အလယ်တန်းအဆင့် ကျောင်းသား၊ သူများအတွက် အေဒီဘီနှင့် အီးယူမှ အမေရိကန်ဒေါ်လာ ၂၆ သန်း ထောက်ပံ့မည်

အလယ်တန်းအဆင့် ကျောင်းသား၊ သူများအတွက် အေဒီဘီနှင့် အီးယူမှ အမေရိကန်ဒေါ်လာ ၂၆ သန်း ထောက်ပံ့မည်

ပြည်တွင်းက အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာရေး (TVET) လုပ်ငန်းတွေမှာ အရည်အသွေးမြှင့်တင်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၆ သန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ ဥရောပသမဂ္ဂ (EU) ထောက်ပံ့သွားရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ နည်းပညာအထောက်အပံ့ဟာ မြန်မာ့ပညာရေးကဏ္ဍအတွက် ကူညီလုပ်ဆောင်နေတဲ့ ADB ရဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သလို ၂၀၁၆ ခုနှစ်က အတည်ပြုခဲ့တဲ့ အလုပ်အကိုင်ရရှိရေး လူငယ်များအားမြှင့်တင်ပေးတဲ့ EYE စီမံကိန်းလည်း ပါဝင်ကြောင်း၊ EYE စီမံကိန်းဟာ နိုင်ငံရဲ့ အလယ်တန်းအဆင့် သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမှုအရည်အသွေး မြှင့်တင်ရေးတို့ကို ရှေးရှုဖော်ဆောင်နေတဲ့ စီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ပညာရေးဆိုင်ရာပညာရှင် မစ္စ Yumiko Yamakawa က “ADB ဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်ထောက်ပံ့ ကူညီပေးလျက်ရှိပါတယ်။ဒါတွေက လူငယ်တွေအနေနဲ့ တန်ဖိုးရှိပြီး လက်ရှိရော အနာဂတ် အလုပ်အကိုင်ဈေးကွက်အတွက်ရော လိုအပ်တဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေ ရရှိနိုင်စေဖို့ ကူညီရာမှာ အလွန်အရေးပါပါတယ်” လို့ ပြောပါတယ်။

ထိုစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် ကျွမ်းကျင်မှုမြင့်မားပြီး ပညာတတ်မြောက်သော လုပ်သားအင်အားစု ပေါ်ပေါက်လာနိုင်စေသလို တိုင်းပြည်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်တစ်ခုလည်းဖြစ်ကြောင်း၊ ထိုစီမံကိန်းမှာ အလယ်တန်းအဆင့် တတ်မြောက်သင်ယူပြီးစီးသွားသော လူငယ်တွေအတွက် မျက်မှောက်ခေတ် အလုပ်အကိုင်စျေးကွက်မှာ အသိပညာနဲ့ ကျွမ်းကျင်မှုများကို ကူညီဖြည့်စွမ်းပေးလျက်ရှိတယ်လို့ သိရပါတယ်။

အစိုးရအနေဖြင့် နိုင်ငံရဲ့ ပညာရေးစနစ် ကောင်းမွန်လာစေဖို့ အဆင့်ဆင့်တိုးတက်အောင် လုပ်ဆောင်နေပြီး အမျိုးသားပညာရေး မဟာဗျူဟာအစီအစဉ် ၂၀၁၆-၂၀၂၁ ကို ပညာရေးဝန်ကြီးဌာနက ရေးဆွဲအကောင်အထည်ဖော်နေသလို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ ဥရောပသမဂ္ဂ (EU) တို့က လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်လာခဲ့ပေမယ့် ပညာရေးအရည်အသွေးနဲ့ ပြည်တွင်းက လုပ်သားတွေရဲ့ အတတ်ပညာကျွမ်းကျင်မှု အရည်အသွေးတွေကိုလည်း မြှင့်တင်ဖို့ လိုအပ်နေကြောင်း၊ နောက်ဆုံးပေါ်သင်ရိုးတွေနဲ့ သင်ကြားရေးနည်းစနစ်တွေကို လုပ်ဆောင်နိုင်မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရစေနိုင်မယ်လို့လည်း ၎င်းတို့က ယူဆထားတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ယူရို ၂၂၁ သန်း (အမေရိကန်ဒေါ်လာ ၂၄၅ သန်း) အထိ ရှိတဲ့ ထောက်ပံ့ငွေပေးအပ်ရန် သဘောတူစာချုပ်တစ်ရပ်ကိုလည်း ချုပ်ဆိုခဲ့ကြကြောင်း၊ ယင်းထောက်ပံ့မှုတွင် နည်းပညာအထောက်အပံ့ အပါအဝင် အခြေခံပညာအလယ်တန်းအဆင့် နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာရေး (TVET) ကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ပံ့သော ယူရိုငွေ ၁၇၅ သန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာနအောက်က ဆရာ၊ ဆရာမများရဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သင်ကြားသင်ယူမှု ပညာရပ်နယ်ပယ်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်း၊ ထိုအစီအစဉ်တွေကို အပိုင်းလိုက်လုပ်ဆောင်သွားဖို့ စီစဉ်ထားပြီး ၂၀၂၀ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ကာလထဲမှာ အကောင်အထည်ဖော်သွားဖို့ မျှော်မှန်းထားကြပါတယ်။

