【 ပြည်တွင်း 】မန်စီနှင့် မန္တလေးမြို့အကြား တိုက်ရိုက်လေကြောင်းလိုင်း တစ်ပတ်သုံးရက်ဖြင့် ပြန်လည်ပြေးဆွဲ

【 ပြည်တွင်း 】မန်စီနှင့် မန္တလေးမြို့အကြား တိုက်ရိုက်လေကြောင်းလိုင်း တစ်ပတ်သုံးရက်ဖြင့် ပြန်လည်ပြေးဆွဲ 

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ရပ်နားထားခဲ့သော Ruili လေကြောင်းလိုင်း၏ မန္တလေး - မန်စီ -  မန္တလေး (DR-503) ခရီးစဉ်ကို ပြန်လည်ပြေးဆွဲလျက်ရှိရာ တစ်ပတ်ကို ၃ ရက်နှုန်းဖြင့် ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ 
Ruili လေကြောင်းလိုင်းအနေဖြင့် မန်စီ - မန္တလေး - မန်စီ လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
ပထမဦးဆုံးသောခရီးစဉ်အဖြစ် ဇန်နဝါရီ ၂၁ရက်ကစပြီး ယူနန်ပြည်နယ် မန်စီမြို့မှ မန္တလေးမြို့သို့ ပြန်လည်ပြေး ဆွဲခဲ့ရာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး) သို့ ထိုနေ့ ညနေ ၄နာရီ မိနစ် ၅၀ တွင် ဆိုက်ရောက်ခဲ့ပြီး ခရီးစဉ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ၊ မြန်မာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၂၈ ဦး လိုက်ပါခဲ့ကြတယ်လို့  ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ 
အဆိုပါလေယာဉ်ဖြင့်  မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး) မှ မန်စီမြို့သို့ တရုတ်နိုင်ငံသား ၂၅ ဦး ၊ မြန်မာနိုင်ငံသား ၆ ဦး၊ စုစုပေါင်း ၃၁ ဦးလိုက်ပါ၍ ညနေ ၅ နာရီ မိနစ် ၄၀ တွင် ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
002
 
ရန်ကုန် ၊  ဇန်နဝါရီ ၂၃