【 ပြည်တွင်း 】မိုလ်ဘိုင်းဖုန်းဈေးကွက်တွင် တန်ဖိုးသင့်တရုတ်ဖုန်းများသာ အရောင်းအဝယ်ဖြစ်နေ

【 ပြည်တွင်း 】မိုလ်ဘိုင်းဖုန်းဈေးကွက်တွင် တန်ဖိုးသင့်တရုတ်ဖုန်းများသာ အရောင်းအဝယ်ဖြစ်နေ

 

မိုလ်ဘိုင်းဖုန်းများ မြင့်တက်နေချိန်တွင် ဈေးကွက်အတွင်းမှာ တရုတ်နိုင်ငံထုတ် တန်ဖိုးသင့်စမတ်ဖုန်းများက တစ်ခြားသော စမတ်ဖုန်းများထက် ပိုပြီးအရောင်းအဝယ်ဖြစ်နေတယ်လို့ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။

တရုတ်ဖုန်းများ လူကြိုက်များရသည့် အကြောင်းအရင်းကတော့ လူလတ်တန်းစားမရွေး ဝယ်ယူသုံးစွဲနိုင်သောကြောင့် အချိန်တိုတွင်း မိုဘိုင်းဖုန်းဈေးကွက်တွင် နေရာတစ်ခုရလာပြီး အဆိုပါဈေးကွက်တွင် Huawei Oppo၊ Vivo ၊ Xiaomi တို့သည် အရောင်းသွက်နေသောဖုန်းများ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ကပ်ရောဂါ၊ နိုင်ငံရေးအပြောင်းအလဲများကြောင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာနဲ့ ဝင်ငွေနည်းပါးလာပြီး စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လာချိန် ဖုန်းစျေးနှုန်းများလည်း မြင့်တက်လာတာကြောင့် တစ်ပတ်ရစ်ဖုန်းများ ဝယ်ယူသုံးစွဲမှုများပြားလာကို တွေ့ရပါတယ်။

“အခုနောက်ပိုင်း ဖုန်းစျေးနှုန်းတွေကလည်း ဆက်တိုက်တက်နေတာဆိုတော့ ဆယ်သိန်းအထက်ဖုန်းတွေဆိုရင် သိပ်မရောင်းရဘူး။ လေးငါးသိန်းဝန်းကျင် တရုတ်ဖုန်းတွေကတော့ တော်တော်အရောင်းသွက်တယ်၊ ဈေးလည်းသင့်ပြီးသုံးရတာလည်း မဆိုးဘူး၊ လူတော်တော်များများလက်ထဲမှာ တရုတ်ထုတ်စမတ်ဖုန်းအများစု ကိုင်တာကိုတွေ့ရတယ်”လို့ မိုလ်ဘိုင်းဖုန်းအရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။

တစ်ပတ်ရစ်ဖုန်း ဈေးကွက်တွင် နှစ်သိန်းမှ သုံးသိန်းကြား စမတ်ဖုန်းများ ပိုမိုအရောင်းအဝယ်ဖြစ်နေပြီး ရောင်းချသူနဲ့ အလဲထပ်ပြုလုပ်သူများလည်းရှိတယ်လို့ သိရပါတယ်။

၀၀၆

ရန်ကုန်၊ မတ် ၃၁