၂၀၁၂-လယ်ယာမြေဥပဒေတွင် အားနည်းချက်များရှိနေ၍ ပြန်လည်ပြုပြင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ထားဟုဆို

၂၀၁၂-လယ်ယာမြေဥပဒေတွင် အားနည်းချက်များရှိနေ၍ ပြန်လည်ပြုပြင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ထားဟုဆို

၂၀၁၂-လယ်ယာမြေဥပဒေတွင်အားနည်းချက်များရှိနေ၍ပြန်လည်ပြုပြင်ရန်ပြည်ထောင်စု လွှတ်တော် သို့တင်ပြထား ကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်မှ ပြော ကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်သည့်ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးဒသမနေ့အ စီအစဉ်တွင် ဇရပ်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းမှ၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေပုဒ်မ(၁၂)ကိုဖောက်ဖျက်ကျူးလွန်သူများအားဥပဒေအရအပြစ်ပေးနိုင်ရန်အလို့ငှာနည်းဥပဒေကိုပြင်ဆင်ခြင်းနည်း(သို့မဟုတ်)တရားစွဲဆို မည့်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုတာဝန်ပေးအပ်ခြင်းနည်း(၂)မျိုးမှတစ်မျိုးဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိသိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးမြန်းမှုတွင်တရားစွဲဆိုဖို့တရားလိုအဖွဲ့အစည်းဖွဲ့စည်းစွဲသည်ဖြစ်စေဦးဒီလိုလယ်ယာ မြေဥပဒေကိုဖောက်ဖျက် သည့်သူများသည်ဥပဒေကိုပါးပါးနပ်နပ် ရှိတာကိုတွေ့ရှိ ရပါကြောင်း၊ပြဿနာမှာ လယ်ယာမြေပေါ် တွင်စိုက်ပျိုးခွင့်မရှိသောအပင်များကိုခွင်ပြုချက်မရဘဲ စိုက်ပျိုးသူများသည် လယ်ကိုသာ ဝယ်လိုက်ပြီး မူလလယ်သမား၏ အမည်နှင့် သာထားရှိထားပြီး တရားစွဲဆိုမှုဖြစ် လာသည့် အခါ လက်ရှိဖြစ်ပေါ်နေ သည့်စာရွက်စာတမ်းများမှာမူလလယ်သမားကိုသာတရားပြန်စွဲရမလိုဖြစ်နေပါကြောင်း၊ဒါကိုဘယ်လိုဆက်ပြီးဖြေရှင်ပေးနိုင်မလည်း ဆိုတာ ကိုနောင်ဖြစ်ပေါ်လာနိုင်သည့်ယင်းသို့ပါးပါးနပ်နပ်လူတွေ၏ဥပဒေလက်တစ်လုံးခြားဆောင်ရွက်မှုများကို ဖြေရှင်းနိုင်ရန်မေးမြန်းခြင်းဖြစ်ကြောင်း ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါတယ်။

ယင်းသို့မေးမြန်းမှုအပေါ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်မှ“လတ်တလောအနေအထားအရဖြစ်ပေါ်တဲ့အခြေအနေပေါ်မူတည်ပြီးဖြေကြားပါ့မယ်၊မိမိတို့တိုဒီလိုအားနည်းချက်တွေရှိတဲ့အလျောက်၂၀၁၂လယ်ယာမြေဥပဒေနဲ့စပ်လျဉ်းပြီးပြန်လည်ပြုပြင်ဖို့အတွက်ပြည်ထောင်စုလွှတ်တော်ကိုတင်ပြထားပြီးဖြစ်ပါတယ်၊လက်ရှိလတ်တလောအရဖြစ်ပျက်နေတဲ့အနေအထားတွေအပေါ်မှာဥပဒေနှင့်အညီစီမံခန့်ခွဲဆောင်ရွက်သွားနိုင်ဖို့အတွက်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရှိပါတယ်၊ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုစီစစ်ဆောင်ရွက်သွားနိုင်ဖိုကိုလည်းဆက်စပ်ဆောင်ရွက်ပေးသွားမယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

KO
နေပြည်တော်၊ဒီဇင်ဘာ-၂

(  Zawgyi  )

 ၂၀၁၂-လယ္ယာေျမဥပေဒတြင္အားနည္းခ်က္မ်ားရွိေန၍ျပန္လည္ျပဳျပင္ရန္ျပည္ေထာင္စု လႊတ္ေတာ္ သို႔တင္ျပထား ေၾကာင္း စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးဦးလွေက်ာ္မွ ေျပာ ၾကားခဲ့ပါတယ္။

