အစားအစာဘေးအန္တရာယ် လုံခြုံမှုအဆင့်တွင် နိုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၇၈ နေရာတွင်ရှိ

အစားအစာဘေးအန္တရာယ် လုံခြုံမှုအဆင့်တွင် နိုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၇၈ နေရာတွင်ရှိ

၂၀၁၉ ခုနှစ်အတွင်းက ထုတ်ပြန်ထားတဲ့ အစားအသောက် အရည်အသွေးနှင့် လုံခြုံမှုဆိုင်ရာ စစ်ဆေးမှုရလဒ်တွေအရ မြန်မာနိုင်ငံရဲ့ အစားအစာဘေးအန္တရာယ် လုံခြုံမှုဆိုင်ရာအခြေအနေက နိုင်ငံပေါင်း ၁၁၃ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့် ၇၈ မှာသာရှိနေသေးပြီး (Food Safety  Index) အပိုင်းမှာလည်း အဆင့်က ၈၄ မှာသာရှိနေသေးတယ်လို့ ဇန်နဝါရီလ ၁၆ ရက်နေ့က Video conferencing စနစ်ဖြင့် ပြုလုပ်တဲ့ “တတိယအကြိမ်မြောက် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲ” ကနေ သိရပါတယ်။

ဒီအခြေအနေကြောင့် Food Safety အပိုင်းနဲ့ပတ်သက်ရင် မြန်မာနိုင်ငံအနေနဲ့ ယခင်ကာလများနဲ့မတူပဲ အထူးအလေးထားဆောင်ရွက်ရမယ့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးအေးဝင်း က ပြောခဲ့ပါတယ်။

“Food Safety အပိုင်းနဲ့ပတ်သက်လို့ ကျနော်တို့နိုင်ငံအနေနဲ့တော့ ယခင်ကာလများနဲ့မတူပဲနဲ့ အထူးအလေးထားဆောင်ရွက်ရမယ့်အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်။ကျနော်တို့အနေနဲ့ ဒါက အထပ်ထပ်ပြောနေတဲ့စကားရှိပါတယ်။အဲ့ဒါကတော့ အစားအသောက်နဲ့ ဆက်စပ်လုပ်ငန်းတွေဟာ ကျနော်တို့နိုင်ငံအတွက် အလားအလာကောင်းတဲ့ အရေးကြီးတဲ့ ပင်မစီးပွားရေးကဏ္ဍတစ်ရပ်ဖြစ်တဲ့အပြင် ပြည်သူများ အစားအသောက်ဖူလုံရေးအတွက်လည်း မည်သည့်အစိုးရလက်ထက်မှာမဆို အလေးထားဆောင်ရွက်ရမယ့် ကဏ္ဍလည်းဖြစ်ပါတယ်။လက်ရှိမှာလည်း စားသောက်ကုန်လုပ်ငန်းတွေအနေနဲ့က အသစ်တီထွင်ကြံဆထုတ်လုပ်ရန် မစွမ်းနိုင်ပဲနဲ့ အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တဲ့ အစားအသောက်ဘေးအန္တရယ်ကင်းရှင်းဆိုင်ရာ လိုက်နာရမယ့် အချက်တွေကိုတောင် ကျနော်တို့ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ပြည့်မီအောင် မစွမ်းဆောင်နိုင်တဲ့ အခြေအနေတစ်ရပ်မှာ ရှိနေတာဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ သတင်းတွေအရ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံမှာ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းထားတွေက နေ့စဉ်မြင့်တက်လာနေပြီးတော့ လက်ရှိမှာလည်း ကျနော်တို့နိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားမှုတို့ ဘာတို့ကလည်း အတော်လေးမြင့်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်။
ဒီအတွက်လည်း ဆေးဝါးကုသမှုဆိုင်ရာ ကုန်ကျစရိတ်တွေက တစ်ဦးချင်းအတွက်ရော နိုင်ငံတော်အတွက်ပါ ကြီးမားတဲ့သက်ရောက်မှုရှိနေပါတယ်။” လို့ ဆိုပါတယ်။

