【 ပြည်တွင်း 】နန်နင်းမြို့မှာပြုလုပ်တဲ့ စျေးပွဲတော်မှာ မြန်မာထုတ်ကုန်များပြသခဲ့

【 ပြည်တွင်း 】နန်နင်းမြို့မှာပြုလုပ်တဲ့ စျေးပွဲတော်မှာ မြန်မာထုတ်ကုန်များပြသခဲ့ 

တရုတ်နိုင်ငံ ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ နန်နင်းမြို့မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့စျေးပွဲတော်မှာ မြန်မာထုတ်အချို့ကို သွားရောက်ပြသခဲ့တယ်လို့ သိရပါတယ်။ နန်နင်းမြို့ရှိ China-ASEAN Featured Commodity Distribution Center ၌ “Guangxi 2023 Double-three Shopping Festival” Happy Go in ASEAN အခမ်းအနားကို မေလ (၂၆) ရက်တွင်စတင် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ စျေးပွဲတော်မှာ မြန်မာပြခန်း၌ သရက်သီး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆန်၊ ဆန်ကွဲ၊ မြန်မာဘီယာ၊ မြန်မာဝိုင်၊ လက်ဖက်ခြောက်၊ အသင့်စားကော်ပြန့်လိပ်များ၊ ပုသိမ်ထီး၊ ယွန်းထည်နှင့် သစ်သားလက်မှုထည်များကို ခင်းကျင်း ပြသခဲ့တယ်လို့ သိရပါတယ်။ ထို့အတူ စိန်တလုံးသရက်သီးများကိုလည်း နမူနာ ကျွေးမွေးဧည့်ခံခဲ့ရာ ကြိုက်နှစ်သက်သူ များပြားသဖြင့် ဈေးကွက်ရရှိနိုင်မည့် အလားအလာများရှိနေတယ်လို့ ဆိုပါတယ်။

အောင်အောင်

ရန်ကုန်၊ ဇွန် ၁