ယေန႔ျပဳလုပ္သည့္ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္(၁၄)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးဒသမေန႔အ စီအစဥ္တြင္ ဇရပ္မဲဆႏၵနယ္ကိုယ္စားလွယ္ ဦးဉာဏ္ဟိန္းမွ၂၀၁၂ခုႏွစ္လယ္ယာေျမဥပေဒပုဒ္မ(၁၂)ကိုေဖာက္ဖ်က္က်ဴးလြန္သူမ်ားအားဥပေဒအရအျပစ္ေပးႏိုင္ရန္အလို႔ငွာနည္းဥပေဒကိုျပင္ဆင္ျခင္းနည္း(သို႔မဟုတ္)တရားစြဲဆို မည့္လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕ကိုတာဝန္ေပးအပ္ျခင္းနည္း(၂)မ်ိဳးမွတစ္မ်ိဳးေဆာင္႐ြက္ေပးႏိုင္ျခင္းရွိမရွိသိ လိုျခင္းႏွင့္စပ္လ်ဥ္းသည့္ေမးျမန္းမႈတြင္တရားစြဲဆိုဖို႔တရားလိုအဖြဲ႕အစည္းဖြဲ႕စည္းစြဲသည္ျဖစ္ေစဦးဒီလိုလယ္ယာ ေျမဥပေဒကိုေဖာက္ဖ်က္ သည့္သူမ်ားသည္ဥပေဒကိုပါးပါးနပ္နပ္ ရွိတာကိုေတြ႕ရွိ ရပါေၾကာင္း၊ျပႆနာမွာ လယ္ယာေျမေပၚ တြင္စိုက္ပ်ိဳးခြင့္မရွိေသာအပင္မ်ားကိုခြင္ျပဳခ်က္မရဘဲ စိုက္ပ်ိဳးသူမ်ားသည္ လယ္ကိုသာ ဝယ္လိုက္ၿပီး မူလလယ္သမား၏ အမည္ႏွင့္ သာထားရွိထားၿပီး တရားစြဲဆိုမႈျဖစ္ လာသည့္ အခါ လက္ရွိျဖစ္ေပၚေန သည့္စာ႐ြက္စာတမ္းမ်ားမွာမူလလယ္သမားကိုသာတရားျပန္စြဲရမလိုျဖစ္ေနပါေၾကာင္း၊ဒါကိုဘယ္လိုဆက္ၿပီးေျဖရွင္ေပးႏိုင္မလည္း ဆိုတာ ကိုေနာင္ျဖစ္ေပၚလာႏိုင္သည့္ယင္းသို႔ပါးပါးနပ္နပ္လူေတြ၏ဥပေဒလက္တစ္လုံးျခားေဆာင္႐ြက္မႈမ်ားကို ေျဖရွင္းႏိုင္ရန္ေမးျမန္းျခင္းျဖစ္ေၾကာင္း ဆက္စပ္ေမးခြန္းေမးျမန္းခဲ့ပါတယ္။

ယင္းသို႔ေမးျမန္းမႈအေပၚစိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးလွေက်ာ္မွ“လတ္တေလာအေနအထားအရျဖစ္ေပၚတဲ့အေျခအေနေပၚမူတည္ၿပီးေျဖၾကားပါ့မယ္၊မိမိတို႔တိုဒီလိုအားနည္းခ်က္ေတြရွိတဲ့အေလ်ာက္၂၀၁၂လယ္ယာေျမဥပေဒနဲ႔စပ္လ်ဥ္းၿပီးျပန္လည္ျပဳျပင္ဖို႔အတြက္ျပည္ေထာင္စုလႊတ္ေတာ္ကိုတင္ျပထားၿပီးျဖစ္ပါတယ္၊လက္ရွိလတ္တေလာအရျဖစ္ပ်က္ေနတဲ့အေနအထားေတြအေပၚမွာဥပေဒႏွင့္အညီစီမံခန႔္ခြဲေဆာင္႐ြက္သြားႏိုင္ဖို႔အတြက္ျပည္နယ္လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕ရွိပါတယ္၊ျပည္နယ္လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕ကိုစီစစ္ေဆာင္႐ြက္သြားႏိုင္ဖိုကိုလည္းဆက္စပ္ေဆာင္႐ြက္ေပးသြားမယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ဒီဇင္ဘာ-၂