သင်္ကြန်အပါအဝင် ပွဲလမ်းသဘင်တွေလုပ်ခွင့်ကို ဧပြီလကုန်အထိ ပိတ်ပင်ကြောင်း အစိုးရ ကြေညာ

သင်္ကြန်အပါအဝင် ပွဲလမ်းသဘင်တွေလုပ်ခွင့်ကို ဧပြီလကုန်အထိ ပိတ်ပင်ကြောင်း အစိုးရ ကြေညာ

မြန်မာရိုးရာ သင်္ကြန်ပွဲတော်နဲ့ လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနား ပွဲလမ်းသဘင်တွေကို ကျင်းပပြုလုပ်ခြင်းမပြုဖို့ အစိုးရက မတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာတရားဝင်ကြေညာလိုက်ပါတယ်။“ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန် ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင်) မပြုလုပ်ကြရန်” ဆိုပြီး အစိုးရက ထုတ်ပြန်လိုက်တာပါ။

ဒီပွဲလမ်းသဘင်အခမ်းအနားတွေကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်နေ့အထိ ကျင်းပခွင့် မပြုဘဲ ရပ်ဆိုင်းထားဖို့ သက်ဆိုင်ရာ ဌာနတွေကို ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သတ်မှတ်သွားမှာလည်း ဖြစ်ပါတယ်။အစိုးရအနေနဲ့ COVID-19 ကြောင့် ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီကို အမျိုးသားအဆင့် ဗဟိုကော်မတီအဖြစ် တိုးချဲ့ ဖွဲ့စည်း ပြီး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကို ဓါတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရသေးပဲ ဓါတ်ခွဲအဖြေ သတင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးနေတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ပြည်သူလူထု အနေနဲ့လည်း စိုးရိမ်ကြောက်လန့်အောင် မမှန်သတင်းဖြန့်ဝေနေတဲ့ ကောလာဟလတွေကို မယုံကြည့်ဖို့ COVID-19 ရောဂါ မဖြစ်ပွားဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြားထားတဲ့အချက်တွေကိုတိုတိကျကျ လိုက်နာဖို့ မိမိပတ်ဝန်းကျင်မှာ သံသယ လူနာ တွေ့ရှိပါက မြို့နယ် ၊ ကျေးရွာ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် နီးစပ်ရာ ကျန်းမာရေးဌာနကို သတင်းပို့ဖို့ အစိုးရက တိုက်တွန်းထား ပါတယ်။

ဇေယျာမော်
ရန်ကုန် ၊မတ် ၁၃

(  Zawgyi  )

 ျမန္မာ႐ိုးရာ သၾကၤန္ပြဲေတာ္နဲ႔ လူစုလူေဝးနဲ႔က်င္းပတဲ့ အခမ္းအနား ပြဲလမ္းသဘင္ေတြကို က်င္းပျပဳလုပ္ျခင္းမျပဳဖို႔ အစိုးရက မတ္လ ၁၃ ရက္ေန႔ ေန႔လည္ပိုင္းမွာတရားဝင္ေၾကညာလိုက္ပါတယ္။“ျပည္သူလူထုအေနျဖင့္ လူစုလူေဝးျဖင့္ က်င္းပေသာ အခမ္းအနားမ်ား ၊ ပြဲလမ္းသဘင္မ်ား (ျမန္မာ့႐ိုးရာသၾကၤန္ ပြဲေတာ္အတြက္ မ႑ပ္ေဆာက္လုပ္ၿပီး က်င္းပျခင္းအပါအဝင္) မျပဳလုပ္ၾကရန္” ဆိုၿပီး အစိုးရက ထုတ္ျပန္လိုက္တာပါ။

ဒီပြဲလမ္းသဘင္အခမ္းအနားေတြကို ၂၀၂၀ ျပည့္ႏွစ္ ဧၿပီ ၃၀ ရက္ေန႔အထိ က်င္းပခြင့္ မျပဳဘဲ ရပ္ဆိုင္းထားဖို႔ သက္ဆိုင္ရာ ဌာနေတြကို ၫႊန္ၾကားထားၿပီး လိုအပ္ပါက ရပ္ဆိုင္းကာလကို ထပ္မံတိုးျမႇင့္သတ္မွတ္သြားမွာလည္း ျဖစ္ပါတယ္။အစိုးရအေနနဲ႔ COVID-19 ေၾကာင့္ ျဖစ္ပြားတဲ့ အဆုတ္ေရာင္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးဗဟိုေကာ္မတီကို အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီအျဖစ္ တိုးခ်ဲ႕ ဖြဲ႕စည္း ၿပီး ေဆာင္႐ြက္ေနတယ္လို႔ ထုတ္ျပန္ေၾကညာထားပါတယ္။

လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကို ဓါတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိရေသးပဲ ဓါတ္ခြဲအေျဖ သတင္းေတြကို က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေပးေနတယ္လို႔ အစိုးရရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ျပည္သူလူထု အေနနဲ႔လည္း စိုးရိမ္ေၾကာက္လန႔္ေအာင္ မမွန္သတင္းျဖန႔္ေဝေနတဲ့ ေကာလာဟလေတြကို မယုံၾကည့္ဖို႔ COVID-19 ေရာဂါ မျဖစ္ပြားဖို႔အတြက္ က်န္းမာေရးဝန္ႀကီးဌာနက ၫြန္ၾကားထားတဲ့အခ်က္ေတြကိုတိုတိက်က် လိုက္နာဖို႔ မိမိပတ္ဝန္းက်င္မွာ သံသယ လူနာ ေတြ႕ရွိပါက ၿမိဳ႕နယ္ ၊ ေက်း႐ြာ ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကေနတဆင့္ နီးစပ္ရာ က်န္းမာေရးဌာနကို သတင္းပို႔ဖို႔ အစိုးရက တိုက္တြန္းထား ပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္ ၊မတ္ ၁၃