【 ပြည်တွင်း 】လင်ကွန်ကျောင်းတိုက်ဆရာတော်မှ ကျေးရွာ ၅ ရွာမှာ စက်ရေတွင်းတူးဖော်ရန် အလှူငွေပေးအပ်ထား

【 ပြည်တွင်း 】လင်ကွန်ကျောင်းတိုက်ဆရာတော်မှ ကျေးရွာ ၅ ရွာမှာ စက်ရေတွင်းတူးဖော်ရန် အလှူငွေပေးအပ်ထား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှာရှိတဲ့ လင်ကွန်ကျောင်းတိုက် ဆရာတော်ချန်ကျန့်မှ မြန်မာနိုင်ငံရှိ ကျေး ရွာ (၅) ရွာတွင် စက်ရေတွင်း (၅) တွင်း တူးဖော်နိုင်ရေး အလှူငွေများ ပေးအပ်ထားတယ်လို့ သိရပါတယ်။ အဆိုပါအလှူငွေများဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဘူးဘက် ကျေးရွာနှင့် ရွှေတွင်းတူးကျေးရွာ၊ မိုးညိုမြို့နယ်၊ ရှစ်ကွက်ကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပြရွာ၊ နတ်မောက်မြို့နယ်၊ ကျွေးထူး ကန်ကျေးရွာ စုစုပေါင်းတိုင်းဒေသကြီး ၂ ခု၊ ကျေးရွာ ၅ ရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်၊ ဆိုလာရေတင် စနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ အိမ်ခြေ ၁၀၅၀ ၊ လူဦးရေ ၄၀၅၃ ဦးအပေါ် အကျိုး သက်ရောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အလှူငွေပေးအပ်ပွဲကိုအခမ်းအနားကိုတော့ နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန် ကြီးရုံးအစည်းအဝေးခန်းမ၌ ပြီးခဲ့တဲ့ မေလ၂၃ ရက်က ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အောင်အောင်

ရန်ကုန်၊ ဇွန် ၂