မင်းတို့ တင်ပြခဲ့ တဲ့ကျေးလက်နေ အိမ်တွေကတော့ မန္တလေးတိုင်း ဒေသကြီးမှာဆိုရင် ပျဉ်းမနား လယ်ဝေးမြို့နယ်ဘင်သာကျေးရွာနဲ့ရှားချောင်းကျေးရွာတို့ကနေအိမ်တစ်ချို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် လယ်ဇင်ကျေးရွာနဲ့မော်လိုက်ကျေးရွာတို့ကနေအိမ် တစ်ချို့ဖြစ် တယ်လို့သိရပါတယ်။

KT
ဓာတ်ပုံ - ပါမောက္ခဒေါက်တာဇာခြည်မင်း

(  Zawgyi  )

  ျမန္မာ့ဓေလ့႐ိုးရာနည္းပညာနဲ႔တည္ေဆာက္ထားတဲ့ ျပည္တြင္းကေက်းလက္ေနအိမ္တစ္ခ်ိဳ႕ 2020 World Monuments Watch အျဖစ္ေ႐ြးခ်ယ္ ခံထား ရတာေၾကာင့္ သုေတသနျပဳထိန္းသိမ္းၿပီး ကမာၻက သိေအာင္ထုတ္ျပသြားဖို႔စီစဥ္ေနတယ္လို႔ နည္းပညာတကၠသိုလ္(မႏၲေလး) ဗိသုကာ ပညာရွင္ပါေမာကၡ ေဒါက္တာဇာျခည္မင္းကေျပာပါတယ္။

မွတ္တမ္းတင္မယ္ သုေတသနလုပ္မယ္ ကမာၻကသိေအာင္ေဖာ္ထုတ္ျပသၿပီးတဲ့အခါက်ေတာ့ ျပည္တြင္းမွာရွိတဲ့အလႉရွင္ေတြဖိတ္ေခၚၿပီးေတာ့ ထိန္း သိမ္းသြားဖို႔အထိကိုေမွ်ာ္မွန္းထားတာပါ လို႔ ၎ကေျပာပါတယ္။ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕အေျခစိုက္ အစိုးရမဟုတ္တဲ့ အဖြဲ႕ အစည္းျဖစ္တဲ့ World Monuments Fund(WMF) ရဲ႕အစီအစဥ္တစ္ခုျဖစ္တဲ့ World Monuments Watch (အရွည္တည္တံ့ေအာင္ေစာင့္ေရွာက္ ထိန္းသိမ္းမွတ္တမ္းတင္ရမယ့္အေဆာက္အဦမ်ား) ရဲ႕ ၂၀၂၀ ခုႏွစ္စာရင္းထဲမွာ ျမန္မာႏိုင္ငံက ျမန္မာ့ဓေလ့ ႐ိုးရာနည္းပညာနဲ႔ တည္ေဆာက္ ထားတဲ့ ေက်းလက္ေနအိမ္တစ္ ခ်ိဳ႕ပါဝင္သြားခဲ့ပါတယ္။

ဒီေနအိမ္ေတြ World Monuments Watch စာရင္းထဲဝင္ႏိုင္ေအာင္လို႔ႀကိဳးစားခဲ့တဲ့ ေဒါက္တာ ဇာျခည္မင္း တို႔ကေတာ့ ဒါေတြအတြက္ အခု အခါမွာျပင္ ဆင္ေဆာင္႐ြက္မႈေတြျပဳလုပ္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။“ ေဒသရဲ႕ကာ ႐ိုက္တာ ႀကံအင္လကၡဏာေတြေဖာ္ၫႊန္းတဲ့၊ ေဒသထြက္ ကုန္ၾကမ္းပစၥည္းေတြကို သုံး ထားၿပီးေတာ့ ေဆာက္ထားတဲ့အိမ္ေလးေတြေပါ့၊ ကြၽန္း သစ္နဲ႔ေဆာက္ထားတဲ့အိမ္ေလးေတြပါ၊ ကနဦး ေ႐ြး ခ်ယ္ ထားတာက အိမ္ေပါင္းသုံးေလးဆယ္ေလာက္ရွိေပမယ့္ ဒီဆုရဖို႔အတြက္ Selection အေနနဲ႔ျပန္ ေ႐ြး ခ်ယ္တင္ျပခဲ့တာက အိမ္ေပါင္း ၁၂ လုံးျဖစ္ပါတယ္၊ ဒါေတြကိုကြၽန္မတို႔ကတင္ျပေတာ့ အဲဒီအဖြဲ႕ကေ႐ြးခ်ယ္ခဲ့ တာပါ ”လို႔လည္း ၎ကေျပာ ပါတယ္။

