၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စပိန်နှင့် ကုန်သွယ်ရာတွင် ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ သန်းလေးရာကျော် ဖြစ်ပေါ်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စပိန်နှင့် ကုန်သွယ်ရာတွင် ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ သန်းလေးရာကျော် ဖြစ်ပေါ်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဩဂုတ်လကုန်အထိ မြန်မာနှင့် စပိန်ကြား ကုန်သွယ်မှုမှာ ကန်ဒေါ်လာ သန်း ၄၅ဝ ကျော်ရှိပြီး မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ သန်း ၄၀၀ ကျော် ဖြစ်ပေါ်ခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာနှစ်အလိုက် ပုံမှန် နယ်စပ်/ရေကြောင်း ပို့ကုန်သွင်းကုန် ကုန်သွယ်မှုစာရင်းအရ သိရပါတယ်။

အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် အဆိုပါစာရင်းအရ ဩဂုတ်လအတွင်း မြန်မာဘက်မှ စပိန်ဘက်သို့ ပို့ကုန် ကန်ဒေါ်လာ ၆၆ ဒသမ ၆၈၆ သန်း တင်ပို့ခဲ့ကာ စပိန်မှ ကန်ဒေါ်လာ ၂ ဒသမ ၁၁၂  သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပါတယ်။

ဩဂုတ်လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄၆၇ ဒသမ ၅၆၄ သန်း ရှိခဲ့ကာ ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၆၄ ဒသမ ၅၇၄ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနှင့် စပိန်ကြား ကုန်သွယ်မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆယ်တစ်လအတွင်း ကုန်သွယ်မှုတွင် ပို့ကုန် ကန်ဒေါ်လာ ၄၄၉ ဒသမ ၅၃၅ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၈ ဒသမ ၀၃၀ သန်းရှိပြီး ဆယ်တစ်လတာ ကာလအတွင်း ကန်ဒေါ်လာ ၄၆၈ ဒသမ ၅၆၄ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။ထိုသို့ကုန်သွယ်ရာတွင် ဆယ်တစ်လတာ ကာလအတွင်း မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၄၃၁ သန်းကျော် ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ယခုကိန်းဂဏန်း အချက်အလက်များအရ ၅ နှစ်တာ ကာလအတွင်း စပိန်-မြန်မာ ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၅၈၄ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၂၆၀ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၄၈၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ဝ၀၇ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၃၃၉ သန်း၊ ၂၀၁၈ ကာလတို ဘတ်ဂျက်ကာလတွင် အမေရိကန်ဒေါ်လာ ၁၇၉ ဒသမ ၅၇၄ သန်းထိ ကုန်သွယ်ခဲ့ရာမှာ ယခုဘဏ္ဍာနှစ် ဧပြီလကုန်အထိ ကန်ဒေါ်လာ ၂၄၈ ဒသမ ၃၁၈ သန်းထိ ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ အောက်တိုဘာ - ၂၂
Photo Credit : JOC.com

( Zawgyi )

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဩဂုတ္လကုန္အထိ ျမန္မာႏွင့္ စပိန္ၾကား ကုန္သြယ္မႈမွာ ကန္ေဒၚလာ သန္း ၄၅ဝ ေက်ာ္ရွိၿပီး ျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ သန္း ၄၀၀ ေက်ာ္ ျဖစ္ေပၚခဲ့တယ္လို႔ ကုန္သြယ္ေရးဦးစီးဌာနက စက္တင္ဘာလအတြင္း ထုတ္ျပန္ခဲ့တဲ့ ဘ႑ာႏွစ္အလိုက္ ပုံမွန္ နယ္စပ္/ေရေၾကာင္း ပို႔ကုန္သြင္းကုန္ ကုန္သြယ္မႈစာရင္းအရ သိရပါတယ္။

ေအာက္တိုဘာလအတြင္း ထုတ္ျပန္ခဲ့သည့္ အဆိုပါစာရင္းအရ ဩဂုတ္လအတြင္း ျမန္မာဘက္မွ စပိန္ဘက္သို႔ ပို႔ကုန္ ကန္ေဒၚလာ ၆၆ ဒသမ ၆၈၆ သန္း တင္ပို႔ခဲ့ကာ စပိန္မွ ကန္ေဒၚလာ ၂ ဒသမ ၁၁၂  သန္း တန္ဖိုးရွိ ကုန္ပစၥည္းမ်ား တင္သြင္းခဲ့ပါတယ္။

ဩဂုတ္လအတြင္း ႏွစ္ႏိုင္ငံ ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၄၆၇ ဒသမ ၅၆၄ သန္း ရွိခဲ့ကာ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၆၄ ဒသမ ၅၇၄ သန္း ျဖစ္ေပၚခဲ့ပါတယ္။

ျမန္မာႏွင့္ စပိန္ၾကား ကုန္သြယ္မႈမွာ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဆယ္တစ္လအတြင္း ကုန္သြယ္မႈတြင္ ပို႔ကုန္ ကန္ေဒၚလာ ၄၄၉ ဒသမ ၅၃၅ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၈ ဒသမ ၀၃၀ သန္းရွိၿပီး ဆယ္တစ္လတာ ကာလအတြင္း ကန္ေဒၚလာ ၄၆၈ ဒသမ ၅၆၄ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။ထိုသို႔ကုန္သြယ္ရာတြင္ ဆယ္တစ္လတာ ကာလအတြင္း ျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၄၃၁ သန္းေက်ာ္ ျဖစ္ေပၚခဲ့ေၾကာင္း သိရပါတယ္။

ယခုကိန္းဂဏန္း အခ်က္အလက္မ်ားအရ ၅ ႏွစ္တာ ကာလအတြင္း စပိန္-ျမန္မာ ကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၁ ဒသမ ၅၈၄ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၄ ဒသမ ၂၆၀ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၈၂ ဒသမ ၄၈၈ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၆၉ ဒသမ ဝ၀၇ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၀ ဒသမ ၃၃၉ သန္း၊ ၂၀၁၈ ကာလတို ဘတ္ဂ်က္ကာလတြင္ အေမရိကန္ေဒၚလာ ၁၇၉ ဒသမ ၅၇၄ သန္းထိ ကုန္သြယ္ခဲ့ရာမွာ ယခုဘ႑ာႏွစ္ ဧၿပီလကုန္အထိ ကန္ေဒၚလာ ၂၄၈ ဒသမ ၃၁၈ သန္းထိ ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ေအာက္တိုဘာ - ၂၂
Photo Credit : JOC.com