ထို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ အဖွဲ့ဝင် ၆၈ ဦးရှိသလို ၄၉ ဦးမှာ ဒေသတွင်းမှ ဖြစ်ကြကြောင်း၊ ၂၀၁၈ ခုနှစ်ထဲမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁ ဒဿမ ၆ ဘီလီယံ တန်ဖိုးရှိသော ချေးငွေသစ်များနဲ့ ထောက်ပံ့မှုအသစ်များကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၆

( Zawgyi )

ျပည္တြင္းက အေျခခံပညာအလယ္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ နည္းပညာနဲ႔ အသက္ေမြးဝမ္းေက်ာင္းပညာေရး (TVET) လုပ္ငန္းေတြမွာ အရည္အေသြးျမႇင့္တင္ႏိုင္ဖို႔ အေမရိကန္ေဒၚလာ ၂၆ သန္းကို အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) နဲ႔ ဥေရာပသမဂၢ (EU) ေထာက္ပံ့သြားရန္ စီစဥ္ထားတယ္လို႔ သိရပါတယ္။

အဆိုပါ နည္းပညာအေထာက္အပံ့ဟာ ျမန္မာ့ပညာေရးက႑အတြက္ ကူညီလုပ္ေဆာင္ေနတဲ့ ADB ရဲ႕ လုပ္ငန္းစဥ္တစ္ရပ္ျဖစ္သလို ၂၀၁၆ ခုႏွစ္က အတည္ျပဳခဲ့တဲ့ အလုပ္အကိုင္ရရွိေရး လူငယ္မ်ားအားျမႇင့္တင္ေပးတဲ့ EYE စီမံကိန္းလည္း ပါဝင္ေၾကာင္း၊ EYE စီမံကိန္းဟာ ႏိုင္ငံရဲ႕ အလယ္တန္းအဆင့္ သင္႐ိုးၫႊန္းတမ္းနဲ႔ သင္ၾကားမႈအရည္အေသြး ျမႇင့္တင္ေရးတို႔ကို ေရွးရႈေဖာ္ေဆာင္ေနတဲ့ စီမံကိန္းျဖစ္တယ္လို႔ သိရပါတယ္။

အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ရဲ႕ ပညာေရးဆိုင္ရာပညာရွင္ မစၥ Yumiko Yamakawa က “ADB ဟာ ျမန္မာအစိုးရရဲ႕ ျပဳျပင္ေျပာင္းလဲေရး ႀကိဳးပမ္းအားထုတ္မႈေတြကို ဆက္လက္ေထာက္ပံ့ ကူညီေပးလ်က္ရွိပါတယ္။ဒါေတြက လူငယ္ေတြအေနနဲ႔ တန္ဖိုးရွိၿပီး လက္ရွိေရာ အနာဂတ္ အလုပ္အကိုင္ေဈးကြက္အတြက္ေရာ လိုအပ္တဲ့ အတတ္ပညာပိုင္း ကြၽမ္းက်င္မႈေတြ ရရွိႏိုင္ေစဖို႔ ကူညီရာမွာ အလြန္အေရးပါပါတယ္” လို႔ ေျပာပါတယ္။

ထိုစီမံကိန္းဟာ ျမန္မာႏိုင္ငံအတြက္ ကြၽမ္းက်င္မႈျမင့္မားၿပီး ပညာတတ္ေျမာက္ေသာ လုပ္သားအင္အားစု ေပၚေပါက္လာႏိုင္ေစသလို တိုင္းျပည္အနာဂတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဓိကေသာ့ခ်က္တစ္ခုလည္းျဖစ္ေၾကာင္း၊ ထိုစီမံကိန္းမွာ အလယ္တန္းအဆင့္ တတ္ေျမာက္သင္ယူၿပီးစီးသြားေသာ လူငယ္ေတြအတြက္ မ်က္ေမွာက္ေခတ္ အလုပ္အကိုင္ေစ်းကြက္မွာ အသိပညာနဲ႔ ကြၽမ္းက်င္မႈမ်ားကို ကူညီျဖည့္စြမ္းေပးလ်က္ရွိတယ္လို႔ သိရပါတယ္။

အစိုးရအေနျဖင့္ ႏိုင္ငံရဲ႕ ပညာေရးစနစ္ ေကာင္းမြန္လာေစဖို႔ အဆင့္ဆင့္တိုးတက္ေအာင္ လုပ္ေဆာင္ေနၿပီး အမ်ိဳးသားပညာေရး မဟာဗ်ဴဟာအစီအစဥ္ ၂၀၁၆-၂၀၂၁ ကို ပညာေရးဝန္ႀကီးဌာနက ေရးဆြဲအေကာင္အထည္ေဖာ္ေနသလို အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) နဲ႔ ဥေရာပသမဂၢ (EU) တို႔က လိုအပ္တဲ့ ေထာက္ပံ့ကူညီမႈေတြနဲ႔ လုပ္ေဆာင္သြားဖို႔ ရည္႐ြယ္ထားတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ ၿပီးခဲ့သည့္ ႏွစ္အနည္းငယ္အတြင္းမွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ တိုးတက္လာခဲ့ေပမယ့္ ပညာေရးအရည္အေသြးနဲ႔ ျပည္တြင္းက လုပ္သားေတြရဲ႕ အတတ္ပညာကြၽမ္းက်င္မႈ အရည္အေသြးေတြကိုလည္း ျမႇင့္တင္ဖို႔ လိုအပ္ေနေၾကာင္း၊ ေနာက္ဆုံးေပၚသင္႐ိုးေတြနဲ႔ သင္ၾကားေရးနည္းစနစ္ေတြကို လုပ္ေဆာင္ႏိုင္မွသာ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ရေစႏိုင္မယ္လို႔လည္း ၎တို႔က ယူဆထားတယ္လို႔ သိရပါတယ္။

၂၀၁၉ ခုႏွစ္ထဲမွာ ဥေရာပသမဂၢက ျမန္မာႏိုင္ငံကို ယူ႐ို ၂၂၁ သန္း (အေမရိကန္ေဒၚလာ ၂၄၅ သန္း) အထိ ရွိတဲ့ ေထာက္ပံ့ေငြေပးအပ္ရန္ သေဘာတူစာခ်ဳပ္တစ္ရပ္ကိုလည္း ခ်ဳပ္ဆိုခဲ့ၾကေၾကာင္း၊ ယင္းေထာက္ပံ့မႈတြင္ နည္းပညာအေထာက္အပံ့ အပါအဝင္ အေျခခံပညာအလယ္တန္းအဆင့္ နည္းပညာနဲ႔ အသက္ေမြးဝမ္းေက်ာင္းပညာေရး (TVET) က႑ ျပဳျပင္ေျပာင္းလဲေရးအတြက္ ေထာက္ပံ့ေသာ ယူ႐ိုေငြ ၁၇၅ သန္းတို႔ ပါဝင္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ပညာေရးဝန္ႀကီးဌာနေအာက္က ဆရာ၊ ဆရာမမ်ားရဲ႕ ကြၽမ္းက်င္မႈဆိုင္ရာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား၊ သင္ၾကားသင္ယူမႈ ပညာရပ္နယ္ပယ္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကိုလည္း လုပ္ေဆာင္သြားဖို႔ ရည္႐ြယ္ထားေၾကာင္း၊ ထိုအစီအစဥ္ေတြကို အပိုင္းလိုက္လုပ္ေဆာင္သြားဖို႔ စီစဥ္ထားၿပီး ၂၀၂၀ ဇန္နဝါရီလမွ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလအထိ ကာလထဲမွာ အေကာင္အထည္ေဖာ္သြားဖို႔ ေမွ်ာ္မွန္းထားၾကပါတယ္။

ထို အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ကို ၁၉၆၆ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ကာ အဖြဲ႕ဝင္ ၆၈ ဦးရွိသလို ၄၉ ဦးမွာ ေဒသတြင္းမွ ျဖစ္ၾကေၾကာင္း၊ ၂၀၁၈ ခုႏွစ္ထဲမွာ စုစုေပါင္း အေမရိကန္ေဒၚလာ ၂၁ ဒႆမ ၆ ဘီလီယံ တန္ဖိုးရွိေသာ ေခ်းေငြသစ္မ်ားနဲ႔ ေထာက္ပံ့မႈအသစ္မ်ားကို ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၆