လက်ရှိတွင် FDA အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စားသောက်မှုများတဲ့ အစားသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စျေးကွက်ထောက်လှမ်းရေးစီမံချက်ကိုရေးဆွဲပြီး ပညာပေးဆာင်ရွက်မှုတွေကို လုပ်ဆောင်နေသလို ယင်းစီမံကိန်းတွင် သင်တန်းများပို့ချခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ကိုလည်း ပူးတွဲဆောင်ရွက်နေတယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော် က ဆိုပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စားသောက်မှုများတဲ့ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စျေးကွက်ထောက်လှမ်းရေးစီမံချက်ကိုရေးဆွဲပြီး ပညာပေး‌ဆောင်ရွက်နေပါတယ်။ဒီစီမံကိန်းမှာဆိုရင် သင်တန်းတွေပို့ချခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း အရေးယူဆောင်ရွက်ခြင်းတို့ကိုလည်း ပူးတွဲဆောင်ရွက်နေပါတယ်။ FDA အနေနဲ့ ပြည်သူလူထုစားသုံးမှုများတဲ့ မြန်မာ့ရိုးရာအစားအသောက်များဖြစ်တဲ့ လက်ဖက်၊ ငပိ စတဲ့ ဘေးအန္တရယ်ကင်းရှင်းရေးဆိုင်ရာ စျေးကွက်ထောက်လှမ်းစစ်ဆေးခြင်းကိုလည်း ရှေ့ဆက်လက်ဆောင်ရွက်မယ့် စီမံချက်အနေနဲ့ ရေးဆွဲအကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။လှည့်လှည်စစ်ဆေးဖို့ အတွက် ရွှေ့လျှားဓါတ်ခွဲခန်းယာဉ် ၁၄ စီးကိုလည်း ပြည်နယ်နဲ့ တိုင်း ၁၄ ခုမှာ ထားရှိပါတယ်။ FDA အနေနဲ့ အစားသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းလုပ်ငန်းများဆိုင်ရာကို ဆောင်ရွက်ရာမှာ လွယ်ကူချောမွေ့စေရေးအတွက် e-Submission အွန်လိုင်းစနစ်ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စတင်ကျင့်သုံးတော့မှာဖြစ်ပါတယ်။အဲ့ဒီစနစ်မှာ လုပ်ငန်းများအတွက် အဆင်ပြေစေရန် ဖြေလျှော့ထားမှုတွေကိုလည်း ထည့်သွင်းထားပါတယ်။”

Video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့တဲ့ “တတိယအကြိမ်မြောက် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲ” သို့ တတ်သိပညာရှင်များအပါအဝင် စိတ်ပါဝင်စားသူ လူဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြပြီး  အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် လိုက်နာဆောင်ရွက်ရန်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း၊ မေရတနာမိုး
ရန်ကုန်၊ ဇန်နဝါရီ - ၂၀

( Zawgyi )

၂၀၁၉ ခုႏွစ္အတြင္းက ထုတ္ျပန္ထားတဲ့ အစားအေသာက္ အရည္အေသြးႏွင့္ လုံၿခဳံမႈဆိုင္ရာ စစ္ေဆးမႈရလဒ္ေတြအရ ျမန္မာႏိုင္ငံရဲ႕ အစားအစာေဘးအႏၲရာယ္ လုံၿခဳံမႈဆိုင္ရာအေျခအေနက ႏိုင္ငံေပါင္း ၁၁၃ ႏိုင္ငံတြင္ ျမန္မာႏိုင္ငံက အဆင့္ ၇၈ မွာသာရွိေနေသးၿပီး (Food Safety  Index) အပိုင္းမွာလည္း အဆင့္က ၈၄ မွာသာရွိေနေသးတယ္လို႔ ဇန္နဝါရီလ ၁၆ ရက္ေန႔က Video conferencing စနစ္ျဖင့္ ျပဳလုပ္တဲ့ “တတိယအႀကိမ္ေျမာက္ က်န္းမာေရးႏွင့္ညီၫြတ္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းေသာ စားေသာက္ကုန္မ်ားဆီသို႔ ေဆြးေႏြးပြဲ” ကေန သိရပါတယ္။