အဆိုပါေက်းလက္ေနအိမ္ေတြဟာ ေဒသရဲ႕ရာသီဥတုအေပၚ မူတည္ၿပီး ေဆာက္ထားခဲ့တဲ့ေျခတံရွည္ အိမ္မ်ားျဖစ္ေၾကာင္း၊ ကြၽန္းသစ္နဲ႔ေဆာက္ ထား တဲ့အိမ္မ်ားျဖစ္ေၾကာင္း၊ အဲဒီမွာ မွပန္းပုလက္ရာေလးေတြနဲ႔ လွပစြာဖန္တီးထားတာေတြပါဝင္ေၾကာင္း၊ ေန႔စဥ္လႈပ္ရွားသြားလာၾကတဲ့ စားဝတ္ ေနေရး အတြက္ ႐ုန္းကန္ၾကရတဲ့ ပုံစံေတြ ဥပမာ ေျခတံရွည္အိမ္ရဲ႕ေအာက္မွာ စတိုခန္းေတြအသုံးျပဳတဲ့ပုံစံမ်ား၊ ႏြားတင္းကုတ္ လုပ္ထားတဲ့ပုံစံမ်ား၊ အိမ္ထဲမွာဆိုရင္လည္း ခ်က္ျပဳတ္စားေသာက္တဲ့ပုံစံ ဘယ္လိုရွိတယ္ ဆိုတာေတြ အိပ္ခန္းေတြက အစ စိတ္ဝင္စားဖြယ္ျဖစ္ တဲ့ ပုံစံမ်ား၊ ၾကမ္းခင္းနဲ႔တစ္ေျပးတည္းေဆာက္ထားတဲ့ ျပတင္းေပါက္ စနစ္ ေတြပါဝင္ေၾကာင္း၊ အထူးသျဖင့္ ေဒသထြက္ကုန္ ၾကမ္းပစၥည္းေတြကို သာအသုံးျပဳၿပီးတည္ေဆာက္ထား တဲ့အိမ္မ်ားျဖစ္ေၾကာင္းသိရပါတယ္။

နယူးေယာက္အေျခစိုက္႐ုံးကေနေၾကညာတာကေတာ့ ေအာက္တိုဘာလ ၂၉ ရက္ေန႔ကစၿပီးေတာ့ ေၾကညာတာပါ၊ ကြၽန္မတို႔က ဒီအိမ္ေတြနဲ႔ ပတ္သက္ၿပီး ပညာေပးလုပ္ငန္းေတြေဆာင္႐ြက္သြားဖို႔လည္းရွိတယ္၊ ေဆာက္လုပ္ေရးနည္းပညာနဲ႔ဆိုင္တာေတြကိုလည္း လူငယ္ေတြကို ပညာေပးဖို႔ အစီအစဥ္ရွိပါတယ္၊ နမူနာ အေဆာက္အဦေတြနဲ႔လည္း ျပပြဲတစ္ခုခင္းက်င္းျပသဖို႔အထိေမွ်ာ္မွန္းထားပါတယ္ လို႔ ပါေမာကၡ ေဒါက္တာ ဇာျခည္မင္းကေျပာ ပါတယ္။

၂၀၂၀ ခုႏွစ္အတြက္ ကမာၻတစ္ဝန္းကတင္ျပအေ႐ြးခ်ယ္ခံတဲ့အမ်ိဳးအစားေပါင္း ၂၅၀ ထဲကမွ ၂၅ ခုေ႐ြး ခ်ယ္ခဲ့တာျဖစ္ၿပီး အဲဒီအထဲမွာျမန္မာႏိုင္ငံ ပါဝင္သြားတာျဖစ္ပါတယ္။ 2020 World Monuments Watch အျဖစ္ ရဖို႔အတြက္ ပါေမာကၡေဒါက္တာဇာျခည္မင္းတို႔ တင္ျပခဲ့ တဲ့ေက်းလက္ေန အိမ္ေတြကေတာ့ မႏၲေလးတိုင္း ေဒသႀကီးမွာဆိုရင္ ပ်ဥ္းမနား လယ္ေဝးၿမိဳ႕နယ္ဘင္သာေက်း႐ြာနဲ႔ရွားေခ်ာင္းေက်း႐ြာတို႔ကေနအိမ္တစ္ခ်ိဳ႕နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕နယ္ လယ္ဇင္ေက်း႐ြာနဲ႔ေမာ္လိုက္ေက်း႐ြာတို႔ကေနအိမ္ တစ္ခ်ိဳ႕ျဖစ္ တယ္လို႔သိရပါတယ္။

KT
ဓာတ္ပုံ - ပါေမာကၡေဒါက္တာဇာျခည္မင္း