၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ငါးဘီလျံကျော်ထိ ကုန်သွယ်ခဲ့

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ငါးဘီလျံကျော်ထိ ကုန်သွယ်ခဲ့

ယခုဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံပိုင်ကဏ္ဍမှ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဇန်နဝါရီ ပထမအပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုန်သွယ်မှုအခြေအနေ စာရင်းအချက်အလက်များအရ သိရပါတယ်။

အဆိုပါအချက်အလက်များအရ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ နိုဝင်ဘာလအထိ နှစ်လတာကာလအတွင်း နိုင်ငံပိုင်ကဏ္ဍမှ ကုန်တင်ပို့မှုမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၅၃ ဒသမ ၉၆၇ သန်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ ၁၀၅ ဒသမ ၄၇၁ သန်း တင်ပို့ခဲ့ကာ ကုန်တင်သွင်းမှုတွင် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၀၀၅ ဒသမ ၇၀၇ သန်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၇ သန်း တင်သွင်းခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ တစ်ဘီလျံကျော် (၁၂၆၇ ဒသမ ၅၂၂ သန်း) ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံပိုင်ကဏ္ဍမှ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ ငါးဘီလျံကျော်အထိ ကုန်သွယ်ခဲ့ကာ အရပ်သားအစိုးရလက်ထက် ဒုတိယအများဆုံး ကုန်သွယ်နိုင်ခဲ့သည့် ဘဏ္ဍာနှစ်ဖြစ်ခဲ့ပြီး နယ်စပ်မှ ကန်ဒေါ်လာ ၄၂၅၇ ဒသမ ၂၆၈ သန်းနှင့် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၅၁၄ ဒသမ ၄၂၉ သန်း တင်ပို့ခဲ့ကာ ကုန်တင်သွင်းမှုတွင် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၇၆၉ ဒသမ ၂၇၉ သန်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ ၁၇၀ ဒသမ ၅၅၉ သန်း တင်သွင်းခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ငါးဘီလျံကျော် (၅၇၁၁ ဒသမ ၅၃၅ သန်း) ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်သားအစိုးရလက်ထက် နိုင်ငံပိုင်ကဏ္ဍမှ ကုန်သွယ်ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂၄ ဒသမ ဝ၅၇ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၆၂၉၁ ဒဿမ ၈၈၃ သန်းနှင့် ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉၆၉ ဒသမ ၈၄၂၄ သန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၅၇၁၁ ဒသမ ၅၃၅ သန်း ပမာဏ ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇန်နဝါရီ - ၂၉

( Zawgyi )

ယခုဘ႑ာႏွစ္ ႏွစ္လအတြင္း ႏိုင္ငံပိုင္က႑မွ ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ရွိခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ဇန္နဝါရီ ပထမအပတ္အတြင္း ထုတ္ျပန္ခဲ့သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ ႏိုင္ငံပိုင္၊ ပုဂၢလိကပိုင္ ကုန္သြယ္မႈအေျခအေန စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

အဆိုပါအခ်က္အလက္မ်ားအရ ၂၀၁၉ -၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာမွ ႏိုဝင္ဘာလအထိ ႏွစ္လတာကာလအတြင္း ႏိုင္ငံပိုင္က႑မွ ကုန္တင္ပို႔မႈမွာ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၁၅၃ ဒသမ ၉၆၇ သန္းႏွင့္ နယ္စပ္မွ ကန္ေဒၚလာ ၁၀၅ ဒသမ ၄၇၁ သန္း တင္ပို႔ခဲ့ကာ ကုန္တင္သြင္းမႈတြင္ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၁၀၀၅ ဒသမ ၇၀၇ သန္းႏွင့္ နယ္စပ္မွ ကန္ေဒၚလာ ၂ ဒသမ ၆၄၇ သန္း တင္သြင္းခဲ့ၿပီး စုစုေပါင္းကုန္သြယ္မႈပမာဏ ကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ (၁၂၆၇ ဒသမ ၅၂၂ သန္း) ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ႏိုင္ငံပိုင္က႑မွ ၿပီးခဲ့သည့္ ဘ႑ာႏွစ္အတြင္း ကန္ေဒၚလာ ငါးဘီလ်ံေက်ာ္အထိ ကုန္သြယ္ခဲ့ကာ အရပ္သားအစိုးရလက္ထက္ ဒုတိယအမ်ားဆုံး ကုန္သြယ္ႏိုင္ခဲ့သည့္ ဘ႑ာႏွစ္ျဖစ္ခဲ့ၿပီး နယ္စပ္မွ ကန္ေဒၚလာ ၄၂၅၇ ဒသမ ၂၆၈ သန္းႏွင့္ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၅၁၄ ဒသမ ၄၂၉ သန္း တင္ပို႔ခဲ့ကာ ကုန္တင္သြင္းမႈတြင္ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၇၆၉ ဒသမ ၂၇၉ သန္းႏွင့္ နယ္စပ္မွ ကန္ေဒၚလာ ၁၇၀ ဒသမ ၅၅၉ သန္း တင္သြင္းခဲ့ၿပီး စုစုေပါင္းကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ငါးဘီလ်ံေက်ာ္ (၅၇၁၁ ဒသမ ၅၃၅ သန္း) ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

အရပ္သားအစိုးရလက္ထက္ ႏိုင္ငံပိုင္က႑မွ ကုန္သြယ္ရာတြင္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၈၂၄ ဒသမ ဝ၅၇ သန္း၊ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၆၂၉၁ ဒႆမ ၈၈၃ သန္းႏွင့္ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၉၆၉ ဒသမ ၈၄၂၄ သန္းႏွင့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၅၇၁၁ ဒသမ ၅၃၅ သန္း ပမာဏ ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇန္နဝါရီ - ၂၉