ဒီအေျခအေနေၾကာင့္ Food Safety အပိုင္းနဲ႔ပတ္သက္ရင္ ျမန္မာႏိုင္ငံအေနနဲ႔ ယခင္ကာလမ်ားနဲ႔မတူပဲ အထူးအေလးထားေဆာင္႐ြက္ရမယ့္ အေျခအေနကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ စားေသာက္ကုန္ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း ဥကၠဌ ဦးေအးဝင္း က ေျပာခဲ့ပါတယ္။

“Food Safety အပိုင္းနဲ႔ပတ္သက္လို႔ က်ေနာ္တို႔ႏိုင္ငံအေနနဲ႔ေတာ့ ယခင္ကာလမ်ားနဲ႔မတူပဲနဲ႔ အထူးအေလးထားေဆာင္႐ြက္ရမယ့္အေျခအေန ေရာက္ေနၿပီျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။က်ေနာ္တို႔အေနနဲ႔ ဒါက အထပ္ထပ္ေျပာေနတဲ့စကားရွိပါတယ္။အဲ့ဒါကေတာ့ အစားအေသာက္နဲ႔ ဆက္စပ္လုပ္ငန္းေတြဟာ က်ေနာ္တို႔ႏိုင္ငံအတြက္ အလားအလာေကာင္းတဲ့ အေရးႀကီးတဲ့ ပင္မစီးပြားေရးက႑တစ္ရပ္ျဖစ္တဲ့အျပင္ ျပည္သူမ်ား အစားအေသာက္ဖူလုံေရးအတြက္လည္း မည္သည့္အစိုးရလက္ထက္မွာမဆို အေလးထားေဆာင္႐ြက္ရမယ့္ က႑လည္းျဖစ္ပါတယ္။လက္ရွိမွာလည္း စားေသာက္ကုန္လုပ္ငန္းေတြအေနနဲ႔က အသစ္တီထြင္ႀကံဆထုတ္လုပ္ရန္ မစြမ္းႏိုင္ပဲနဲ႔ အေျခခံအက်ဆုံးလိုအပ္ခ်က္ျဖစ္တဲ့ အစားအေသာက္ေဘးအႏၲရယ္ကင္းရွင္းဆိုင္ရာ လိုက္နာရမယ့္ အခ်က္ေတြကိုေတာင္ က်ေနာ္တို႔ ပြင့္ပြင့္လင္းလင္းတင္ျပရရင္ ျပည့္မီေအာင္ မစြမ္းေဆာင္ႏိုင္တဲ့ အေျခအေနတစ္ရပ္မွာ ရွိေနတာျဖစ္ပါတယ္။ကမာၻ႔က်န္းမာေရးအဖြဲ႕က ထုတ္ျပန္ထားတဲ့ သတင္းေတြအရ အစီရင္ခံစာေတြအရ ျမန္မာႏိုင္ငံမွာ ကူးစက္ေရာဂါမဟုတ္တဲ့ ေရာဂါေတြေၾကာင့္ ေသဆုံးမႈႏႈန္းထားေတြက ေန႔စဥ္ျမင့္တက္လာေနၿပီးေတာ့ လက္ရွိမွာလည္း က်ေနာ္တို႔ႏိုင္ငံမွာ ကင္ဆာေရာဂါျဖစ္ပြားမႈတို႔ ဘာတို႔ကလည္း အေတာ္ေလးျမင့္တဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေနပါတယ္။
ဒီအတြက္လည္း ေဆးဝါးကုသမႈဆိုင္ရာ ကုန္က်စရိတ္ေတြက တစ္ဦးခ်င္းအတြက္ေရာ ႏိုင္ငံေတာ္အတြက္ပါ ႀကီးမားတဲ့သက္ေရာက္မႈရွိေနပါတယ္။” လို႔ ဆိုပါတယ္။

