【 ပြည်တွင်း 】နယ်စပ်မှ ပြည်ပကို ပဲမျိုးစုံတင်ပို့မှု အရင်နှစ်ကထက် တန်ချိန် ၅ သိန်းခွဲနီးပါးလျော့ကျခဲ့

【 ပြည်တွင်း 】နယ်စပ်မှ ပြည်ပကို ပဲမျိုးစုံတင်ပို့မှု အရင်နှစ်ကထက် တန်ချိန် ၅ သိန်းခွဲနီးပါးလျော့ကျခဲ့

အိန္ဒိယ၊ တရုတ်နဲ့ ပြည်ပနိုင်ငံတွေကို နယ်စပ်ကနေတစ်ဆင့် ပဲမျိုးစုံတင်ပို့မှုအခြေအနေက အရင်နှစ်ကထက် ဒီနှစ်မှာ တန်ချိန် ၅ သိန်းခွဲနီးပါး လျော့ကျသွားခဲ့တယ်လို့ စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စာရင်းအချက်အလက်တွေအရ သိရပါတယ်။

“ အဓိကတော့ တရုတ်နယ်စပ်ဂိတ်တွေ ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရတော့ ဒီလိုအခြေအနေဖြစ်သွားတာပေါ့။ ကျွန်တော်တို့က မြန်မာနိုင်ငံထွက် ပဲတို့၊ စိုက်ပျိုးသီးနှံအများစုကို တရုတ်ကိုပဲ အဓိက တင်ပို့နေရတာဆိုတော့ ဂိတ်တွေပိတ်ထားတော့ အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်။ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှုက ခပ်ပါးပါးပဲ ရှိတယ်။ နယ်စပ်ဂိတ်ပိတ်ထားခဲ့တဲ့အခြေနေတုန်းက သင်္ဘောနဲ့ပဲ အဓိက ပို့ဖြစ်တာပေ့ါ။ အခုလည်း နယ်စပ်ဂိတ်ကနေ တင်ပို့ဖို့ အခက်အခဲတွေရှိနေသေးတော့ ပင်လယ်ရေကြောင်းပဲ အားကိုးနေရသေးတယ်။ နယ်စပ်ဂိတ်တွေ ကိုဗစ်မတိုင်မီ အခြေအနေပြန်ဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့။”လို့ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် လက်ကြီးပဲကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကနေ အိန္ဒိယ၊ တရုတ်နဲ့ ပြည်ပနိုင်ငံတွေကို ပဲမျိုးစုံတင်ပို့မှုအခြေအနေက  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၄ ဒသမ ၃၀၀ သန်းတန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၈ သိန်းနီးပါး (၇၈၆၉၂၀ ဒသမ ၆၅၁ တန်) တင်ပို့ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိတော့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၅၅ ဒသမ ၄၀၃ သန်း တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၂ သိန်းကျော် (၂၁၇၆၁၂ ဒသမ ၃၃၈ တန်) တင်ပို့ထားတယ်လို့ စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပဲမျိုးစုံကို ဒုတိယအများဆုံး သီးနှံအနေနဲ့ စိုက်ပျိုးထုတ်လုပ်နေပြီး လယ်ယာထွက်ပစ္စည်း ထွက်ရှိမှု ရဲ့ ၃၃ ရာခိုင်နှုန်းအထိ စိုက်ပျိုးထုတ်လုပ်နေတယ်လို့ သိရပါတယ်။

၀၀၄

ရန်ကုန်၊ မတ် ၂၉