အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်နေသည့် အတွက် နောက်ကြောင်းမှဖြစ်ပျက်ခဲ့သည့် စကားလုံး၊စကားရပ်၊ အသုံးအနှုန်းများကို အထူးဆင်ခြင်း သုံးစွဲကြရန် လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း

အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်နေသည့် အတွက် နောက်ကြောင်းမှဖြစ်ပျက်ခဲ့သည့် စကားလုံး၊စကားရပ်၊ အသုံးအနှုန်းများကို အထူးဆင်ခြင်း သုံးစွဲကြရန် လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း

လွှတ်တော်ကိုယ်စားလှယ်များအနေနှင့်မိမိတို့နိုင်ငံသည်အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်နေသည့် အတွက်နောက်ကြောင်းမှဖြစ်ပျက်ခဲ့သည့်စကားလုံး၊စကားရပ်၊အသုံးအနှုန်းများကိုအထူးဆင်ခြင်သုံးစွဲကြရန် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ကျင်းပတဲ့ ပြာည်သူလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊အသုံးအနှုန်း မိမိတို့ဟာအမျိုးသားပြန်လည် ရင်ကြား စေ့ရေး၊ဦး တည်နေတဲ့ကာလဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မိမိတို့ရဲ့အသုံးအနှုန်းကိုသင့်တော်၏ မသင့်တော်၏ ဆိုတာ ကို သုံးသပ်ဆင်ခြင်ဖို့ လွှတ်တော်ကိုယ် စားလှယ်များကိုမှာကြားလိုပါတယ်။ အခုလိုသက်ဆိုင်ရာဝန်ကြီး ဌာန အနေ နဲ့လည်းအထောက်အထားပြည့်ပြည့် စုံစုံနဲ့ ရှင်းလင်းတဲ့ အတွက်ကျေးဇူတင်ပါတယ်။လွှတ်တော်ကိုယ်စား လှယ်များ အနေနဲ့ထပ်လောင်းပြီးမှာကြားလိုတာက အခုမိမိ တို့နိုင်ငံဟာ အမျိုးသားရင်ကြားစေ့ရေး အတွက် မိမိတို့ဦးတည် ဆောင်ရွက်နေတဲ့ အချိန် မှာနောက်ကြောင်းကဖြစ်ခဲ့တဲ့ဟာတွေကိုစကားလုံးစကားရပ်အသုံး အနှုန်းတွေ ကိုအထူး ဆင်ခြင်ပြီး သုံးစွဲဖို့ထပ်လောင်းမှာကြားချင်ပါတယ် “လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော် ကိုယ်စားလှယ်များအားပြောကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်သည့်ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်ဒီပဲယင်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်မှပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိတောင်သူလယ်သမားများအတွက်တောင်သူလယ်သမားနေ့အဖြစ်မတ်လ(၂)ရက်နေ့ကိုသတ်မှတ်ထားခြင်းမှပယ်ဖျက်ပေးရန်နှင့်ဗြိတိသျှနယ်ချဲ့အစိုးရအားဆရာစံဦးဆောင်ပြီးတောင်သူလယ်သမားများကိုယ်တိုင်စတင်တော်လှန်ခဲ့သည့်ဒီဇင်ဘာ(၂၂)ရက်နေ့ကိုပြောင်းလဲသတ်မှတ်အတည်ပြုပေးရန်အစီအစဉ်ရှိ/မရှိမေးမြန်းမှုတွင်တပ်မတော်သည်လက်နက်အားကိုးနှင့်အာဏားသိမ်းခဲ့ခြင်းဖြစ်တယ်ဆိုသည့်စကားလုံးပါဝင်နေသည့်အတွက်ယင်စကားလုံးမျိုးမသုံးသင့်ပါကြောင်းနှင့်ပယ်ဖျက်ပေးရန်တပ်မတော်သားကိုယ်စားလှယ်တစ်ဦးမှတင်ပြခဲ့ခြင်းအပေါ်ပြည်သူ့လွှတ်တော်ဥက္ကဌမှလွှတ်တော်ကိုယ်စားလှယ်များအားသတိပေးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒီပဲယင်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်၏မေးမြန်ချက်နှင့်ပတ်သက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြှောင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်မှ “တောင်သူလယ်သမား နေ့ဟာတောင်သူလယ်သမား တစ်ဦး တစ်ယောက်ချင်းကိုဂုဏ်ပြုသတ်မှတ်ခြင်းနေ့ဖြစ်တယ်နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ တောင်သူလယ်သမားထု တစ်ရပ်လုံးကို ဂုဏ်ပြုကျင်းပပေးခဲ့တဲ့နေ့ရက် တစ်ရက်ဖြစ်တယ် ဆိုတာသုံးသပ် တင်ပြအပ်ပါတယ်။နိုင်ငံတော် ရဲ့နေထူးနေ့မြတ်ထားရှိမှုဟာ နိုင်ငံတော် အစိုးရ အနေနဲ့ ထားရှိမဲ့ထူးမြတ်တဲ့ဂုဏ်အင်္ဂါနဲ့သမိုင်းအခြေခံဖြစ်ရပ်တွေပေါ် အခြေပြုပြီး စီစစ်ဆောင်ရွက် ထားရှိရတဲ့ လုပ်ငန်းရပ်ငန်းရပ်ဖြစ်ပါတယ်၊ ၎င်းနေ့ရက်ကိုပြင်ဆင်လိုလျင် ယင်းနေ့ရက်ကို အမှန် တကယ် ကိုယ်စားပြုမဲ့တောင်သူလယ်သမား အများစုရဲ့ ဆန္ဒနဲ့အညီဖြည့်စွက်ဖို့ လည်း အမှန် တစ်ကယ် လိုအပ်မှာဖြစ်ကြောင်းသုံးသပ်တင်ပြအပ်ပါတယ်။ထို့အတူဘဲပြောင်းလည်းပြင်ဆင် သတ်မှတ်မဲ့နေရက်ဟာတောင်သူလယ်သမား များရဲ့ မှီခို အားထားရာ အသက်မွေးဝမ်း ကြောင်းပြုနေရတဲ့ လုပ်ငန်း ခွင်တွေအပေါ် ထိခိုက်မှုမရှိစေရေးအပေါ်လည်းအလေးအနက်ထားစိစစ်သုံးသပ်ဆောင်ရွက်ဖို့လည်းလိုအပ်မှာ ဖြစ်ပါတယ်။ သို့ဖြစ်တဲ့ အတွက် ၎င်းနေ့ရက်ပြင်ဆင်ခြင်းကို အထက်ဖော်ပြပါ အချက်တွေနဲ့အညီအဖက်ဖက်မှစဉ်း စားသုံးသပ်ရမယ့်အနေအထားရှိတဲ့အလျှောက် ယင်းအပေါ် မှာအခြေပြုပြီးနိုင်ငံတာ်ကစီမံဆောင်ရွက်ရန် လိုအပ် လာမယ်ဆိုယင် မိမိတို့စိုက်ပျိုးရေး ဆည်မြှောင်း ဝန်ကြီးဌာနအနေနဲ့နိုင်ငံတော်ရဲ့အစီအမံနဲ့အညီအကောင်အထည် ဖော်ဆောင်ရွက် သွားရန် ရှိမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ တော့ပြောင်း လဲသတ်မှတ်ခြင်းကိုဝန်ကြီးဌာန အနေနဲ့ဆောင်ရွက် သွားရန်မရှိသေးပါကြောင်းပြန်လည်ရှင်းလင်းဖြေကြားအပ်ပါတယ် ”လို့ ပြောကြားခဲ့ ပါတယ်။

PTG
နေပြည်တော်၊နိုဝင်ဘာ-၇

(  Zawgyi  )

 လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနႏွင့္မိမိတို႔ႏိုင္ငံသည္အမ်ိဳးသားရင္ၾကားေစ့ေရးကိုဦးတည္ေနသည့္ အတြက္ေနာက္ေၾကာင္းမွျဖစ္ပ်က္ခဲ့သည့္စကားလုံး၊စကားရပ္၊အသုံးအႏႈန္းမ်ားကိုအထူးဆင္ျခင္သုံးစြဲၾကရန္ လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္က ယေန႔က်င္းပတဲ့ ျပာည္သူလႊတ္ေတာ္ အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

“ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ား၊အသုံးအႏႈန္း မိမိတို႔ဟာအမ်ိဳးသားျပန္လည္ ရင္ၾကား ေစ့ေရး၊ဦး တည္ေနတဲ့ကာလျဖစ္ပါတယ္။အဲ့ဒီအတြက္ေၾကာင့္မိမိတို႔ရဲ႕အသုံးအႏႈန္းကိုသင့္ေတာ္၏ မသင့္ေတာ္၏ ဆိုတာ ကို သုံးသပ္ဆင္ျခင္ဖို႔ လႊတ္ေတာ္ကိုယ္ စားလွယ္မ်ားကိုမွာၾကားလိုပါတယ္။ အခုလိုသက္ဆိုင္ရာဝန္ႀကီး ဌာန အေန နဲ႔လည္းအေထာက္အထားျပည့္ျပည့္ စုံစုံနဲ႔ ရွင္းလင္းတဲ့ အတြက္ေက်းဇူတင္ပါတယ္။လႊတ္ေတာ္ကိုယ္စား လွယ္မ်ား အေနနဲ႔ထပ္ေလာင္းၿပီးမွာၾကားလိုတာက အခုမိမိ တို႔ႏိုင္ငံဟာ အမ်ိဳးသားရင္ၾကားေစ့ေရး အတြက္ မိမိတို႔ဦးတည္ ေဆာင္႐ြက္ေနတဲ့ အခ်ိန္ မွာေနာက္ေၾကာင္းကျဖစ္ခဲ့တဲ့ဟာေတြကိုစကားလုံးစကားရပ္အသုံး အႏႈန္းေတြ ကိုအထူး ဆင္ျခင္ၿပီး သုံးစြဲဖို႔ထပ္ေလာင္းမွာၾကားခ်င္ပါတယ္ “လို႔ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္က လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအားေျပာၾကားခဲ့ပါတယ္။

