အမ်းမြို့အနီးမှာ AA အဖွဲ့က မီးတင်ရှို့ခဲ့တဲ့ ကားသမား ထွက်ပြေးလွတ်မြောက်

အမ်းမြို့အနီးမှာ AA အဖွဲ့က မီးတင်ရှို့ခဲ့တဲ့ ကားသမား ထွက်ပြေးလွတ်မြောက်

ရခိုင်ပြည်နယ် အမ်းမြို့အနီးမှာ AA အဖွဲ့က မော်တော်ယာဉ်နဲ့ တစ်ပါတည်း မီးတင်ရှို့ခံခဲ့ရတဲ့ ယာဉ်မောင်းဟာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က အမ်း - စစ်တွေ သွားတဲ့ ကားလမ်းပေါ် မဲလက်မောင်းကျေးရွာအနီးမှာ AA အဖွဲ့က မော်တော်ယာဉ် ၁ စီးကို မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းကို ဖမ်းခေါ်သွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့တာပါ။ဒါပေမယ့် မီးတင်ရှို့ခံရတဲ့ ယာဉ်မောင်းဟာ ကားပေါ်ကနေ ခုန်ဆင်းကာ တောအတွင်း ပြေးလွှားပုန်းအောင်းခဲ့တာကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်မောင်းဖြစ်သူ မောင်ဝေပိုင်မိုး၏ ပြောဆိုချက်အရ ရန်ကုန်ကနေ စစ်တွေမြို့ကို ကုန်ပစ္စည်းများတင်ဆောင်လာပြီး ဇန်နဝါရီ ၁၇ ရက်တွင် ထွက်ရှိလာကြောင်း၊ အမ်းမြို့ ရှောက်ခြုံတောင်အနီးကို ရောက်ရှိစဉ် မော်တော်ယာဉ် စက်ချို့ယွင်းခဲ့တောကြောင့် ညအိပ်ပြုပြင်ရပ်နားခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီနောက် ဇန်နဝါရီ ၂၀ ရက်နေ့တွင် အရပ်ဝတ် ဝတ်ထားသည့် AA အဖွဲ့ဝင်တွေ ရောက်ရှိလာပြီး သူ့အား ယာဉ်မောင်းထိုင်ခုံတွင် ခေါင်းငုံ့ထိုင်စေကာ မော်တော်ယာဉ်ကို မီးရှို့ခဲ့ကြောင်း၊ မီးရှို့ခံရမှုကြောင့် သူ့၏ ခြေလက်တွေပါ မီးကူးစက်လောင်စဉ် ကားပေါ်ကနေ ခုန်ဆင်းထွက်ပြေးရာ AA အဖွဲ့က လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ မောင်ဝေပိုင်မိုး က ပြောဆိုခဲ့ပါတယ်။

ထို့သို့ ပစ်ခတ်ခံရစဉ် တောအတွင်းမှာ တစ်ညပုန်းအောင်းနေပြီး အမ်းမြို့သို့ ရောက်ရှိအောင် တောလမ်းအတိုင်း ထွက်ပြေးခဲ့ရာ အမ်းမြို့ တပ်မတော်နယ်မြေခံတပ်ရှိရာကို ဇန်နဝါရီ ၂၁ ရက်နေ့ ညနေမှာ မီးလောင်ဒဏ်ရာတွေနဲ့ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

AA အဖွဲ့အနေနဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ရသေ့တောင် ရေစိုးချောင်းရွာအနီးမှာ Light Truck ယာဉ် ၁ စီးကိုလည်းကောင်း၊ သြဂုတ်လ ၂၉ ရက်နေ့မှာ ယိုးတရုတ်ရွာအနီး ကားလမ်းပေါ်မှာ အောင်သုခ ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းက ၆ ဘီးကား ၃ စီးကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဇေယျာမော်
ရန်ကုန်၊ ဇန်နဝါရီ - ၂၅
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

( Zawgyi )

