【 ပြည်တွင်း 】နေပြည်တော်တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် နေ့စားအလုပ်သမားများ အခက်ကြုံနေရဟုဆို

【 ပြည်တွင်း 】နေပြည်တော်တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် နေ့စားအလုပ်သမားများ အခက်ကြုံနေရဟုဆို

နေပြည်တော်တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် နေ့စားအလုပ်သမားများ အခက်ကြုံနေရကြောင်း နေ့စားအလုပ်သမားတစ်ဦးက ပြောပါတယ်။

“ကုန်စျေးနှုန်းကကြီးပါတယ်ဆို အလုပ်ကရှားတော့ခက်တာပေါ့ဗျာ ။ နေ့စားအလုပ်ဆိုတာကလည်းခေါ်တဲ့သူရှိမှ လုပ်ရတာလေ။ ကိုယ်ကလုပ်ချင်ပေမယ့် ခေါ်ခိုင်းတဲ့လူရှိမှ လက်သမားနောက်လိုက် ပန်းရံနောက်လိုက်လုပ်တာ။ အခုအလုပ်ရှားလို့ခေါ်မယ့်သူမရှိဘူး။ ဝင်ငွေမရှိတော့မိသားစု စားဝတ်နေရေးမပြေလည်ဘူး။ ကုန်စျေးနှုန်းကကြီးတော့ ပိုဆိုးတာပေါ့။ အခုအုတ်ကားနောက်လိုက်နေတယ် ။ တစ်ရက်၈၀၀၀လောက်ရပါတယ်၊ ၈၀၀၀ထောင် လောက်ရလည်း ဆန်ဖိုးဆီးဖိုးလောက်ပဲရတာ။ အရင်ကငွေတစ်သောင်းလောက်ရရင်ပိုလျှံ တယ်။

အခုဟာက ငွေ တစ်သောင်းဆိုတာ ဆီဖိုးဆန်ဖိုးလောက်ပဲရှိတယ်။ အလုပ်မရှိတဲ့နေ့ဆိုသေရောဘဲ”လို့ နေ့စားအလုပ်သမားတစ်ဦး က ပြောပါတယ်။ နေပြည်တော်တွင် အောက်ခြေလူတန်းစားအတော်များများမှာ စားဝတ်နေရေးအကျပ်အတည်းအခက်အခဲများရှိ နေကြောင်း၊ စီးပွားရေးကျပ်တည်းမှုများနှင့်အတူ ခိုးမှု၊လုယက်မှု၊ ဒုစရိုက်မှုများလည်းပေါများလာနေကြောင်း သိရှိရပါတယ်။

ဘော်ဘော်

နေပြည်တော်၊ စက်တင်ဘာ၂၆