【 ပြည်တွင်း 】 တာမွေတစ်ဝိုက်မှာ ကော်ရှူပိုက်ဆံတောင်းသူတွေ ရမ်းကားလာဟုဆို

【 ပြည်တွင်း 】 တာမွေတစ်ဝိုက်မှာ ကော်ရှူပိုက်ဆံတောင်းသူတွေ ရမ်းကားလာဟုဆို

ရန်ကုန်မြို့၊ တာမွေမြို့နယ်တစ်ဝိုက်တွင် ကော်ရှူပိုက်ဆံတောင်းသူတွေ ပိုက်ဆံတောင်းရင်း ရမ်းကားလာတယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြမှုတွေနဲ့အတူ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

တောင်းရမ်းသူတွေက ပိုက်ဆံလိုက်လံတောင်းရမ်းယူရာမှာ အမျိုးသမီးတွေကို တောင်းရမ်းတာမပေးရင် ရန်ရှာတဲ့အပြုအမူနဲ့ ပစ်မှတ်ထားပြုလုပ်လာကြတာဖြစ်ပါတယ်။

“မိန်းကလေးတွေကို ဟိုဆွဲဒီဆွဲ။ဟိုထိဒီထိနဲ့လုပ်တာ။ကြောက်တတ်တဲ့သူဆို ပိုလုပ်တယ်။လိုင်းကားပေါ်မှာဆို စာအိတ်နဲ့ လိုက်တောင်းကြတယ်။အပြင်မှာဆို တောင်းလို့မပေးရင် သူတို့က ခဲနဲ့ပေါက်တာမျိုးတွေလုပ်တယ်” လို့ တာမွေစျေးအနီး စျေးရောင်းချသူ စျေးသည်တစ်ဦးက ပြောပြပါတယ်။

တာမွေနဲ့ မေတ္တာညွန့်တစ်ဝိုက်မှာ အရင်ထဲက ကော်ရှူတောင်းရမ်းသူတွေရှိပေမယ့် လက်ရှိမှာတော့ အုပ်စုလိုက်ဖြစ်လာတယ်လို့လည်း သိရပါတယ်။တောင်းရမ်းသူတွေထဲ အသက်ပြည့်ပြီးသူတွေပါသလို အသက်မပြည့်သေးတဲ့သူတွေများတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကော်ရှူထားတယ်ဆိုတာ သိသာတယ်။အကြောက်အလန့်မရှိဘူး သူတို့က။တစ်ခါတလေ ကော်စကို နှာခေါင်းမှာကပ်ထားတယ်။အဲအချိန်ဆို မျက်လုံးတွေလဲနီနေကြတယ်” လို့ တာမွေအဝိုင်းထိပ်မှတ်တိုင်အနီး စျေးရာင်းသူတစ်ဦးက ဆိုပါတယ်။

တောင်ရမ်းသူတွေ ကော်ရှုပြီး သောင်းကျန်းလာတဲ့ဖြစ်ရပ်မျိုးကို တစ်ခြားမြို့နယ်တွေမှာလည်း ဖြစ်နေတယ်လို့ ပြောဆိုကြပေမယ့် အတည်မပြုနိုင်ဘဲ လတ်တလောမှာတော့ တာမွေတစ်ဝိုက်မှာ တောင်းရမ်းသူတွေကို တွေ့ရှိနေရတာဖြစ်ပါတယ်။