【 ပြည်တွင်း 】 မြန်မာ-တရုတ် နှစ်နိုင်ငံကြား တောမီးအန္တရာယ် ကာကွယ်ရေး ပူးတွဲဆောင်ရွက်နေ

【 ပြည်တွင်း 】 မြန်မာ-တရုတ် နှစ်နိုင်ငံကြား တောမီးအန္တရာယ် ကာကွယ်ရေး ပူးတွဲဆောင်ရွက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၁

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား နယ်စပ်ဒေသတစ်လျှောက်တွင် တောမီးအန္တရာယ် ကာကွယ်ရေးအတွက် ပူးတွဲဆောင်ရွက်နေကြောင်း သိရပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကိုလည်း ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် တောမီးလောင်ကျွမ်းမှု ကာကွယ်ရေး၊ တောမီးငြိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေး၊ တောမီးအန္တရာယ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ထို့အတူ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် မီးငြိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသအတွင်း hotspot အရေအတွက်နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၀၃ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါတယ်။

အောင်အောင်