လက္ရွိတြင္ FDA အေနနဲ႔ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ စားေသာက္မႈမ်ားတဲ့ အစားေသာက္မ်ား ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ ေစ်းကြက္ေထာက္လွမ္းေရးစီမံခ်က္ကိုေရးဆြဲၿပီး ပညာေပးဆာင္႐ြက္မႈေတြကို လုပ္ေဆာင္ေနသလို ယင္းစီမံကိန္းတြင္ သင္တန္းမ်ားပို႔ခ်ျခင္း၊ ေရွာင္တခင္စစ္ေဆးျခင္းႏွင့္ အေရးယူေဆာင္႐ြက္ျခင္းတို႔ကိုလည္း ပူးတြဲေဆာင္႐ြက္ေနတယ္လို႔ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) ၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡ ေဒါက္တာခင္ေဇာ္ က ဆိုပါတယ္။

“တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ စားေသာက္မႈမ်ားတဲ့ အစားအေသာက္မ်ား ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ ေစ်းကြက္ေထာက္လွမ္းေရးစီမံခ်က္ကိုေရးဆြဲၿပီး ပညာေပး‌ေဆာင္႐ြက္ေနပါတယ္။ဒီစီမံကိန္းမွာဆိုရင္ သင္တန္းေတြပို႔ခ်ျခင္း၊ ေရွာင္တခင္စစ္ေဆးျခင္း အေရးယူေဆာင္႐ြက္ျခင္းတို႔ကိုလည္း ပူးတြဲေဆာင္႐ြက္ေနပါတယ္။ FDA အေနနဲ႔ ျပည္သူလူထုစားသုံးမႈမ်ားတဲ့ ျမန္မာ့႐ိုးရာအစားအေသာက္မ်ားျဖစ္တဲ့ လက္ဖက္၊ ငပိ စတဲ့ ေဘးအႏၲရယ္ကင္းရွင္းေရးဆိုင္ရာ ေစ်းကြက္ေထာက္လွမ္းစစ္ေဆးျခင္းကိုလည္း ေရွ႕ဆက္လက္ေဆာင္႐ြက္မယ့္ စီမံခ်က္အေနနဲ႔ ေရးဆြဲအေကာင္အထည္ေဖာ္သြားမွာျဖစ္ပါတယ္။လွည့္လွည္စစ္ေဆးဖို႔ အတြက္ ေ႐ႊ႕လွ်ားဓါတ္ခြဲခန္းယာဥ္ ၁၄ စီးကိုလည္း ျပည္နယ္နဲ႔ တိုင္း ၁၄ ခုမွာ ထားရွိပါတယ္။ FDA အေနနဲ႔ အစားေသာက္ေဘးအႏၲရာယ္ကင္းရွင္းေရးနဲ႔ပတ္သက္ၿပီး ျပည္သူမ်ား အစားအေသာက္ေဘးအႏၲရာယ္ကင္းရွင္းလုပ္ငန္းမ်ားဆိုင္ရာကို ေဆာင္႐ြက္ရာမွာ လြယ္ကူေခ်ာေမြ႕ေစေရးအတြက္ e-Submission အြန္လိုင္းစနစ္ကို အေကာင္ထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိၿပီး စတင္က်င့္သုံးေတာ့မွာျဖစ္ပါတယ္။အဲ့ဒီစနစ္မွာ လုပ္ငန္းမ်ားအတြက္ အဆင္ေျပေစရန္ ေျဖေလွ်ာ့ထားမႈေတြကိုလည္း ထည့္သြင္းထားပါတယ္။”

Video conferencing စနစ္ျဖင့္ က်င္းပျပဳလုပ္ခဲ့တဲ့ “တတိယအႀကိမ္ေျမာက္ က်န္းမာေရးႏွင့္ညီၫြတ္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းေသာ စားေသာက္ကုန္မ်ားဆီသို႔ ေဆြးေႏြးပြဲ” သို႔ တတ္သိပညာရွင္မ်ားအပါအဝင္ စိတ္ပါဝင္စားသူ လူဦးေရ (၂၀၀) ခန႔္ တက္ေရာက္ခဲ့ၾကၿပီး  အစားအေသာက္ေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ ကိစၥရပ္မ်ားအပါအဝင္ လိုက္နာေဆာင္႐ြက္ရန္မ်ား၊ ေရွ႕ဆက္ေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ားအား သုံးသပ္ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း၊ ေမရတနာမိုး
ရန္ကုန္၊ ဇန္နဝါရီ - ၂၀