အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာသင်ပေးနေတဲ့ ပိစ်ကော့စေတနာ့ဝန်ထမ်းတွေကို အမေရိကန်ပြန်ခေါ်

အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာသင်ပေးနေတဲ့ ပိစ်ကော့စေတနာ့ဝန်ထမ်းတွေကို အမေရိကန်ပြန်ခေါ်

အခြေခံပညာကျောင်းတွေမှာ င်္ဂလိပ်စာသင်ပေးနေတဲ့ အမေရိကန်နိုင်ငံက  ပိစ်ကော့ (Peace Corps) စေတနာ့ဝန်ထမ်း တွေကို ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် အမေရိကန် ပြန်ခေါ်မယ်လို့ ပိစ်ကော့က မတ်လ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ COVID-19 ကြောင့် ပိစ်ကော့လုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဆိုင်းငံ့ထားပြီး ပိစ်ကော့ စေတနာ့ ဝန်ထမ်းတွေ ကို တာဝန်ထမ်းဆောင်နေတဲ့နိုင်ငံတွေကနေ အမေရိကန်ကို ပြန်ခေါ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပိစ်ကော့ စေတနာ့ဝန်ထမ်း ၅၀ ကျော်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်က အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ ၂၀၁၆ ကစတင်ပြီး အင်္ဂလိပ်စာ သင်ကြားပေးနေတာဖြစ်ပါတယ်။လက်ရှိ မြန်မာနိုင်ငံက ကျောင်းတွေမှာ ပိစ်ကော့ စေတနာ့ဝန်ထမ်း ၅၈ ဦး တာဝန်ထမ်းဆောင်နေပြီး ပိစ်ကော့စေတနာ့ ဝန်ထမ်းအသစ် ၃၄ ဦးလည်း ထပ်မံရောက်ရှိနေပါတယ်။ Peace Corps စေတနာ့ဝန် ထမ်းတွေ စေလွှတ်ခြင်းဆိုင်ရာ သဘောတူ စာချွန်လွှာကို  အမေရိကန်နဲ့ မြန်မာအစိုးရကြား ၂၀၁၄ မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ ၂၀၁၄ခုနှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ PeaceCorps အစီအစဉ်ကို မြန်မာနိုင်ငံ မှာ အကောင်အထည် ဖော်မယ်လို့ ကြေညာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။Peace Corps အဖွဲ့ ကို အမေရိကန် သမ္မတဟောင်း ဂျွန် အက်ဖ်ကနေဒီ အမိန့်နဲ့ ၁၉၆၁မတ်လ ၁ ရက်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ Peace Corps အစီအစဉ် အကောင်အထည်ဖော်တဲ့ ၁၄၁ နိုင်ငံမြောက်နိုင်ငံလည်းဖြစ်ပါတယ်။

ဇေယျာမော်
ဓါတ်ပုံ- Peace Corps Myanmar
ရန်ကုန် ၊ မတ် ၁၈

(  Zawgyi  )

 အေျခခံပညာေက်ာင္းေတြမွာ ဂၤလိပ္စာသင္ေပးေနတဲ့ အေမရိကန္ႏိုင္ငံက  ပိစ္ေကာ့ (Peace Corps) ေစတနာ့ဝန္ထမ္း ေတြကို ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေၾကာင့္ အေမရိကန္ ျပန္ေခၚမယ္လို႔ ပိစ္ေကာ့က မတ္လ ၁၈ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။ COVID-19 ေၾကာင့္ ပိစ္ေကာ့လုပ္ငန္းစဥ္ေတြကို ျမန္မာႏိုင္ငံ အပါအဝင္ ကမာၻတစ္ဝန္းလုံးမွာ ဆိုင္းငံ့ထားၿပီး ပိစ္ေကာ့ ေစတနာ့ ဝန္ထမ္းေတြ ကို တာဝန္ထမ္းေဆာင္ေနတဲ့ႏိုင္ငံေတြကေန အေမရိကန္ကို ျပန္ေခၚမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ပိစ္ေကာ့ ေစတနာ့ဝန္ထမ္း ၅၀ ေက်ာ္ဟာ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးနဲ႔ မြန္ျပည္နယ္က အေျခခံပညာအထက္တန္း၊ အလယ္တန္းေက်ာင္းေတြမွာ ၂၀၁၆ ကစတင္ၿပီး အဂၤလိပ္စာ သင္ၾကားေပးေနတာျဖစ္ပါတယ္။လက္ရွိ ျမန္မာႏိုင္ငံက ေက်ာင္းေတြမွာ ပိစ္ေကာ့ ေစတနာ့ဝန္ထမ္း ၅၈ ဦး တာဝန္ထမ္းေဆာင္ေနၿပီး ပိစ္ေကာ့ေစတနာ့ ဝန္ထမ္းအသစ္ ၃၄ ဦးလည္း ထပ္မံေရာက္ရွိေနပါတယ္။ Peace Corps ေစတနာ့ဝန္ ထမ္းေတြ ေစလႊတ္ျခင္းဆိုင္ရာ သေဘာတူ စာခြၽန္လႊာကို  အေမရိကန္နဲ႔ ျမန္မာအစိုးရၾကား ၂၀၁၄ မွာ လက္မွတ္ေရးထိုးခဲ့တာပါ။

အေမရိကန္သမၼတေဟာင္း အိုဘားမားရဲ႕ ၂၀၁၄ခုႏွစ္ ျမန္မာႏိုင္ငံ ခရီးစဥ္အတြင္းမွာ PeaceCorps အစီအစဥ္ကို ျမန္မာႏိုင္ငံ မွာ အေကာင္အထည္ ေဖာ္မယ္လို႔ ေၾကညာခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာ စတင္ေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။Peace Corps အဖြဲ႕ ကို အေမရိကန္ သမၼတေဟာင္း ဂြၽန္ အက္ဖ္ကေနဒီ အမိန႔္နဲ႔ ၁၉၆၁မတ္လ ၁ ရက္မွာ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ျမန္မာႏိုင္ငံဟာ Peace Corps အစီအစဥ္ အေကာင္အထည္ေဖာ္တဲ့ ၁၄၁ ႏိုင္ငံေျမာက္ႏိုင္ငံလည္းျဖစ္ပါတယ္။

ေဇယ်ာေမာ္
ဓါတ္ပုံ- Peace Corps Myanmar
ရန္ကုန္ ၊ မတ္ ၁၈