(၇၅)နှစ်မြောက်တပ်မတော်စိန်ရတုနေ့ တပ်ချုပ်ဟောင်းများနှင့်ဖိတ်ကြားသင့်သူများကို ဖိတ်ကြားသွားမည်

(၇၅)နှစ်မြောက်တပ်မတော်စိန်ရတုနေ့ တပ်ချုပ်ဟောင်းများနှင့်ဖိတ်ကြားသင့်သူများကို ဖိတ်ကြားသွားမည်

လာမည့်(၇၅)နှစ်မြောက်တပ်မတော်စိန်ရတုနေ့တွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းများနှင့်ဖိတ်ကြားသင့်ဖိတ်ကြားထိုက်သူများကိုဖိတ်ကြားသွားမည်ဟုတပ်မတော်သတင်းအမှန်ထုတ်ပြန်ရေးအတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောပါတယ်။

ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊တပ်မတော်စစ်သမိုင်း ပြတိုက်တွင် ကျင်းပပြုလုပ်သည့် တပ်မတော် သတင်းအမှန်အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် ပါတယ်။

"တပ်မတော်မှာထမ်းဆောင်ခဲ့ဖူးတဲ့တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် တွေကိုလေးလေးစားစား ဖိတ်ကြားသွားဖို့အစီအစဉ်ရှိတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကလောခရီးစဉ်တုန်းက ဗိုလ်ချုပ်ကြီးစမစ်ဒွန်းအိမ်ကို သွားရင်းနဲ့ဗိုလ်ချုပ်ကြီးစမစ်ဒွန်းရဲ့ မိသားစု ကိုလည်းဖိတ်ကြားပြီးဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေပေါ့။ဗိုလ်ချုပ်အောင်ဆန်းကတော့မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းကတပ်မတော်ရဲ့ဖခင်ကြီးဖြစ်တယ်။အဲ့ဒီနောက်ပိုင်းမှာလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့(၇)ယောက်ရှိတယ်။အခုကျွန်တော်တို့ဗိုလ်ချုပ်မှူးကြီးကတော့(၈)ယောက်မြောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တယ်။

အဲ့ဒီမှာတော့ဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ဗိုလ်ချုပ်ကြီးနေဝင်း၊ဗိုလ်ချုပ်ကြီးစန်းယု၊ဗိုလ်ချုပ်ကြီးတင်ဦး၊ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ဗိုလ်ချုပ်မှူးကြီးစောမောင်၊ဗိုလ် ချုပ်မှူးကြီးသန်းရွှေ၊ဒီအထိက ၇ယောက်မြောက်ပေါ့၊ သက်ရှိကတော့ဗိုလ်ချုပ်ကြီးတင်ဦး ရှိဦးမယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရှိဦးမှာပေါ့"ဟုဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှသတင်းစာရှင်းလင်းပွဲအပြီးတွင်သတင်းထောက်များကိုထပ်မံပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲတွင်ဗိုလ်ချုပ်ထွန်းထွန်းညီမှလည်းစိန်ရတုတပ်မတော်နေ့ကိုတော့ကျင်းပမယ့်အစီအစဉ်တွေအားလုံးစီစဉ်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။အခမ်းအနားကိုစိန်ရတုနေ့နဲ့ထိုက်ထိုက်တန်တန်ဖြစ်အောင်ခမ်းခမ်းနားနားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဖိတ်ကြားသင့်ဖိတ်ကြားထိုက်တဲ့ပုဂ္ဂိုလ်တွေကိုလည်အားလုံးကိုလည်းဖိတ်ကြားနိုင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။တပ်မတော်အကြီးအကဲတွေ၊နောက်အစိုးရနဲ့ပတ်သက်လို့လည်းဖိတ်သင့်ဖိတ်ထိုက်ဖိတ်ကြားရမဲ့သမ္မဇဉ်တွေရှိပါတယ်။သမ္မဇဉ်အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။တပ်မတော်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေဖိတ်ကြားသင့်ဖိတ်ကြားထိုက်တဲ့သူတွေဒါတွေနဲ့ပတ်သက်ပြီးစီစဉ်နေတာတွေရှိပါတယ်။တပ်မတော်ရဲ့(၇၅)နှစ်ဆိုတဲ့သက်တမ်းကတစ်ကယ်ကြုံတွေရဖို့ခက်ခဲတဲ့ကာလတစ်ခုဖြစ်ပါတယ်" ဟုထည့်သွင်းပြောကြားခဲ့ပါတယ်။

KO
နေပြည်တော် ၊ ဖေဖေါ်ဝါရီ ၂၂

(  Zawgyi )

 လာမည့္(၇၅)ႏွစ္ေျမာက္တပ္မေတာ္စိန္ရတုေန႔တြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္းမ်ားႏွင့္ဖိတ္ၾကားသင့္ဖိတ္ၾကားထိုက္သူမ်ားကိုဖိတ္ၾကားသြားမည္ဟုတပ္မေတာ္သတင္းအမွန္ထုတ္ျပန္ေရးအတြင္းေရးမႉးဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းမွေျပာပါတယ္။

ယေန႔မြန္းလြဲပိုင္းက ေနျပည္ေတာ္၊တပ္မေတာ္စစ္သမိုင္း ျပတိုက္တြင္ က်င္းပျပဳလုပ္သည့္ တပ္မေတာ္ သတင္းအမွန္အဖြဲ႕၏ သတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ ပါတယ္။

"တပ္မေတာ္မွာထမ္းေဆာင္ခဲ့ဖူးတဲ့တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ေတြကိုေလးေလးစားစား ဖိတ္ၾကားသြားဖို႔အစီအစဥ္ရွိတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ကေလာခရီးစဥ္တုန္းက ဗိုလ္ခ်ဳပ္ႀကီးစမစ္ဒြန္းအိမ္ကို သြားရင္းနဲ႔ဗိုလ္ခ်ဳပ္ႀကီးစမစ္ဒြန္းရဲ႕ မိသားစု ကိုလည္းဖိတ္ၾကားၿပီးျဖစ္ပါတယ္။ေျပာရမယ္ဆိုရင္ေတာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့တဲ့သူေတြေပါ့။ဗိုလ္ခ်ဳပ္ေအာင္ဆန္းကေတာ့ျမန္မာႏိုင္ငံလြတ္လပ္ေရးမရခင္ကတည္းကတပ္မေတာ္ရဲ႕ဖခင္ႀကီးျဖစ္တယ္။အဲ့ဒီေနာက္ပိုင္းမွာလြတ္လပ္ေရးရၿပီးေနာက္ပိုင္းမွာတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့(၇)ေယာက္ရွိတယ္။အခုကြၽန္ေတာ္တို႔ဗိုလ္ခ်ဳပ္မႉးႀကီးကေတာ့(၈)ေယာက္ေျမာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္တယ္။

အဲ့ဒီမွာေတာ့ဗိုလ္ခ်ဳပ္ႀကီးစမစ္ဒြန္း၊ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၊ဗိုလ္ခ်ဳပ္ႀကီးစန္းယု၊ဗိုလ္ခ်ဳပ္ႀကီးတင္ဦး၊ဗိုလ္ခ်ဳပ္ႀကီးသူရေက်ာ္ထင္၊ဗိုလ္ခ်ဳပ္မႉးႀကီးေစာေမာင္၊ဗိုလ္ ခ်ဳပ္မႉးႀကီးသန္းေ႐ႊ၊ဒီအထိက ၇ေယာက္ေျမာက္ေပါ့၊ သက္ရွိကေတာ့ဗိုလ္ခ်ဳပ္ႀကီးတင္ဦး ရွိဦးမယ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊရွိဦးမွာေပါ့"ဟုဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းမွသတင္းစာရွင္းလင္းပြဲအၿပီးတြင္သတင္းေထာက္မ်ားကိုထပ္မံေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

သတင္းစာရွင္းလင္းပြဲတြင္ဗိုလ္ခ်ဳပ္ထြန္းထြန္းညီမွလည္းစိန္ရတုတပ္မေတာ္ေန႔ကိုေတာ့က်င္းပမယ့္အစီအစဥ္ေတြအားလုံးစီစဥ္ၿပီးေဆာင္႐ြက္ေနတာျဖစ္ပါတယ္။အခမ္းအနားကိုစိန္ရတုေန႔နဲ႔ထိုက္ထိုက္တန္တန္ျဖစ္ေအာင္ခမ္းခမ္းနားနားေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ဖိတ္ၾကားသင့္ဖိတ္ၾကားထိုက္တဲ့ပုဂၢိဳလ္ေတြကိုလည္အားလုံးကိုလည္းဖိတ္ၾကားႏိုင္ဖို႔စီစဥ္ေနတာျဖစ္ပါတယ္။တပ္မေတာ္အႀကီးအကဲေတြ၊ေနာက္အစိုးရနဲ႔ပတ္သက္လို႔လည္းဖိတ္သင့္ဖိတ္ထိုက္ဖိတ္ၾကားရမဲ့သမၼဇဥ္ေတြရွိပါတယ္။သမၼဇဥ္အတိုင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။တပ္မေတာ္မွာတာဝန္ထမ္းေဆာင္ခဲ့တဲ့သူေတြဖိတ္ၾကားသင့္ဖိတ္ၾကားထိုက္တဲ့သူေတြဒါေတြနဲ႔ပတ္သက္ၿပီးစီစဥ္ေနတာေတြရွိပါတယ္။တပ္မေတာ္ရဲ႕(၇၅)ႏွစ္ဆိုတဲ့သက္တမ္းကတစ္ကယ္ႀကဳံေတြရဖို႔ခက္ခဲတဲ့ကာလတစ္ခုျဖစ္ပါတယ္" ဟုထည့္သြင္းေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္ ၊ ေဖေဖၚဝါရီ ၂၂