【 ပြည်တွင်း 】မင်္ဂလာဈေးသစ် တည်ဆောက်မှု ၆၀ရာခိုင်နှုန်းကျော်ပြီးစီး

【 ပြည်တွင်း 】မင်္ဂလာဈေးသစ် တည်ဆောက်မှု ၆၀ရာခိုင်နှုန်းကျော်ပြီးစီး

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ တည်ဆောက်နေတဲ့ မင်္ဂလာဈေးသစ်စီမံကိန်းဟာ ၆၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရပါတယ်။
မင်္ဂလာစျေးဟာ ၂၀၁၀ ခုနှစ် မေလမှာ တစ်ကြိမ် နဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် မီး လောင်ကျွမ်းခဲ့တာကြောင့် ၂၀၁၉ ခုနှစ်က စတင်ကာ အသစ်ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် ဧပြီလမှာအပြီးတည်ဆောက်မယ်လို့ သိရပါတယ်။
လတ်တလော တည်ဆောက်နေတဲ့ မင်္ဂလာစျေးသစ်ကြီးမှာ ဆိုင်ခန်းပေါင်း ၅၀၀၀ ကျော်နဲ့ ကားပါကင်၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်တွေပါ၀င်တဲ့ အထပ် ၁၇ ထပ် အဆောက်အအုံဖြစ်တယ်လို့ သိရပါတယ်။
ယင်းဈေးသစ်တည်ဆောက်မှုကို ဆန်းမြတ်ထွန်းကုမ္ပဏီနဲ့ Jasmine Palace Construction တို့မှ တာဝန်ယူ ပူးပေါင်းတည်ဆောက်နေတာလို့ ဆိုပါတယ်။
မင်္ဂလာစျေးဟာ ရန်ကုန်မြို့ရဲ့ လက်လီလက်ကား လူသုံးကုန်ပစ္စည်းတွေ ဖြန့်ချိနေတဲ့ အထင်ကရ စျေးကြီးတစ်ခု ဖြစ်ပြီး မူလရောင်းချခဲ့တဲ့စျေးသူ၊ စျေးသားဦးရေ ၄၀၀၀ ခန့်ကို လက်ရှိပြီးစီးမယ့် စျေးသစ်မှာပြန်လည်နေရာချ ထားပေးသွားမယ်လို့ သိရပါတယ်။
 
ရန်ကုန် ၊ အောက်တိုဘာ ၁