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕အနီးမွာ AA အဖြဲ႕က ေမာ္ေတာ္ယာဥ္နဲ႔ တစ္ပါတည္း မီးတင္ရႈိ႕ခံခဲ့ရတဲ့ ယာဥ္ေမာင္းဟာ ထြက္ေျပးလြတ္ေျမာက္ခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၀ ရက္ေန႔က အမ္း - စစ္ေတြ သြားတဲ့ ကားလမ္းေပၚ မဲလက္ေမာင္းေက်း႐ြာအနီးမွာ AA အဖြဲ႕က ေမာ္ေတာ္ယာဥ္ ၁ စီးကို မီးရႈိ႕ဖ်က္ဆီးၿပီး ယာဥ္ေမာင္းကို ဖမ္းေခၚသြားတယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ခဲ့တာပါ။ဒါေပမယ့္ မီးတင္ရႈိ႕ခံရတဲ့ ယာဥ္ေမာင္းဟာ ကားေပၚကေန ခုန္ဆင္းကာ ေတာအတြင္း ေျပးလႊားပုန္းေအာင္းခဲ့တာေၾကာင့္ အသက္ေဘးက လြတ္ေျမာက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ယာဥ္ေမာင္းျဖစ္သူ ေမာင္ေဝပိုင္မိုး၏ ေျပာဆိုခ်က္အရ ရန္ကုန္ကေန စစ္ေတြၿမိဳ႕ကို ကုန္ပစၥည္းမ်ားတင္ေဆာင္လာၿပီး ဇန္နဝါရီ ၁၇ ရက္တြင္ ထြက္ရွိလာေၾကာင္း၊ အမ္းၿမိဳ႕ ေရွာက္ၿခဳံေတာင္အနီးကို ေရာက္ရွိစဥ္ ေမာ္ေတာ္ယာဥ္ စက္ခ်ိဳ႕ယြင္းခဲ့ေတာေၾကာင့္ ညအိပ္ျပဳျပင္ရပ္နားခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။အဲ့ဒီေနာက္ ဇန္နဝါရီ ၂၀ ရက္ေန႔တြင္ အရပ္ဝတ္ ဝတ္ထားသည့္ AA အဖြဲ႕ဝင္ေတြ ေရာက္ရွိလာၿပီး သူ႔အား ယာဥ္ေမာင္းထိုင္ခုံတြင္ ေခါင္းငုံ႔ထိုင္ေစကာ ေမာ္ေတာ္ယာဥ္ကို မီးရႈိ႕ခဲ့ေၾကာင္း၊ မီးရႈိ႕ခံရမႈေၾကာင့္ သူ႔၏ ေျခလက္ေတြပါ မီးကူးစက္ေလာင္စဥ္ ကားေပၚကေန ခုန္ဆင္းထြက္ေျပးရာ AA အဖြဲ႕က လက္နက္ငယ္ေတြနဲ႔ လိုက္လံပစ္ခတ္ခဲ့တယ္လို႔ ေမာင္ေဝပိုင္မိုး က ေျပာဆိုခဲ့ပါတယ္။

ထို႔သို႔ ပစ္ခတ္ခံရစဥ္ ေတာအတြင္းမွာ တစ္ညပုန္းေအာင္းေနၿပီး အမ္းၿမိဳ႕သို႔ ေရာက္ရွိေအာင္ ေတာလမ္းအတိုင္း ထြက္ေျပးခဲ့ရာ အမ္းၿမိဳ႕ တပ္မေတာ္နယ္ေျမခံတပ္ရွိရာကို ဇန္နဝါရီ ၂၁ ရက္ေန႔ ညေနမွာ မီးေလာင္ဒဏ္ရာေတြနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

AA အဖြဲ႕အေနနဲ႔ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းကလည္း ရေသ့ေတာင္ ေရစိုးေခ်ာင္း႐ြာအနီးမွာ Light Truck ယာဥ္ ၁ စီးကိုလည္းေကာင္း၊ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ယိုးတ႐ုတ္႐ြာအနီး ကားလမ္းေပၚမွာ ေအာင္သုခ ကုန္စည္ပို႔ေဆာင္ေရးယာဥ္လိုင္းက ၆ ဘီးကား ၃ စီးကိုလည္းေကာင္း မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္၊ ဇန္နဝါရီ - ၂၅
ဓါတ္ပုံ - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး