အမြန်လမ်းတွင် လမ်းဖြတ်ကူးစဉ် သေဆုံးခဲ့သည့် အဖွားအိုနှင့် မောင်နှင်ထွက်ပြေးသူ ယာဉ်မောင်တို့အား အမှုဖွင့်အရေးယူ

အမြန်လမ်းတွင် လမ်းဖြတ်ကူးစဉ် သေဆုံးခဲ့သည့် အဖွားအိုနှင့် မောင်နှင်ထွက်ပြေးသူ ယာဉ်မောင်တို့အား အမှုဖွင့်အရေးယူ

ရန်ကုန် - မန္တလေး အမြန်လမ်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က လမ်းဖြတ်ကူးစဉ် သေဆုံးခဲ့သည့် အဖွားအိုနှင့် မောင်နှင်ထွက်ပြေးသူ ယာဉ်မောင်တို့အား အမှုဖွင့်အရေးယူခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် နေပြည်တော်-မန္တလေး လမ်းပိုင်း မိုင်တိုင် ၂၇၁/၆ အနီး တွင် လမ်းဖြတ်ကူးသည့် ဒေါ်စန်းခင် (၇၀)နှစ် အား မော်တော်ယာဉ် တစ်စီးမှ ဝင်ရောက်တိုက် မိခဲ့ရာ ဒေါ်စန်းခင်သည် ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်အား ကျေးရွာအတွင်းရှိ လူများမှ ထွက်ကြည့်စဉ် ယာဉ်မှာ မန္တလေးဘက်သို့ ဆက်လက်မောင်းနှင် သွားကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ သို့ သတင်းပို့ အကြောင်းချက်အရ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များမှ ထွက်ပြေးယာဉ်အား ပိတ်ဆို့ စစ်ဆေးရှာဖွေရာ ည ၇ နာရီ ၁၅ မိနစ် အချိန်တွင် မိုင်တိုင် ၂၈၁/၄ အနီး၌ ယာဉ်မောင်း ကိုဇော်မင်းဦး မောင်းနှင်လာသည့်  Volkswagen မီးခိုးရောင် ယာဉ် အား မသင်္ကာဖွယ် ထိခိုက်ပျက်စီးရာများဖြင့် တွေ့ရှိသဖြင့် သီးကုန်းစခန်း တွင် ခေါ်ယူ စစ်မေးရာ အခင်းဖြစ်ရပ်မှ မောင်းနှင် ထွက်ပြေးယာဉ် ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

အမြန်လမ်းမ ပေါ် လူ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားသည့် အမြန်လမ်းမကြီး ဥပဒေအရ လမ်းဖြတ်ကူးသူ ကိုရာဇသတ်ကြီး ပုဒ်မ ၃၀၄ -က ဖြင့်၎င်း၊ ယာဉ်တိုက်မှု ဖြစ်သည်ကို နီးစပ်ရာ တာဝန်ရှိသူထံ လူကိုယ်တိုင် ဖြစ်စေ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် သတင်းပို့ ရန် ပျက်ကွက်သည့် ယာဉ်မောင်း အား မော်တော်ယာဉ် ပုဒ်မ ၆၅ တို့ဖြင့် အမှုဖွင့် လှစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ နိုဝင်ဘာ ၂၀

(  Zawgyi  )

 ရန္ကုန္ - မႏၲေလး အျမန္လမ္းတြင္ ႏိုဝင္ဘာလ ၁၉ ရက္ေန႔က လမ္းျဖတ္ကူးစဥ္ ေသဆုံးခဲ့သည့္ အဖြားအိုႏွင့္ ေမာင္ႏွင္ထြက္ေျပးသူ ယာဥ္ေမာင္တို႔အား အမႈဖြင့္အေရးယူခဲ့တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၁၉ ရက္ ညေန ၆ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္တြင္ ေနျပည္ေတာ္-မႏၲေလး လမ္းပိုင္း မိုင္တိုင္ ၂၇၁/၆ အနီး တြင္ လမ္းျဖတ္ကူးသည့္ ေဒၚစန္းခင္ (၇၀)ႏွစ္ အား ေမာ္ေတာ္ယာဥ္ တစ္စီးမွ ဝင္ေရာက္တိုက္ မိခဲ့ရာ ေဒၚစန္းခင္သည္ ရရွိေသာဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ပါတယ္။

ျဖစ္စဥ္အား ေက်း႐ြာအတြင္းရွိ လူမ်ားမွ ထြက္ၾကည့္စဥ္ ယာဥ္မွာ မႏၲေလးဘက္သို႔ ဆက္လက္ေမာင္းႏွင္ သြားေၾကာင္း အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ သို႔ သတင္းပို႔ အေၾကာင္းခ်က္အရ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ တပ္ဖြဲ႕ဝင္မ်ားမွ ထြက္ေျပးယာဥ္အား ပိတ္ဆို႔ စစ္ေဆးရွာေဖြရာ ည ၇ နာရီ ၁၅ မိနစ္ အခ်ိန္တြင္ မိုင္တိုင္ ၂၈၁/၄ အနီး၌ ယာဥ္ေမာင္း ကိုေဇာ္မင္းဦး ေမာင္းႏွင္လာသည့္  Volkswagen မီးခိုးေရာင္ ယာဥ္ အား မသကၤာဖြယ္ ထိခိုက္ပ်က္စီးရာမ်ားျဖင့္ ေတြ႕ရွိသျဖင့္ သီးကုန္းစခန္း တြင္ ေခၚယူ စစ္ေမးရာ အခင္းျဖစ္ရပ္မွ ေမာင္းႏွင္ ထြက္ေျပးယာဥ္ ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တယ္လို႔ ဆိုပါတယ္။

အျမန္လမ္းမ ေပၚ လူ ျဖတ္သန္းသြားလာခြင့္ တားျမစ္ထားသည့္ အျမန္လမ္းမႀကီး ဥပေဒအရ လမ္းျဖတ္ကူးသူ ကိုရာဇသတ္ႀကီး ပုဒ္မ ၃၀၄ -က ျဖင့္၎၊ ယာဥ္တိုက္မႈ ျဖစ္သည္ကို နီးစပ္ရာ တာဝန္ရွိသူထံ လူကိုယ္တိုင္ ျဖစ္ေစ ဖုန္းျဖင့္ျဖစ္ေစ ဆက္သြယ္ သတင္းပို႔ ရန္ ပ်က္ကြက္သည့္ ယာဥ္ေမာင္း အား ေမာ္ေတာ္ယာဥ္ ပုဒ္မ ၆၅ တို႔ျဖင့္ အမႈဖြင့္ လွစ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ႏိုဝင္ဘာ ၂၀