ယေန႔ျပဳလုပ္သည့္ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္(၁၄)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးတြင္ဒီပဲယင္းမဲဆႏၵနယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးဝင္းျမင့္ေအာင္မွျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံအတြင္းရွိေတာင္သူလယ္သမားမ်ားအတြက္ေတာင္သူလယ္သမားေန႔အျဖစ္မတ္လ(၂)ရက္ေန႔ကိုသတ္မွတ္ထားျခင္းမွပယ္ဖ်က္ေပးရန္ႏွင့္ၿဗိတိသွ်နယ္ခ်ဲ႕အစိုးရအားဆရာစံဦးေဆာင္ၿပီးေတာင္သူလယ္သမားမ်ားကိုယ္တိုင္စတင္ေတာ္လွန္ခဲ့သည့္ဒီဇင္ဘာ(၂၂)ရက္ေန႔ကိုေျပာင္းလဲသတ္မွတ္အတည္ျပဳေပးရန္အစီအစဥ္ရွိ/မရွိေမးျမန္းမႈတြင္တပ္မေတာ္သည္လက္နက္အားကိုးႏွင့္အာဏားသိမ္းခဲ့ျခင္းျဖစ္တယ္ဆိုသည့္စကားလုံးပါဝင္ေနသည့္အတြက္ယင္စကားလုံးမ်ိဳးမသုံးသင့္ပါေၾကာင္းႏွင့္ပယ္ဖ်က္ေပးရန္တပ္မေတာ္သားကိုယ္စားလွယ္တစ္ဦးမွတင္ျပခဲ့ျခင္းအေပၚျပည္သူ႔လႊတ္ေတာ္ဥကၠဌမွလႊတ္ေတာ္ကိုယ္စားလွယ္မ်ားအားသတိေပးေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ဒီပဲယင္းမဲဆႏၵနယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးဝင္းျမင့္ေအာင္၏ေမးျမန္ခ်က္ႏွင့္ပတ္သက္၍ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမႇာင္ဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးလွေက်ာ္မွ “ေတာင္သူလယ္သမား ေန႔ဟာေတာင္သူလယ္သမား တစ္ဦး တစ္ေယာက္ခ်င္းကိုဂုဏ္ျပဳသတ္မွတ္ျခင္းေန႔ျဖစ္တယ္ႏိုင္ငံတစ္ဝန္းမွာ ရွိတဲ့ ေတာင္သူလယ္သမားထု တစ္ရပ္လုံးကို ဂုဏ္ျပဳက်င္းပေပးခဲ့တဲ့ေန႔ရက္ တစ္ရက္ျဖစ္တယ္ ဆိုတာသုံးသပ္ တင္ျပအပ္ပါတယ္။ႏိုင္ငံေတာ္ ရဲ႕ေနထူးေန႔ျမတ္ထားရွိမႈဟာ ႏိုင္ငံေတာ္ အစိုးရ အေနနဲ႔ ထားရွိမဲ့ထူးျမတ္တဲ့ဂုဏ္အဂၤါနဲ႔သမိုင္းအေျခခံျဖစ္ရပ္ေတြေပၚ အေျချပဳၿပီး စီစစ္ေဆာင္႐ြက္ ထားရွိရတဲ့ လုပ္ငန္းရပ္ငန္းရပ္ျဖစ္ပါတယ္၊ ၎ေန႔ရက္ကိုျပင္ဆင္လိုလ်င္ ယင္းေန႔ရက္ကို အမွန္ တကယ္ ကိုယ္စားျပဳမဲ့ေတာင္သူလယ္သမား အမ်ားစုရဲ႕ ဆႏၵနဲ႔အညီျဖည့္စြက္ဖို႔ လည္း အမွန္ တစ္ကယ္ လိုအပ္မွာျဖစ္ေၾကာင္းသုံးသပ္တင္ျပအပ္ပါတယ္။ထို႔အတူဘဲေျပာင္းလည္းျပင္ဆင္ သတ္မွတ္မဲ့ေနရက္ဟာေတာင္သူလယ္သမား မ်ားရဲ႕ မွီခို အားထားရာ အသက္ေမြးဝမ္း ေၾကာင္းျပဳေနရတဲ့ လုပ္ငန္း ခြင္ေတြအေပၚ ထိခိုက္မႈမရွိေစေရးအေပၚလည္းအေလးအနက္ထားစိစစ္သုံးသပ္ေဆာင္႐ြက္ဖို႔လည္းလိုအပ္မွာ ျဖစ္ပါတယ္။ သို႔ျဖစ္တဲ့ အတြက္ ၎ေန႔ရက္ျပင္ဆင္ျခင္းကို အထက္ေဖာ္ျပပါ အခ်က္ေတြနဲ႔အညီအဖက္ဖက္မွစဥ္း စားသုံးသပ္ရမယ့္အေနအထားရွိတဲ့အေလွ်ာက္ ယင္းအေပၚ မွာအေျချပဳၿပီးႏိုင္ငံတာ္ကစီမံေဆာင္႐ြက္ရန္ လိုအပ္ လာမယ္ဆိုယင္ မိမိတို႔စိုက္ပ်ိဳးေရး ဆည္ေျမႇာင္း ဝန္ႀကီးဌာနအေနနဲ႔ႏိုင္ငံေတာ္ရဲ႕အစီအမံနဲ႔အညီအေကာင္အထည္ ေဖာ္ေဆာင္႐ြက္ သြားရန္ ရွိမွာျဖစ္ပါတယ္။ လက္ရွိ အေျခအေနမွာ ေတာ့ေျပာင္း လဲသတ္မွတ္ျခင္းကိုဝန္ႀကီးဌာန အေနနဲ႔ေဆာင္႐ြက္ သြားရန္မရွိေသးပါေၾကာင္းျပန္လည္ရွင္းလင္းေျဖၾကားအပ္ပါတယ္ ”လို႔ ေျပာၾကားခဲ့ ပါတယ္။

PTG
ေနျပည္ေတာ္၊ႏိုဝင္ဘာ-၇