【 ပြည်တွင်း 】တစ်နှစ်အတွင်း တရုတ်သို့ သဘာဝဓာတ်ငွေ့ ဒေါ်လာ ၁.၄၃ ဘီလီယံဖိုး ရောင်းချခဲ့ရ

【  ပြည်တွင်း  】တစ်နှစ်အတွင်း တရုတ်သို့ သဘာဝဓာတ်ငွေ့ ဒေါ်လာ ၁.၄၃ ဘီလီယံဖိုး ရောင်းချခဲ့ရ

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံသို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ (၁.၄၃) ဘီလီယံ တန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့ရောင်းချခဲ့တယ်လို့ တရုတ်အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိတဲ့ ဓာတ်ငွေ့အရင်းအမြစ်တွေကို တရုတ်နိုင်ငံထံ နိုင်ငံဖြတ်ကျော် တည်ဆောက်ထားတဲ့ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ပို့လွှတ်ရောင်းချနေတာလို့ ဆိုပါတယ်။ 
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းက နှစ်စဉ် ဓာတ်ငွေ့ကုဗမီတာ (၁၂) ဘီလီယံကို ဖြန့်ဝေပို့ဆောင်နိုင်တယ်လို့ သိရပြီး ရခိုင်၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတာဖြစ် ပါတယ်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အရှေ့တောင်အာရှဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (SEAGP) က တာ ဝန်ယူထားပြီး ရေနံစိမ်းပိုက်လိုင်းကိုတော့ အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ (SEAOP) က တာဝန်ယူ ဆောင်ရွက်နေတာလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ဓာတ်ငွေ့တင်ပို့မှု တတိယအများဆုံး နိုင်ငံဖြစ်ပြီး တာ့ခ်မင်နစ္စတန်နဲ့ ရုရှား တို့နောက်မှာ အများဆုံး သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသူအဖြစ် ရပ်တည်နေတယ်လို့ သိရတယ်။
 
002
 
ရန်ကုန်၊ ဇန်နဝါရီ ၂၉