【 ပြည်တွင်း 】တရုတ် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ပြုလုပ်ပေးနေ

【 ပြည်တွင်း 】တရုတ် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ပြုလုပ်ပေးနေ

တရုတ်နိုင်ငံ ရွှေလီမြို့မှာသွားရောက်အလုပ်လုပ်ကိုင်လိုသူတွေအတွက်၊ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်တွေကို ဇန်နဝါရီ ၂၅ရက်နေ့မနက်ပိုင်းမှာ စတင်ပြုလုပ်ပေးနေပြီလို့ သိရပါတယ်။ "နန်းတော်ဂိတ်ပေါက်မှာ ဒီမနက်စလုပ်ပေးနေတာတွေ့ခဲ့တယ်၊ ကန့်သတ်ချက်လေးတွေတော့ရှိတယ်ကြားတယ်၊ ဥပမာ-အထောက်အထားခိုင်လုံရမယ်တို့ဘာတို့ပေါ့ဗျာ၊ရှမ်းမြောက်နဲ့ဒီအနီးအနားတစ်ဝိုက်ကဒေသခံတွေကို အရင်လုပ်ပေးနေတာလို့သိရတယ်" လို့၊ မူဆယ်မြို့မှာရောက်ရှိနေတဲ့ မန္တလေးမြို့ကကုန်သည်တစ်ဦးက ပြောပါတယ်။ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းရုံးဖွင့်ချိန်ကစလို့ ပြုလုပ်ပေးနေတာဖြစ်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ မပြုလုပ်ပေးသေးဘူးလို့ သိရပါတယ်။ "မူဆယ် နမ့်ခမ်းပေါ့နော်၊ မူဆယ်ခရိုင်ထဲ သန်းခေါင်စာရင်းရှိသူတွေကိုပဲ ထုတ်ပေးဦးမှာပါ၊ အရင်လိုလည်းချက်ချင်းမရနိုင်ပါဘူး၊ စာအုပ်ရရင်လည်း ဘယ်နေ့ဝင်ရမယ်ဆိုတာမသေချာသေးပါဘူး၊ စာအုပ်ပဲလုပ်ပေးတဲ့သဘောပါ၊ တရုတ်ဘက်ကတော့ဖွင့်ထားတယ်ခမျ၊ လူအဝင်အထွက်သာမရတာ" လို့ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့တဲ့၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်-ရွှေလီဂိတ်တွေကို၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ နှစ်နိုင်ငံတာ၀န်ရှိသူတွေက တရား၀င်ပြန်ဖွင့်ပေးခဲ့တာဖြစ်ပြီး၊ စည်းကမ်းသတ်မှတ်ချက် ၇ ချက်နဲ့ ကုန်သွယ်မှုယာဉ်တွေကိုပဲ ခွင့်ပြုပေးသေးတာဖြစ်ပါတယ်။

ကျော်ကျော်

မန္တလေး ၊ ဇန်နဝါရီ ၂၆